အာဆင်နယ်တို့ ဘာကြောင့်ရှုံးခဲ့သလဲ  (နော်တင်ဟမ်နဲ့ပွဲ သုံးသပ်ချက်)

ဝေဖန်သံတွေ ၊ အားမလိုအားမရပြောဆိုမှုတွေ ၊ အဲ့တာတွေထက်ပိုလို့ ပြစ်တင်သံတွေများစွာနဲ့ အတူ  အာဆင်နယ်တို့  FA ဖလားပွဲကနေထွက်လိုက်ရပါပြီ။ ဒါဟာ တကယ်ကို နှမြောစရာကောင်းခဲ့ပါတယ်။ အာဆင်နယ်လို  ပြိုင်ပွဲသမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်းအနေနဲ့ စိတ်ပျက်စရာဖြစ်ခဲ့သလို ၊ လက်ရှိပုံစံကောင်းရနေတဲ့အသင်းတစ်သင်းအနေနဲ့လည်း စိုးရိမ်ရတဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။

အာဆင်နယ်တို့ ဘာဖြစ်သွားခဲ့တာလဲ ၊ ဘာကြောင့်မို့လို့ တောက်လျှောက် Rhythm မှန်နေတဲ့အသင်းက ဂိုးသွင်းခွင့်တစ်ကြိမ်တောင်မရှိပဲ ရှုံးခဲ့ရတာလဲ။ တစ်ချက်ခြင်းလေ့လာကြည့်ရအောင်ပါ။

ပြသနာအသစ်ဟုတ်ရဲ့လား

အာဆင်နယ်ရဲ့   First Line Up  ကအထိမခံပါဘူး။ ဒီအကြောင်းကို  အကြိမ်ပေါင်းများစွာဆွေးနွေးခဲ့ပြီးသားပါ။ အသင်းရဲ့ အကောင်းဆုံး  ၁၁ ယောက်နဲ့ အရံကစားသမားတွေကြားက အရည်အသွေးဟာ လွန်စွာမှကွာခြားပါတယ်။ နောက်ထပ် အာဆင်နယ်ပရိတ်သတ်တွေသိပ်မကြိုက်မယ့်အချက်ရှိပါသေးတယ်။  အဲ့တာက ကစားသမားအရည်အသွေးပါ။

အာဆင်နယ်ရဲ့ အကောင်းဆုံး ၁၁ ယောက်ကိုယ်တိုင်က  ထိပ်တန်းအဆင့်ဆိုတာထက်   လူငယ်ခြေတက်တွေ ၊ ကောင်းပေမယ့် ခြေစွမ်းမမှန်တဲ့ စီနီယာတွေနဲ့ပေါင်းစပ်ထားတာပါ။ အသင်းတစ်သင်းရဲ့ သဘောသဘာဝဟာ လူသားတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့  Form ပျက်တဲ့နေ့ဆိုတာရှိပါတယ်။  ဒါကြောင့် ကစားသမားအသစ်လိုတယ် ၊ အရည်အသွေးမကွာတဲ့အရံတွေလိုတယ်လို့ အမြဲတန်းဝေဖန်နေကြတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းလဲ​ စျေးကွက်ထဲမှာ ခပ်သွက်သွက် (သတင်းများအရ) လှုပ်ရှားနေကြတာဖြစ်ပါတယ်။

တဖက်အသင်းရဲ့ကစားပုံ

အသင်းကြီးတွေ ၊ အပေါ်သင်းတွေဟာ ၁-၀ ဆိုတဲ့  ရလဒ်နဲ့ အသင်းငယ်ကို ရှုံးခဲ့တဲ့ပွဲပေါင်းများစွာရှိပါတယ်။ အဲ့လိုပွဲတွေတိုင်းမှာ မြင်တွေ့ရလေ့ရှိတာတစ်ခုက  အသင်းငယ်ဖက်က စုပြုံခံပြီးပိတ်တာ ၊ ခပ်ကြမ်းကြမ်းဖျက်ထုတ်တာ ၊ တန်ပြန်တိုက်စစ်ကစားတာမျိုးတွေရှိတတ်ကြပြီး   အသင်းကြီးတွေက မထင်မှတ်ပဲရှုံးနိမ့်တတ်ပါတယ်။ နော်တင်ဟမ်နဲ့ အာဆင်နယ်ရဲ့ပွဲက အဲ့လိုမျိုးပွဲစဥ်တွေထဲက တစ်ပွဲဖြစ်ပါတယ်။  ပွဲစပွဲဆုံး ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုတွေ ၊ ပိတ်ဆို့ထားတဲ့ နောက်ခံလူတွေကို တွေ့ခဲရပြီး  သွင်းယူသွားတဲ့ဂိုးကလည်း တန်ပြန်တိုက်စစ်ကဖြစ်ပါတယ်။  ဒါက အာဆင်နယ်တို့ အနေနဲ့လူစုံရင်တောင် ရှုံးနိမ့်သွားနိုင်တဲ့ အခင်းအကျင်းဖြစ်ပါတယ်။

Advertisements

အာဆင်နယ်ဖက်က မစွမ်းဆောင်နိုင်မှု ၊ တနည်းအားဖြင့်  အရံကစားသမားတွေရဲ့ အရည်အသွေး

ပွဲထဲမှာ အဆင်မပြေတဲ့အခိုက်အတန့်အသေးလေးတွေရှိခဲ့ပါတယ်။ နည်းဗျူဟာပိုင်းအပါအဝင်  ကစားသမားရဲ့ Individual နဲ့ တဖက်အသင်းရဲ့ ကစားပုံကိုထိုးဖောက်ဖို့ကိုလည်း အာဆင်နယ်တို့မစွမ်းခဲ့ပါဘူး။ ကွင်းလယ်ကနေ ဘောလုံးကို ထိမ်းသိမ်းပြီး ၊ ပြိုင်ဖက်ဘယ်လိုမှတားဆီးမရတဲ့ ပေးပို့မှုတွေကို အာဆင်နယ်တို့ မလုပ်နိုင်ခဲ့ဘူး ဆိုရပါလိမ့်မယ်။ အဲ့လိုမလုပ်နိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ဟာ ဘောလုံးကိုင်ထားလိုက် ၊ ထိုးဖောက်လိုက် ၊ ပြန်ထွက်လာလိုက်နဲ့ မထိရောက်တဲ့တိုက်စစ်ဆင်မှုများစွာကို ပြုလုပ်နေခဲ့ပါတယ်။  

ဒါကြောင့် ဘောလုံးပိုင်ဆိုင်မှုက ၆၃% ၊   Dangerous Attack က ၆၀ ၊  ပုံမှန်တိုက်စစ်ဆင်မှုက  ၁၁၈ ကြိမ်ရှိရက်နဲ့ ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က လာကာဇက်ကို ထည့်ကစားဖို့နောက်ကျခဲ့ပါတယ်။  အန်ကတ်တီယာ ဟာ ပိတ်ဆို့နေတဲ့နောက်တန်းကို မျှားခေါ်ဖို့အတွက် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ရတောင့်ရခဲအခွင့်အရေးတချို့ကိုလည်း လွဲချော်ခဲ့ပါတယ်။

လီနိုကလဲ Traditional Keeper ဖြစ်နေတာကြောင့် တန်ပြန်တိုက်စစ်စဖို့အတွက် အသင့်ရှိမနေတာကို မကြာခနတွေ့ခဲ့ရပါတယ်။  အကြောင်းတွေအားလုံးစုံသွားတဲ့အခါ အာဆင်နယ်တို့ ရှုံးဖို့ဖြစ်လာတော့တာပါပဲ။

အဖြေကတော့ ကစားသမားသစ်ခေါ်ယူဖို့ပါပဲ။ အာဆင်နယ်ဟာ တစ်ပွဲစာ Line Up လေးနဲ့ အရှိန်တခုကိုရနေတဲ့အသင်းတစ်သင်းအနေအထားမှာပဲရှိနေပါသေးတယ်။

အခုရှုံးပွဲနဲ့အတူ အာတီတာကို နည်းစနစ်ပိုင်းမကျေညက်ဘူးဆိုတဲ့ ဝေဖန်သံတွေကလည်း ချက်ခြင်းပဲပြန်ပြီးကျယ်လောင်လာခဲ့ပါတယ်။ ဆက်တိုက်ကစားရမယ့် ပွဲတွေကလည်း အကြပ်တွေပဲဖြစ်လို့ အာဆင်နယ်နဲ့ အာတီတာအတွက်တော့ ဇန်နဝါရီဟာ အဖွင့်မလှပတာသေချာခဲ့ပြီဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: