ပီအက်ဂျီနောက်ခံလူကို အာဆင်နယ်စောင့်ကြည့်နေတယ်လို့ ဖော်ပြလာ
အာဆင်နယ်အသင်းဟာ ပီအက်ဂျီအသင်းရဲ့ ညာနောက်ခံလူ ကိုလင်းဒတ်ဂ်ဘာ ကိုစိတ်ဝင်စားနေတယ်လို့ Foot Mercato ကဖော်ပြလာပါတယ်။ အဆိုပါ ၂၃ နှစ်သားဟာ ဒီရာသီ ပိုချက်တီနိုရဲ့ အသင်းမှာ ၂ ပွဲသာကစားရသေးပြီး အနာဂတ်မရှိနေတာ့တဲ့အနေအထားဖြစ်လို့ ပြောင်းရွေ့ဖို့အလားအလာများနေချိန်မှာ အခုလိုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။အာဆင်နယ်တို့ ဟာ ညာနောက်ခံနေရာအတွက် ဘရိုက်တန်ရဲ့ လင့်ပ်တေးကိုလဲ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဗလာဟိုဗစ်ကို ခေါ်ရင် ချန်ပီယံစိန်ခေါ်သူဖြစ်လာမယ်လို့ မာဆင်ပြော
အာဆင်နယ် ဂန္တဝင်ဖြစ်သူ ပေါ်လ်မာဆင်က အာဆင်နယ်တို့အနေနဲံ ဗလာဟိုဗစ်ကိုခေါ်ယူသင့်ကြောင်းကို အခုလိုပဲသုံးသပ်သွားခဲ့ပါတယ်။
“ အူဘာမီယန်နဲ့ အာဆင်နယ် အနာဂတ်က ပြီးသွားပါပြီ။ AFCON ပြီးရင်လဲ သူပြန်လာနိုင်မယ်မထင်တော့ပါဘူး။ ဒီတော့ တိုက်စစ်မှုးသစ်ခေါ်ကိုခေါ်ရပါမယ်.. ကျွန်တော်ကတော့ ဗလာဟိုဗစ်ကို ခေါ်ဖို့ပဲတိုက်တွန်းပါတယ်။ သူက အာဆင်နယ်ကို ချန်ပီယံစိန်ခေါ်သူပါ ဖြစ်စေမှာပါ “ လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။
ဆိုအာရက်စ်ကို အငှားနဲ့ခေါ်ချင်တဲ့ အက်သလက်တီကို
အက်သလက်တီကို မက်ဒရစ်အသင်းဟာ အာဆင်နယ်နောက်ခံလူ စီးဒရစ် ဆိုအာရက် ကို ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ နဲ့ ဇန်နဝါရီမှာ ခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့ Main Online က ဖော်ပြလာပါတယ်။ အဆိုပါကစားသမားဟာ တိုမီယာစု နောက်မှာသာ ကစားနေရပေမယ့် အာတီတာ သဘောကျတဲ့ အရံကစားသမားတစ်ဦးဖြစ်ပါတယ်။
ဝီးရှိုင်းယားကို ခေါ်မှာမဟုတ်ဘူးလို့ အာဆင်နယ် အတည်ပြု
နိုင်းလ်စ်ထွက်ခွာသွားတာကြောင့် အသင်းရဲ့ ကွင်းလယ်မှာ လိုအပ်နေတဲ့နေရာတစ်ခုအတွက် ဂျက်ဝီးရှိုင်းယား နဲ့ သတင်းထွက်နေတဲ့အပေါ်မှာ အာတီတာက ငြင်းဆိုသွားခဲ့ပါတယ်။ အသင်းနဲ့ ဂျက်ကြားမှာ ယခင်က သဘောတူညီမှုတွေအတိုင်းသာ ဆက်သွားနေမှာဖြစ်ပြီး ၊ ကွင်းလယ်ကစားသမား လိုအပ်ချက် အတွက်ကတော့ သင့်တော်ပြီး အသင်းဖက်က တတ်နိုင်သူတွေကို ချိတ်ဆက်သွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
ဟိုဒင်းနဲ့ မာရီကို ရောင်းချဖို့ အာဆင်နယ်ဆုံးဖြတ်
The Athletic ရဲ့ဖော်ပြချက်အရ အာဆင်နယ်တို့ဟာ ဇန်နဝါရီမှာနောက်ခံလူတွေဖြစ်ကြတဲ့ ဟိုးဒင်း နဲ့ မာရီတို့ကို ရောင်းချဖို့ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။ ဘရာဇီးသတင်းတွေရဲ့ဖော်ပြချက်အရ မာရီကို ဖလာမင်ဂိုက လိုချင်နေပေမယ့် ကစာသမားက ဥရောပမှာ အခွင့်အရေးတစ်ခုခု ရှာချင်နေသေးတယ်လို့ သိရပြီး ၊ ချိန်ဘာစ်ကတော့ သတင်းခိုင်ခိုင်မာမာထွက်နေတာမျိုး မတွေ့ရသေးပါဘူး။
ရိုမာနိုပြောပြလာတဲ့ ဂွီမာရေးစ် ရဲ့အနေအထား
အာဆင်နယ်တို့ဟာ လိုင်ယွန်ရဲံ ဂွီမာရေးစ်ကို ခေါ်ချင်ရင် ပေါင် ၃၇.၅ သန်းထက်မနဲတဲ့စျေးနှုန်းနဲ့ ကမ်းလှမ်းဖို့လိုတယ်လို့ ရိုမာနိုက ရေးသားဖော်ပြသွားပါတယ်။ အဆိုပါ ဘရာဇီကွင်းလယ်လူဟာ အာဆင်နယ်ဖက်က ကာလရှည်စောင့်ကြည့်နေသူဖြစ်ပေမယ့် အခုထကိထိ ထူးခြားမှုမရှိသေးဘူးလို့လဲ သူက ဆိုခဲ့ပါတယ်။