FA ဖလားပွဲမတိုင်ခင်မှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ အပြောင်းအရွှေ့နဲ့ပတ်သတ်တဲ့ ကိစ္စရပ်တွေသာများပြားနေခဲ့ပါတယ်၊၊ အာတီတာဟာ Boxing Day အလွန်မှာ ပထမဆုံးအကြိမ် လူမြင်ကွင်းကိုပြန်ထွက်လာခဲ့တာဖြစ်ပါတယ်။ Covid 19 ကြောင့် စပိန်သားဟာ ရုပ်သံကနေပဲ အရေးကြီးပွဲစဥ်တစ်ပွဲကို နည်းပြခဲ့ရပါတယ်။ ဒီအတွေ့အကြုံကိုတော့ သူက မနှစ်သက်ဘူးလို့ ဆိုပါတယ်။ လိဗာပူးအသင်းနဲ့ ကာရာဘောင်းဖလားပွဲမှာ ပြန်မြင်ရဖို့ရှိပေမယ့် ပွဲကရွှေ့ဆိုင်းသွားခဲ့တာကြောင့် နော်တင်ဟမ်နဲ့ပွဲမှသာ ကွင်းထဲမှာသူရှိနေပါလိမ့်မယ်။ သတင်းစာရှင်းလင်းပွဲမှာ အာတီတာဖြေကြားခဲ့တာတွေကို Football London မှ ကာယာကေနက် နဲ့ ခရစ်စ်ဝီတလေတို့က အခုလိုပဲ ထုတ်နှုတ်ဖော်ပြသွားခဲ့ပါတယ်။
ကိုဗစ်နဲ့ အသင်းစာလူစာရင်း
ကိုဗစ်တင်မကဘူး .. အခြားသော ဒဏ်ရာရကိစ္စတွေလည်းအတူတူပါပဲ။ အားလုံးလဲသိနေကြတဲ့အတိုင်း အသင်းမှာလူတော်တော်နဲနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲကစားချင်ပါတယ်။ ဒီလိုနည်းနဲ့ပဲ ပွဲတိုင်းကို ပြင်ဆင်ချဥ်းကပ်နေပါတယ်။
တိုက်စစ်မှုးသစ်ခေါ်ယူနေရေး
ကျွန်တော်တို့ဟာ ထူးခြားတဲ့အနေအထားတစ်ခုမှာရောက်နေပါတယ်။ အသင်းမှာ တိုက်စစမှုး ၃ ယောက်ရှိပြီး အားလုံးက မတူညီတဲ့ အခြေအနေတွေမှာဖြစ်နေပါတယ်။ ဒါကိုကောင်းစွာကိုင်တွယ်သွားရပါလိမ့်မယ်။ လောလောဆယ်မှာ ဒီတိုက်စစ်မှုးအကုန်လုံးက အသင်းအတွက် ကြိုးစားပေးနေကြပါတယ်။
ကွင်းလယ်လူခေါ်ယူရေး
ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ အသင်းနဲ့ကိုက်ညီမယ့် ကစားသမားတွေကိုရွေးချယ်နေပါတယ်.. အသင်းမှာလဲ ကွင်းလယ်ပိုင်းအရမ်းလူနဲနေပါပြီ။
ဆာကာရဲ့ စာချုပ်သစ်နဲ့ ကောလာဟာလတွေအတွက်
ဒီအကြောင်းတွေကို သီးသန့်ပြောရမယ့်အချိန်ရောက်လာပါလိမ့်မယ်။
နိုင်းလ်စ်နေရာအတွက် ဘယ်လိုပြင်ဆင်ထားလဲ
ကျွန်တော်တို့မှာ ကွင်းလယ်ကစားသမားနဲနေပါပြီ။ ဒါပေမယ့် ဒီလိုနည်းနဲ့ ကစားသမားတစ်ယောက်ကိုထိန်းထားလို့မရပါဘူး။ သူက ပွင့်ပွင့်လင်းလင်းပဲပြောဆိုလာခဲ့သလို သူဖြစ်ချင်တာကိုလည်း နားလည်ပါတယ်။ ကျွန်တော်တို့ ကွင်းလယ်လူခေါ်ယူဖို့ လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားပါမယ်။
အီဆက် နဲ့ပတ်သတ်လို့
ကိုယ့်အသင်းက မဟုတ်တဲ့ ကစားသမားတစ်ယောက်အကြောင်းကို ဘယ်တုန်းကမှ ကျွန်တော်မှတ်ချက်မပေးဖူးတာ အားလုံးသိပြီးသားဖြစ်မှာပါ။
အူဘာမီယန်နဲ့ပတ်သတ်လို့
အသင်းကနေ အဝေးမှာရောက်နေတဲ့ ကစားသမားတွေကို မှတ်ချက်ပေးဖို့ကတော့ခက်ပါတယ်ဗျာ။ ကျွန်တော်ဆုံးဖြတ်ခဲ့တဲ့ အရာတွေကတော့ အသင်းအတွက်ပဲ ဦးတည်ပြီးလုပ်ဆောင်ခဲ့တာပါ။ ပြီးတော့ မှန်ကန်တဲ့လုပ်ဆောင်ချက်တွေဖြစ်ဖို့ကြိုးစားခဲ့ပါတယ်။
အန်ကတ်တီယာ အကြောင်းမေးတဲ့အခါ
အက်ဒီနဲ့ပတ်သတ်တဲ့ သဘောထားတွေ လုပ်ဆောင်မှုတွေကို မကြာခန ကျွန်တော်ထုတ်ပြောခဲ့ပါတယ်။ သူက ကျွန်တော်တို့နဲ့ရှိနေပြီး အကောင်းဆုံးလည်း ကြိုးစားနေပါတယ်။ ဆက်လက်ပြီးဆွေးနွေးနေတာကို လုပ်ဆောင်သွားဖို့ရှိပါတယ်။
မန်စီးတီးနဲ့ ရှုံးပွဲအပေါ်
ရလဒ်ကိုတော့ တော်တော်လေးစိတ်ပျက်မိပါတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ အသင်းရဲ့စွမ်းဆောင်ရည်အတွက် ဂုဏ်ယူမိပါတယ်။ အသင်းပရိတ်သတ်တွေရဲ့ အားပေးမှုတွေဟာ အလွန်အံ့သြစရာအပြည့်ပါပဲ။
ဆက်လက်ပြိး အာတီတာ က သူ့အနေနဲ့ ပွဲတိုင်းကို အလေးအနက်ထားကြောင်း ၊ ကစားလဲကစားချင်ကြောင့် ၊ ဒါပေမယ့် ပြိုင်ဖက်အသင်းတွေမှာလည်း ကစားဖို့မဖြစ်တဲ့အကြောင်းတွေရှိမှာမို့ ရွေ့ဆိုင်ကြတာဖြစ်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။