နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲအတွက် အာတီတာရဲ့ အသုံးပြုလာမယ့် ကစားသမားအခင်းအကျင်း  (Prediction)

နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်ကစားမယ့် FA ဖလားပွဲစဉ်မှာတော့ အာတီတာဟာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေကို ပွဲထုတ်လာဖို့ ရှိနေပါတယ်။ ဒီပွဲပြီး လေးရက်အကြာနဲ့ လီဗာပူးလ်အသင်းနဲ့ယှဉ်ပြိုင်ရမယ့် EFL Cup ဆီမီးဖိုင်နယ်ပွဲစဉ်လည်း ရှိတာကြောင့် အဓိက ကစားသမားအများစုကိုတော့ အနားပေး နိုင်ဖွယ်ရှိနေပါတယ်။ 

အားလုံး ရဲ့ ပါးစပ်မှာ ရေးပန်းစားနေတာကတော့ ချာလီပါတီနိုပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ပါရမီရှင်လူငယ်လေး ပါတီနိုရဲ့ ခြေစွမ်းကို ပရိသတ်တွေအားလုံးက မြင်တွေ့ခွင့်ရဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ 

အာဆင်နယ်နဲ့ နောဝှစ်တို့ရဲ့ပွဲစဉ်မှာ အာတီတာ အသုံးပြုလာနိုင်ချေရှိတဲ့ လူစာရင်းကတော့ 

ဂိုး  

လီနို  –  ဂျာမနီသားကြီးအတွက် တောက်ပပြဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ပွဲထွက်ခွင့်ရတဲ့အချိန်မှာ လီနိုအနေနဲ့ ဘယ်လောက်ထိ လက်စွမ်းပြနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ 

နောက်တန်း 

ဆီဒရစ်  –  အာတီတာဟာ ချမ်ဘာထက် ဆီဒရစ်ကို ပိုပြီး ယုံကြည်စွာနဲ့ နေရာပေးဖို့ ရှိနေပါတယ်။ 

ဘန်ဝှိုက်  –  ဒီလိုပွဲမျိုးမှာ ပါဘလိုမာရီကို ပွဲထွက်ခွင့်ပေးသင့်ပေမယ့် အာတီတာကတော့ နေရာပေးသွားဖို့အခွင့်အရေး နည်းပါတယ်။ဘန်ဝှိုက်ကိုပဲ ပွဲထုတ်သွားနိုင်ချေ ရှိပါတယ်။ 

ဟိုးလ်ဒင်း  – ဂါဘရီယယ် ပွဲပယ်ပြစ်ဒဏ်ထိထားတာရယ် ပါဘလိုမာရီကို ပွဲထုတ်ဖွယ်မရှိတာရယ်ကြောင့် ဟိုးလ်ဒင်းကို အသင်းရဲ့ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိပါတယ်။ 

တာဗာရက်စ်  –  တီယာနေးဒဏ်ရာရနေချိန်မှာ ခြေစွမ်းကောင်းအချို့ ပြသနိုင်ခဲ့တဲ့ တာဗာရက်စ်ကို ဒီပွဲစဉ်မှာတော့ ပြန်မြင်တွေ့ဖို့ ရှိနေပါတယ်။တာဗာရက်စ်အနေနဲ့ အခွင့်အရေးရလာချိန်မှာ တီယာနေးနဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့  ကြိုးစားလာရမှာဖြစ်ပါတယ်။ 

Advertisements

ကွင်းလယ် 

ဆမ်ဘီ လိုကွန်ဂါ  – ဘယ်လ်ဂျီယံသားကတော့ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါ၀င်ခွင့် မရတာ ကြာပါပြီ။ဒီပွဲမှာတော့ လိုကွန်ဂါကို ပါတေးအစား မြင်တွေ့ရဖို့ ရှိနေပါတယ်။ 

စမစ်ရိုး  –  လူစား၀င်ကစားသမားအနေနဲ့ ဂိုးတွေ တောက်လျှာက်သွင်းယူထားသလို အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ စမစ်ရိုးကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ အိုဒီဂတ်ရဲ့နောက်မှာသာ ပွဲထွက်ခွင့်ရနေခဲ့တာ ဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့ ပွဲထွက်လူစာရင်းမှာ သေချာပေါက် ပါလာမှာ ဖြစ်ပါတယ်။ 

ပါတီနို   –   အိုဒီဂတ်ကိုအနားပေးပြီး ပရိသတ်တွေအားလုံး စောင့်ကြည့်နေတဲ့ ပါတီနိုကို အာတီတာက ပွဲထုတ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ရဲ့ စိတ်၀င်စားစရာအကောင်းဆုံး ကစားသမားကတော့ သေချာပေါက် ပါတီနိုပဲဖြစ်ပါတယ်။ 

တိုက်စစ် 

ဘူကာယို ဆာကာ   –  ဒီလိုပွဲစဥ်မှာ ဟတ်ချင်ဆန်ကို ပွဲထုတ်လာသင့်ပေမယ့် ဆာကာကို အာတီတာ ပွဲထုတ်လာနိုင်ချေရှိနေပါတယ်။ဆာကာအနေနဲ့ ပွဲပန်းနေနိုင်တာ‌ကြောင့် ပွဲချိန်ပြည့်တော့ အသုံးပြုနိုင်ချေ မရှိပါဘူး။ 

အန်ကက်တီးယား  –  အသင်းကနေ ထွက်ခွာဖို့ ရှိနေပေမယ့် အင်္ဂလန်သားကို ဒီပွဲစဉ်မှာ သေချာပေါက် မြင်တွေ့ရဖို့ ရှိနေပါတယ်။ 

မာတင်နယ်လီ  –  ပွဲဆက်များနေပေမယ့် ပေပေ တစ်ယောက် အာဖရိကဖလားပွဲသွားနေရတာဖြစ်လို့  မာတင်နယ်လီကိုပဲ ပွဲထုတ်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ မျက်နှာသစ်တစ်ယောက်ယောက်ကို မြင်ရဖွယ်ရှိပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: