နောက်ဆုံးရ အာဆင်နယ် သတင်းများ (11Jan)

ကိုလာစီနက်ကို ကွင်းလယ်ပို့ကစားဖို့ထိ အာတီတာစဥ်းစားခဲ့

ကွင်းလယ်ကစားသမားတွေမရှိတဲ့အတွက်  အာတီတာဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ  ကိုလာစီနက်ကို ကွင်းလယ်ပို့ကစားဖို့ စဥ်းစားခဲ့တယ်လို့  The Athletic က ဖော်ပြလာပါတယ်။ ဒါပေမယ့် လူငယ်လေး ပါတီနိုကိုပဲ စွန့်စားသုံးစွဲဖို့ အဆုံးမှာဆုံးဖြတ်ခဲ့ပြီး  လိုကွန်ဂါနဲ့အတူပွဲထုတ်ခဲ့ပါတယ်။ ပွဲတွင်းမှာတော့ ကွင်းလယ်ဟာ Balance မဖြစ်ခဲ့ပဲစွမ်းဆောင်ရည်လဲအားနဲခဲ့ပါတယ်။

ဘာလိုဂန် ဘိုရို ရောက်ပါပြီ

မစ်ဒယ်ဘရော့အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ   ဘာလိုဂန်ရဲ့ အငှားစာချုပ်အတွက်သဘောတူညီမှုရရှိခဲ့ကြပြီလို့ သိရပါတယ်။ စာချုပ်ပါအချက်အလက်အရ ဘာလိုဂန်ရဲ့ လစာတစ်စိတ်တစ်ပိုင်းကို ဘိုရိုတို့က ပေးချေသွားမယ်လို့ သိရပြီး အခုအပြောင်းအရွေ့အတွက် ဒုတိယမြောက်ခေါ်ယူမှုဖြစ်တယ်လို့သတင်းများကဖော်ပြနေကြပါတယ်။

လိုက်ဇစ်နောက်ခံလူကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်

The Athletic ဖော်ပြချက်အရ အာဆင်နယ်တို့ဟာ  လိုက်ဇစ် အသင်းရဲ့ နောက်ခံလူ   နော်ဒီ မူကီလီ ကိုစိတ်ဝင်စားနေတယ်လို့  သိရပါတယ်။ မူကီလီဟာ လိုက်စ် အသင်းအတွက် အဓိကကျတဲ့ ကစားသမားဖြစ်ပြီး ပွဲပေါင်း ၁၁၉ ပွဲကစားထားပြီး  ၁၀ ဂိုးသွင်းပေးထားနိုင်သူဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြင်သစ် လက်ရွေးစင်အတွက် အာဆင်နယ်တို့ဟာ ပေါင် ၂၅ သန်းခန့် ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

Advertisements

အန်ကတ်တီယာကို ဝေဖန်တဲ့ အီယန်ရိုက်

အာဆင်နယ် ဂန္တဝင်ကြီး အီယန်ရိုက်က The Daily Mail နဲ့တွေ့ဆုံရာမှာ ဖော်ရက်စ်နဲ့ပွဲက အန်ကတ်တီယာရဲ့ စွမ်းဆောင်ရည်ကို အခုလိုပဲ သုံးသပ်သွားခဲ့ပါတယ်။

“ သူ့ရဲ့နေရာယူပုံ ၊ လှုပ်ရှားပုံတွေဟာ တော်တော်လေးအားနဲတယ်လို့ ကျွန်တော်ထင်ပါတယ်။ အယ်လေ (ပူးတွဲတင်ဆက်သူ) နဲ့ ကျွန်တော်ပြောဖြစ်ကြပါသေးတယ်။ သူအခွင့်အရေးတွေရခဲ့တယ်၊ ဒါပေမယ့် အဲ့တာလဲအဆင်မပြေခဲ့ပါဘူး။ သူခုထက်ပိုပြီး ထက်မြတ်ဖို့လိုပါသေးတယ် “ လို့ပြောခဲ့တာပါ။ အန်ကတ်တီယာ  FA ပွဲစဥ်အပြီးမှာ ပရိတ်သတ်တွေအပါအဝင်  ဘောလုံးတင်ဆက်သူအများအပြားရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

မာရီကို စိတ်ဝင်စားနေတဲ့ ဗီလာရီးရဲ

Tutto Marcarto Web ရဲ့ဖော်ပြချက်အရ  အာဆင်နယ်က ထွက်ခွာဖို့ရှိနေတဲ့ နောက်ခံပါ ပါဘလိုမာရီကို နည်းပြဟောင်း အမ်မရီက  စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဗီလာရီးရဲနည်းပြဟာ သူ့ရဲ့အသင်းကနေထွက်ခွာဖို့ရှိနေတဲ့  ပေါလ်တောရက်စ်ရဲ့နေရာကို မာရီနဲ့အစားထိုးဖို့ လျာထားတာဖြစ်တယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: