အာဆင်နယ်ရဲ့ တိုက်စစ်မှူးသစ်ရှာဖွေရေး ရေဒါထဲက ပစ်မှတ်တွေက ဘယ်သူတွေလဲ

အာတီတာဟာ တိုက်စစ်မှူးသစ်တစ်ယောက် ရှာဖွေနေတယ်ဆိုတာ အားလုံးအသိပါပဲ။ ကွင်းလယ်နဲ့ ချိတ်ဆက်ကစားတတ်ပြီး ဂိုးဧရိယာထဲကို အရှိန်အဟုန်နဲ့ ပြေး၀င်ကာ အခွင့်အရေးတွေကို အဆုံးသတ်မယ့် တိုက်စစ်မှူးတစ်ဦးကို အာဆင်နယ်ဟာ လိုအပ်နေတာ ဖြစ်ပါတယ်။ 

ဗလာဟိုဗစ်၊ ကဲလ်ဗတ်လီ၀င်းနဲ့အလက်ဇန်းဒါးအိုင်းဆက်ခ်တို့ဟာ အာဆင်နယ်ရဲ့ အဓိကပစ်မှတ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားသော တိုက်စစ်မှုးအများအပြားကိုလည်း ခေါ်ယူဖို့ သတင်းတွေဟာ မီဒီယာတွေထက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ 

တကယ်လို့ အဓိက ပစ်မှတ်တွေကိုသာ အာဆင်နယ်အနေနဲ့ မခေါ်ယူနိုင်ခဲ့ရင် အခြားခေါ်ယူနိုင်ဖွယ်ရှိတဲ့ တိုက်စစ်မှူးတွေကို စုစည်း ဖော်ပြလိုက်ရပါတယ်။ Rumours  ပေါင်းချုပ်လို့လဲဆိုနိုင်တာကြောင့် အချိန်ကုန်မယ်လို့ယူဆရင်တော့ အားနာမိပါတယ်။

မတ်သီးယပ်စ်အရီဇို(ရစ်ဗားပလိတ်) 

၁၉နှစ်သားသာရှိသေးတဲ့၊အလားအလာများစွာရှိတဲ့ လူငယ် တိုက်စစ်မှူး‌လေးကို အသင်းရဲ့ အနာဂတ်အတွက် အာဆင်နယ်ဟာ ခေါ်ယူနိုင်ပါတယ်။ ကစားသမားဟာ ၂၀၂၁ခုနှစ်မှာ ၂၉ ပွဲကစား ၁၅ဂိုးသွင်းယူထားနိုင်ပြီး သူ့အသက်အရွယ်နဲ့ယှဉ်ရင် မဆိုးလှတဲ့ ‌ခြေစွမ်းကို ပြသထားနိုင်သူဖြစ်ပါတယ်။ 

သူ့အရပ်ဟာ ၅ပေ ၁၁လက်မ ရှိပြီး အရမ်းအရပ်ရှည်တဲ့ ကစားသမား မဟုတ်ပေမယ့် ပြိုင်ဘက် နောက်ခံလူတွေကြား 

သူ့ရဲ့နေရာယူပုံကြောင့် ခေါင်းတိုက်သွင်းဂိုးတွေ အများအပြားရယူထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ အသက်အရွယ် ငယ်ရွယ်သေးတာရယ်၊ ပိုပြီး ကြိုးစားဖို့ လိုသေးတာရယ်ပဲ ရှိတာဖြစ်ပါတယ်။ 

အာတီတာလိုချင်နေတဲ့ ချက်ချင်း အသုံးပြုလို့ရမယ့် တိုက်စစ်မှူးမျိုးတော့မဟုတ်ပါပေမယ့်လည်း အသင်းရဲ့ လူငယ်အစုအဖွဲ့ကို အင်အားဖြည့်တင်းဖို့ဆိုရင်တော့ ခေါ်ယူနိုင်ချေရှိပါတယ်။ 

Advertisements

ဂီရာကိုမို ရက်စ်ပါဒိုရီ(ဆာဆူအိုလို) 

နာမည်ထူးထူးဆန်းဆန်းနဲ့ အသက်၂၁နှစ်အရွယ် တိုက်စစ်မှူးကို အာဆင်နယ်က စောင့်ကြည့်နေခဲ့တာဟာ ကာလတစ်ခု ရှိပါပြီ။ အလားအလာ ရှိတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး အာဆင်နယ်မှာသာ ကစားခွင့်ရခဲ့ရင် ပိုပြီးထွန်းတောက်နိုင်မယ့် ကြယ်ပွင့်တစ်ပွင့်လို့ ယူဆနိုင်ပါတယ်။ 

ဘောလုံး အထိန်းအသိမ်းနဲ့အလိမ်အခေါက်တွေမှာသာမက တိုက်စစ်မှူးတစ်ဦးအနေနဲ့ ဘောလုံးပေးပို့ပုံတွေမှာပါ အတော်လေး ကောင်းမွန်တဲ့ ကစားသမားဖြစ်ပါတယ်။ပွဲတစ်ပွဲမှာ Key Pass နှစ်ခုလောက် ပြုလုပ်နိုင်သူဖြစ်ပြီး အခြားသော စိတ်၀င်စားစရာ ကောင်းတဲ့ အချက်အလက်တွေများစွာကို ကစားသမားဟာ ပိုင်ဆိုင်ထားပါတယ်။ 

လက်ရှိရာသီ စီးရီးအေမှာ သွင်းဂိုးလေးဂိုး၊ဂိုးဖန်တီးမှု ၄ကြိမ်သာ ရထားပေမယ့် ဆော်ဆူအိုလို တိုက်စစ်မှူးဟာ ပွဲထွက်လူစာရင်းမှာ အမြဲပါ၀င်ခွင့်ရခဲ့တာမဟုတ်တာကြောင့်လည်း ဒီလောက်စွမ်းဆောင်ရည်ကိုသာ မြင်တွေ့ရတာဖြစ်နိုင်ချေရှိပါတယ်။ 

အဒမ် ဟလိုဇက်ခ်(စပါတာ ပရဂ်) 

ချက်လက်ရွေးစင်တိုက်စစ်မှူးဟာ နောက်ချန်တိုက်စစ်မှူးနေရာမှာ အဓိက ကစားလေ့ရှိပြီး အထောင်တိုက်စစ်မှာလည်း ကစားနိုင်စွမ်းရှိပါတယ်။ အရပ်အမောင်းမြင့်မားပြီး ကြံခိုင်မှုအတော်အသင့်ကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ လက်ရှိရာသီမှာ ၁၈ပွဲ ကစားရမှာ ခြောက်ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှုကတော့ ၁၂ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ 

အာဆင်နယ် အဓိက ရှာဖွေနေတာဟာ အထောင်တိုက်စစ်မှူးဖြစ်ပေမယ့် အဒမ်ဟလိုဇက်ဟာ အသင်းအတွက် အံ၀င်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။လက်ရှိအသင်းမှာ အထောင်တိုက်စစ်မှူး အဖြစ်ကစားနေတဲ့ လာကာဇက်တီရဲ့ ကစားဟန်ကလည်း သွင်းဂိုးတွေအဓိက သွင်းယူဖို့ မဟုတ်ပဲ အသင်းဖော်တွေအတွက် အခွင့်အရေးနဲ့ နေရာလွတ်တွေ ဖန်တီးပေးဖို့ ကွင်းလယ်နဲ့ချိတ်ဆက်ကစားနေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အသက်၁၉နှစ်အရွယ်တိုက်စစ်မှူးဟာ အသင်းနဲ့ ကွက်တိကျတဲ့ ကစားသမားဖြစ်နိုင်သလို အသက်အရွယ်လည်း ငယ်ရွယ်သေးတာကြောင့် အလားအလာကောင်းတွေအများကြီးရှိတဲ့ ကစားသမားတစ်ဦးဖြစ်တာကတော့ အမှန်ပါပဲ။

Ref – 3 under the radar strikers to target in transfer window – pain in the Arsenal

Advertisements
Advertisement

Leave a Reply

%d bloggers like this: