ကျွန်တော်တို့ ကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး၊ ဒီအတွက် ဆင်ခြေ မပေးချင်ပါဘူး –  အာတီတာ

နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ပြီး FAဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အာတီတာက သူရဲ့ကစားသမားတွေ အတွက် ဆင်ခြေပေးစရာ မရှိကြောင်း ပြောလာခဲ့ပါတယ်။ 

၂၀၁၉-၂၀၂၀ဘောလုံးရာသီမှာ အာဆင်နယ်ဟာ FAဖလားချန်ပီယံဖြစ်ခဲ့ပေမယ့် မနှစ်ကတော့ ပြိုင်ပွဲစတုတ္ထအဆင့်မှာပဲ ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။ ဒီနှစ်မှာလည်း ချန်ပီယံရှစ်ကလပ်နောတမ်ဟန်ဖောရက်စ်က်ု ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရပြန်ပါတယ်။  တော်တော်လေးအထိနာခဲ့တဲ့ပွဲလို့ဆိုရပါမယ်။

အာတီတာဟာ ဒီပွဲမှာ ဆာကာ၊ အိုဒီဂတ်၊ မာတင်နယ်လီစတဲ့ အဓိက ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့စွမ်း‌ဆောင်ရည်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ပြသခဲ့တဲ့ ခြေစွမ်းနဲ့ ဘာမှမဆိုင်အောင် နိမ့်ကျနေခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ်ကိုးဆယ်အတွင်းမှာ ဂိုးပေါက်တည့်မတ်မှု တစ်ကြိမ်တောင် မရှိခဲ့လောက်အောင် ဆိုးရွားခဲ့ပါတယ်။ 

Advertisements

နောတမ်ဟန်ဖောရက်စ်ကတော့ လူး၀စ်ဂရက်ဘန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ်ကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။  ပွဲအပြီးမှာတော့ အာတီတာက သူရဲ့အသင်းဟာ ကောင်းသင့်သလောက် မကောင်းခဲ့ဘူးလို့ ၀န်ခံခဲ့ပါတယ်။ 

သူတို့အနိုင်ရခဲ့တယ်။ သူတို့ တစ်ဂိုးသွင်းပြီး ကျွန်တော်တို့ မသွင်းနိုင်ခဲ့ဘူး။ကျွန်တော်တို့ ဒီပွဲမှာ မကောင်းခဲ့ပါဘူး။ဒီအတွက် ကျွန်တော်တို့ တောင်းပန်ရပါမယ် ။ ဆင်ခြေစကားတွေ ကျွန်တော်မပြောလိုပါဘူး။ ကျွန်တော်အသင်းကို ဒီထက်ပိုကောင်းဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒီလိုမဖြစ်ခဲ့တဲ့အတွက် ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။” 

ဒီနေ့ ဖောရက်စ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးတော့ အနိုင်ရနိုင်လောက်တဲ့ level ရောက်အောင် ကျွန်တော်တို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါဟာ စုပေါင်း ဖြေရှင်းရမယ့် ကိစ္စတစ်ခုပဲ ဖြစ်ပြီး ဒီနေ့မှာတော့ ကျွန်တော်တို့မလုပ်ခဲ့ပါဘူး အာတီတာက ဆိုပါတယ်။ 

နောက်အဆင့်မှာ နော်တင်ဟမ်ဖောရက်စ်ဟာ မနှစ်ကFAဖလားချန်ပီယံဖြစ်တဲ့ လက်စတာနဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။  အာတီတာရဲ့ ဒီရာသီအဓိက ပစ်မှတ်က ဥရောပဝင်ခွင့်ပါ။ FA ဖလားဟာ  ဆုဖလားတစ်လုံးဖြစ်သလို ၊ ဥေရာပအဆင့်ကိုသွားတဲ့ တံခါးပေါက်လည်းဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အမှတ်ပေးပြိုင်ပွဲမှာအဆင်မပြေခဲ့ရင်​ဒီတံခါးပေါက်ကိုသုံးရတာပါပဲ။ အာဆင်နယ်ကိုယ်တိုင်  ၂၀၂၀ မှာ FA ဖလားကတစ်ဆင့် ဥရောပကိုရောက်ခဲ့တာပါ။ ဒါပေမယ့် လက်ရှိအခြေအနေတွေအရ  အာဆင်နယ်တို့ဟာ အမှတ်ပေးပြိုင်ပွဲကိုသာ အဓိက အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: