တာဗာရက်စ်ကို စောစောလူစားလဲခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက် ဘယ်လောက်ထိ မှန်ကန်ခဲ့လဲ

မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ FA Cup ပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ နောတမ်ဟန်ဖောရက်စ်‌ကို ရှုံးနိမ့်ခဲ့တာဟာ ပရိသတ်တွေအတွက်တော့ အံအားသင့်စရာနဲ့ စိတ်ပျက်စရာ ရလဒ်တစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ပြောစရာဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကတော့ အာတီတာဟာ တီယာနေးအစား ပွဲထွက်ခွင့်ရခဲ့တဲ့ တာဗာရက်စ်ကို ပွဲချိန်၃၃မိနစ်မှာပဲ တီယာနေးနဲ့ လူစားလဲခဲ့ပါတယ်။ 

လူစားလဲချိန်မှာ တာဗာရက်စ်ဟာ အဝါကတ်လည်း ထိထားခြင်း မရှိသလို ဒဏ်ရာရထားခဲ့ခြင်းလည်း မရှိပါဘူး။သူ့ရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်ကြောင့် အာတီတာဟာ သူ့ကို လူစားလဲခဲ့တာ ဖြစ် ပါတယ်။ ဒုတိယပိုင်းအစလောက်မှာမှမဟုတ်ပဲ ပထမပိုင်းကတည်းက လူစားလဲခံခဲ့ရတာဟာ အနည်းငယ်တော့ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ အာတီတာရဲ့ ဆုံးဖြတ်ချက် အပေါ် တာဗာရက်စ်ဟာ မကျေမနပ်ဖြစ်ခဲ့ပြီး ကွင်းထဲက ထွက်ခွာချိန်မှာ သူ့ရဲ့လက်အိတ်တွေကို မြက်ခင်းပေါ် ပစ်ခဲ့သလို သူ့ကို စကားပြောဖို့ ကြိုးစားတဲ့ နည်းပြအဖွဲ့၀င်တစ်ယောက်ကိုလည်း စကားပြောဖို့ ငြင်းခဲ့ပါတယ်။ 

တာဗာရက်စ်ကို တုံ့ပြန်ပုံနဲ့ ပတ်သက်ပြီး အီယန်ရိုက်ကတော့ မပျော်ရွှင်နေပုံပါပဲ။ ITV နဲ့တွေ့ဆုံမှုမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်းဟာ သူ့ရဲ့အတွေးတွေကို ခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ 

သူ(တာဗာရက်စ်) ကွင်းထဲက ထွက်လာတော့ လက်အိတ်တွေကို အောက်ကို လွှင့်ပစ်လိုက်တယ်။ အာတီတာဟာ သူ ဒီလို တုံ့ပြန်ရမယ့် မန်နေဂျာ မဟုတ်ပါဘူး” 

အဲ့ဒီအချိန်မှာ သူပြုမူခဲ့တဲ့ မလေးမစားလုပ်ရပ်ကို အာတီတာအနေနဲ့သဘောကျမှာမဟုတ်ပါဘူး။ သူ့စွမ်းဆောင်ခဲ့တဲ့ ကွင်းထဲက ခြေစွမ်းနဲ့ဆို ဒါမျိုးပိုမလုပ်ခဲ့သင့်ဘူး လို့ အီယန်ရိုက်ကပြောခဲ့ပါတယ်။ 

Advertisements

ဒီဖြစ်စဉ်ဟာ ကစားပွဲအပေါ် သက်ရောက်မှု အနည်းငယ်တော့ ရှိခဲ့တဲ့ပုံပါပဲ။ အသင်းသားတွေဟာ ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်မကစားနိုင်ခဲ့ပဲ ဒုတိယပိုင်းမှာတော့ သွင်းဂိုးတစ်ဂိုး ခွင့်ပြုလိုက်ရပြီး ပြိုင်ပွဲရဲ့ အောင်မြင်မှုအများဆုံးရထားတဲ့အသင်းဟာ FA Cup ကနေ စော‌စောစီးစီးပဲ လက်ပြထွက်ခွာခဲ့ရပါတယ်။ 

ဒီပွဲစဉ်မှာ ပထမပိုင်းကတည်းက အပြစ်တင်စရာကောင်းတဲ့၊ အားရဖို့ မကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ပရိသတ်အချို့က‌တော့ ပွဲအပြီးမှာ စီဒရစ်၊ ဟိုးလ်ဒင်း၊ အန်ကက်တီးယားတို့ကို အသင်းနဲ့ မထိုက်တန်သူလို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အချို့ကလည်း တာဗာရက်စ်ဟာ ခြေစွမ်းဟာ တကယ်ကို ဆိုးရွားနေတာကြောင့် စောစောစီးစီး လူစားလဲခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ထောက်ခံခဲ့ကြပါတယ်။ အချို့ကတော့ တာဗာရက်စ်ကို ပထမပိုင်း ဆုံးတဲ့ အထိတော့ ကစားခွင့်ပေးသင့်တယ်လို့ သုံးသပ်နေကြ ပါတယ်။ 

မည်သို့ပင်ဆိုစေကာမူ တာဗာရက်စ်ရဲ့ လုပ်ရပ်ဟာ အာတီတာနဲ့ ကလပ်အသင်းအပေါ် လေးစားမှု မရှိခဲ့တဲ့ လုပ်ရပ်ဖြစ်ခဲ့ပါတယ်။ အသင်းခေါင်းဆောင်တစ်ယောက်ကိုတောင်  Attitude နဲ့ပတ်သတ်လာရင်  အလျှော့မပေးတဲ့ အာတီတာ နဲ့ ကစားသမားကြားမှာ ဖြေရှင်းရမယ့် အနေအထားတစ်ခုကိုတော့ရှိလာဖို့များနေပါတယ်။  ကစားသမားကိုယ်တိုင်ကလဲ ကွင်းထဲမှာ ပြီးပြည့်စုံနေတာမျိုးမဟုတ်တဲ့အခါ ပရိတ်သတ်တွေရဲ့ အမြင်မကြည်မှုကိုလဲ အတိုင်းအတာတစ်ခုထိရရှိသွားဖို့များပါတယ်။

Advertisements

Leave a Reply

%d bloggers like this: