နောက်ဆုံးရ  အာဆင်နယ် သတင်းများ   (9Jan)

ဒန်နီလို ကို သန်း ၂၀ နဲ့ကမ်းလှမ်းလိုက်ပြီလို့  ဘရာဇီးအားကစား Website ကဖော်ပြ

အာဆင်နယ်အသင်းဟာ ဘရာဇီးကလပ် ပါလ်မီးရပ်စ်အသင်းရဲ့ ကွင်းလယ်လူ ဒန်နီလိုကို ပေါင်သန်း ၂၀ နဲ့ကမ်းလှမ်းလိုက်တယ်လို့  ဘရာဇီးအားကစား website  R7 မှာဖော်ပြလာပါတယ်။ ကစားသမားဟာ ကလပ်အသင်းနဲ့ ဆက်ဆံရေးကောင်းမွန်နေပြီး  ၂၀၂၅ အထိလည်းစာချုပ်ရှိထားပေမယ့်  ၊ ပြောင်းရွေ့လိုတယ်ဆိုရင်တော့ အသင်းဖက်က လိုက်လျောပေးရဖို့ရှိနေပါတယ်။

ကိုလာစီနက်ကို  မာဆေးလ်ကလည်းစိတ်ဝင်စား

Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ  ဝက်ဖို့ဒ်အသင်းကစိတ်ဝင်စားနေတဲ့ ကိုလာစီနက်ကို  မာဆေးလ်အသင်းကလဲခေါ်ယူချင်နေတယ်လို့  သိရပါတယ်။  တင့်ကားကြီး ကိုလာစီနက်ဟာ အခုဆောင်းရာသီမှာပဲအသင်းကနေထွက်ခွာဖို့သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ မာဆေးလ်အသင်းနဲ့  အာဆင်နယ်အသင်းကြားမှာ အငှားကစားသမားများနဲ့ပတ်သတ်တဲ့ ဆက်ဆံရေးကောင်းလည်းရှိထားတာဖြစ်ပါတယ်။

လူငယ်ကစားသမား ၄ ယောက်ကို စီနီယာလူစာရင်းထဲ ထည့်လိုက်တဲ့ အာတီတာ

နော်တင်ဟမ်ဖော်ရက်စ်နဲ့ကစားမယ့် FA ဖလားပွဲအတွက်  လူငယ်ကစားသမားလေးတွေဖြစ်တဲ့  ပါတီနို  ၊ မီကာဘီရတ် ၊  ဟတ်ချီဆန် နဲ့   ဆာလာ မက်ဟန်း  တို့ကို စီနီယာအသင်းလူစာရင်းထဲသို့ထည့်သွင်းထားတယ်လို့ သိရပါတယ်။  ပါတီနိုကတော့ စီနီယာအသင်းနဲ့အဖွင့်ပွဲမှာ မှတ်တမ်းကောင်းတစ်ခုကိုရရှိထားနှင်ပြီးဖြစ်ပါတယ်။

Advertisements

မယ်လိုကို အာဆင်နယ်က ဆက်သွယ်နေတယ်လို့   ရိုမာနို ကပြောကြားလာ

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်ကစားသမား  မယ်လို ကို အခုရက်ပိုင်းမှာဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့  ဖေဘရီဇီယို ရိုမာနိုက အတည်ပြုပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားနဲ့သာ ဆက်သွယ်နေခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ် အသင်းနဲ့တော့ တစ်စုံတစ်ရာပြောဆိုမှုမရှိသေးဘူးလို့ ဆိုပါတယ်။

အန်ကတ်တီယာ က အာဆင်နယ်မှာ ဆက်ရှိနေချင်တယ်  လို့  အာတီတာယုံကြည်နေ

စာချုပ်သစ်ဆက်ချုပ်ဆိုဖို့ ငြင်းဆန်နေပေမယ့် အန်ကတ်တီယာက အာဆင်နယ်မှာ ဆက်နေချင်နေတယ်လို့  အာတီတာကယုံကြည်နေကြောင်း  Daily Cannon   ကဖော်ပြလာပါတယ်။ အာတီတာက   “ လေ့ကျင့်ရေးကွင်းမှာနေ့တိုင်း သူ့ကို အသင်းကလိုအပ်ကြောင်း ၊  ကျွန်တော်က ဘယ်လိုသဘောထားကြောင်း ပြောပြဖြစ်ပါတယ်၊ အက်ဒီ ကလည်း ဒါတွေကို သိထားပါတယ်   လို့ဆိုခဲ့တာဖြစ်ပါတယ်။  ဆက်လက်ပြီး  အာတီတာက   အန်ကတ်တီယာအနေနဲ့လည်း အသင်းမှာနေချင်နေပြီး  ကြိုးစားကစားနေတယ်လို့ ယုံကြည်ကြောင်းဆိုခဲ့ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: