အာဆင်နယ် ခေါ်မယ့်ကွင်းလယ်လူ ဘယ်သူဖြစ်မလဲ  (Transfer Round-Up)

သေချာပေါက်ကွင်းလယ်လူခေါ်ယူဖြစ်တော့မယ့်သဘောကိုဆောင်တဲ့အဖြေကို  အာတီတာက သတင်းစာရှင်းလင်းပွဲကနေ ပေးခဲ့ပါတယ်။ ဒါဟာ ရှင်းရှင်းလင်းလင်းကြိုပြောလေ့မရှိတဲ့ အာဆင်နယ်အတွက်တော့ထူးခြားပါတယ်။ တဖက်မှာလည်း နိုင်းလ်စ်က ထွက်ခွာသွားပြီဖြစ်လို့  Common Sense အရပြောမယ်ဆိုရင်တောင် ဒီကိစ္စက မခက်ခဲပါဘူး။ ဒါကြောင့် နောက်ဆုံးသတင်းထွက်နေတဲ့  ၊​ ဖြစ်နိုင်ခြေရှိနေတဲ့ကွင်းလယ်လူတွေကို  သတင်းများစွာကနေကိုးကားပြီး ထုတ်နှုတ်ပေးချင်ပါတယ်။

ဝှိုက်နယ်ဒန်

လက်ရှိ ပီအက်စ်ဂျီမှာအဆင်မပြေတဲ့ ကစားသမားကို အငှားနဲ့ခေါ်ယူမယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။  ဒီအပေါ်မှာ အခြေခံပြီး အာဆင်နယ်အသင်းအပေါ်သံယောဇဥ်ကြီးကြသူ  ကစားသမားဟောင်းကြီးများဟာ မှတ်ချက်အသီးသီးပြုကြတဲ့အခါ  အဆိုပါ လီဗာပူးကစားသမားဟောင်းဟာ မှတ်ချက် အကောင်းတွေချည်းပဲစုပြီး ရနေပါတယ်။

သူလိုကစားသမားမျိုးက .. ရင့်ကျက်တဲ့အတွေ့အကြုံတွေနဲ့ .. ပရီးမီးယားလိဂ် ဆုဖလားလဲရဖူးသေးတယ်။ လူငယ်တွေကို လဲ ဦးဆောင်ပေးမယ့်သူမျိုးဗျာဆမ်ဘီလိုကွန်ဂါ ဟာ အလိုက်သင့်လေ့လာသွားရုံပဲ။  သူ့လိုကစားသမားမျိုးကို လူစာရင်းထဲမှာသာထည့်လိုက်လို့ရရင် အာဆင်နယ်ဟာ တကယ့်ကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်သွားမှာပါ 

အီယန်ရိုက်ကတော့  လူငယ်တွေကိုအတွေ့အကြုံနဲ့ဦးဆောင်ပေးသွားနိုင်မယ့် ၊ ဆုဖလားနဲ့ယဥ်ပါးနေတဲ့ကစားသမားကို လိုချင်နေပုံပါပဲ။

ဒေါက်ကလပ်လူးဝစ်

အီယန်ရိုက်က သူ့ကို တော်သလောက်မကျော်သူလို့  မှတ်ချက်ပေးဖူးတယ်။ ပြီးခဲ့တဲ့ အပတ်တွေကမှ ရုတ်တရက် အပြောင်းအရွေ့သတင်းနဲ့အတူ နာမည်ထွက်လာတယ်။ ဗီလာပရိတ်သတ်တွေကလဲ လိုချင်ရင် သန်း ၇၀ ပေးလို့ ပြောလာကြတယ်။  လောလောလတ်လတ်လဲ ဗီလာက  ကော်တင်ဟိုကို ရာသီကုန်ထိခေါ်လိုက်ပါတယ်။ အခြေအနေတွေကတော့ စိတ်ဝင်စားစရာပါပဲ။  ပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၈၀ ကျော်ကစားထားတဲ့ အသက် ၂၃ နှစ်သားဟာ အာဆင်နယ်မှာ ရှိနေသင့်တဲ့ကစားသမားမျိုးပါ။ ဒါပေမယ့်  ပုံအပ်လိုက်ဖို့အထိ အနေအထားရှိမရှိကတော့ မေးခွန်းတွေများစွာထွက်လာမယ့် အနေအထားမှာပါ။

ဘာပဲဖြစ်ဖြစ် ဒေါက်ဂလပ်လူးဝစ် ဟာ ဖြစ်လာနိုင်ခြေ စာရင်းထဲထည့်ကိုထည့်ထားသင့်တဲ့ အခြေအနေမှာရှိပါတယ်။

Advertisements

ဘရူနို ဂွီမာရေးစ်

အားလုံးမေ့မေ့ပျောက်ပျောက်ရှိနေခါမှ ပြန်ပေါ်လာတာကတော့ ဂွီမာရေးစ်ပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဂွီမာရေးစ်ကို  ၅ ရက်နေ့တုန်း က ကမ်းလှမ်းခဲ့တယ်လို့    Football London ကဖော်ပြသွားပါတယ်။  လက်ရှိကစားသမားရဲ့ အေးဂျင့်ဟာ အာဆင်နယ်အသင်းနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ ဂျော်ရတ်ချီယန်ဖြစ်နေတာကြောင့် ကစားသမားကိုခေါ်ယူရေး လွယ်ကူဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း  အပြောင်းအရွေ့ကျွမ်းကျင်သူ ဖေဘရီဇီယိုရိုမာနိုရဲ့အဆိုအရတော့  သန်း ၄၀ ဝန်းကျင်ပေးမှအဆင်ပြေမယ့်အနေအထားဖြစ်ပါတယ်။ အဲံဒီအောက်ဆိုရင် လိုင်ယွန်ဖက်က စကားလက်ခံပြောမှာမဟုတ်ဘူး .. တဲ့။

သူ့ရဲ့ကစားပုံကတော့  Typical  တောင်အမေရိကသားလို့သာမှတ်လိုက်ပါ။ အဖြတ်အတောက် ၊ အလိမ်အလှဲ့တွေနဲ့ ပေးပို့မှုကောင်းကောင်းတွေမြင်ရနိုင်ပါတယ်။ ဒါပေမယ့် ပရီးမီယားလိဂ်ရဲ့  ကြံ့ခိုင်မှုအသားပေးကစားပုံရယ် ၊ အတင်းဝင်ပြီးဖျက်ကြမယ့်  တဖက်နောက်ခံလူတွေနဲ့ရင်ဆိုင်ရရင်တော့ ဂွီမာရေးစ်တစ်ယောက် အခုလိုကောင်းနိုင်ဦးမလားကတော့ တွေးစရာပေါ့။ HITC ရဲ့ဖော်ပြချက်အရတော့ နယူးကာဆယ်နဲ့ အဲဗာတန်တို့ကလဲ ဂွီမာရေးစ်ကို စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လေထဲလွင့်မသွားမယ့် အပြောင်းအရွေ့ရာသိတစ်ခုကိုတော့ အာဆင်နယ်ပရိတ်သတ်တွေရရှိတော့မယ်လို့ မျှော်လင့်မိပါတယ်။

Advertisements

Leave a Reply

%d bloggers like this: