အာဆင်နယ်အသင်းအတွက် ရွိုင်ကိန်းရဲ့ စိုးရိမ်မှုနဲ့ အီယန်ရိုက်ရဲ့ အကြံပေးစကား

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိအချိန်မှာ ပုံစံကောင်းတွေ ပြသနေပေမယ့် အာတီတာအတွက် စိုးရိမ်စရာတွေရှိနေသေးတာကို သူ့အနေနဲ့ စိတ်ပူမိတယ်လို့ ရွိုင်ကိန်းက ဆိုလာခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်ငါးပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ထားခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကလည်း အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို ဖြစ်ပြီး ခြေစွမ်းအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒိုင်လူကြီးရဲ့ မမျှတမှုကြောင့်သာ ကံဆိုးစွာနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ 

လက်ရှိရာသီမှာ အခြားသော အသင်းကြီးတွေ ဖြစ်တဲ့ ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်ယူတို့ကိုလည်း အာဆင်နယ်ဟာ ရှုံးနိမ့်ထားခဲ့ပြီး ဒါက အသင်းအတွက် အလေးထား ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ရွိုင်ကိန်းကဆိုလာခဲ့ပါတယ်။ 

“ရာသီအစတုန်းက သူတို့ရဲ့အမှတ်ပေးဇယားရပ်တည်မှုကြောင့် အတော်လေးဖိအားတွေများခဲ့ပေမယ့် ဒီဖိအားတွေကနေ ကောင်းကောင်းရုန်းထွက်နိုင်ခဲ့ပြီး ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ သူတို့ထက် ပိုကောင်းတဲ့ အသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့ပိုကောင်းအောင် လုပ်ဖို့လိုနေပါတယ်” လို့ မန်ယူကပ္ပတိန်ဟောင်းက အကြံပေးခဲ့ပါတယ်။ 

Advertisements

အီယန်ရိုက်ကလည်း အသင်းရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး  

အခုအချိန်မှာ အသင်းဟာ တကယ်ကို ကောင်းနေပါတယ်။ အာတီတာဟာ မှန်ကန်တဲ့ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပြီး သူနဲ့အီဒူးကို ဒီအတွက် အများကြီး ချီးကျူးရမှာပါ။” 

အသင်းမှာ ယုံကြည်မှုတွေအများကြီး ရှိလာသလို လူငယ်ကစားသမားလေးတွေကလည်း ခြေစွမ်းပြနေကြပါတယ်။ သူတို့ဟာ ရှေ့တန်းမှာ ဂိုးတွေ တဒိုင်းဒိုင်း စသွင်းနေကြပြီး ဒါက တကယ်ကိုကောင်းမွန်တဲ့ အချိန်အခါပါပဲ။ ဒီလို ယုံကြည်မှု‌တွေနဲ့အတူ ပိုပြီးတိုးတက်အောင် ကြိုးစားရပါမယ် လို့ အကြံပေးခဲ့ပါတယ်။ 

အာတီတာကလည်း အသင်းမှာ လုပ်စရာတွေအများကြီးရှိနေသေးသလို ပိုပြီး ကောင်းလာအောင် ကြိုးစားရဦးမယ်လို့ ၀န်ခံခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ခံစားရကြောင်းလည်း အာတီတာက ထပ်မံ ပြောခဲ့ပါတယ်။ 

မန်စီးတီးနဲ့ပွဲက ခြေစွမ်းကို အခြားအသင်းကြီးတွေနဲ့ ထပ်မံရင်ဆိုင်ရတဲ့အခါမှာလည်း ပြသနိုင်ခဲ့မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ရာသီ၀က်က ရှုံးကြွေးတွေကို ပြန်လည်ဆပ်နိုင်တော့မှာ ဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: