ရေပန်းစားခြင်းလဲ လုံးဝမရှိခဲ့ပဲအသင်းကိုရောက်လာခဲ့တယ်။ ဒါပေမယ့် ပထမဆုံးပွဲအပြီးမှာ ပရိတ်သတ်တွေစကြိုက်သွားခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ အသက် ၂၃ နှစ်အရွယ် ဂျပန်သားဟာ အာဆင်နယ် ပရိတ်သတ်များစွာရဲ့ အသဲကျော်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဖန်တီးမှုအပိုင်းမှာတော့ တစ်ကြိမ်သာ ပံ့ပိုးထားနိုင်ခဲ့ပါသေးတယ်။ ဒါဆိုရင် ဘာအကြောင်းတွေက တိုမီယာစုကို ပရိတ်သတ်အချစ်တော်ဖြစ်လာစေခဲ့သလဲ။
ဒီကစားသမားက အာဆင်နယ်ပရိတ်သတ်တွေရဲ့ အသဲနှလုံးကို စွဲကိုင်လိုက်တဲ့ အကြောင်းအရင်းကတော့များစွာရှိပါတယ်။ ဒါပေမယ့် ဘိုလော့နာကစားသမားဟောင်းအကြောင်းကို အသင်းဆီရောက်မလာခင်တုန်းက သိတဲ့သူသိပ်ရှားတယ်ဆိုတာလဲ အမှန်ပါပဲ။
ဂျပန်လက်ရွေးစင်ကစားသမားဟာ အာဆင်နယ်နဲ့ အဲဗာတန်ကစားသမားဟောင်း ကီဗင်ကင်းဘဲလ်ရဲ့ ချီးကျူးမှုကို အထူးတလည်ရရှိနေပါတယ်။ သူက အခြားဂန္တဝင်တွေဖြစ်တဲ့ ဒစ်ဆွန် နဲ့ လောရန်တို့နဲ့ နှိုင်းယှဥ်ပြီးတော့ကို တိုမီယာစုကို သဘောကျနေပုံပါ။
အကြောင်းကတော့ မာကျောတဲ့ကစားဟန်ကြောင့်ပဲဖြစ်ပါတယ်။ ဒါဟာ အရိုးရှင်းဆုံးအဖြေဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ပါလက်ပါကစားဟန် နဲ့ အာရုံစူးစိုက်မှုတွေဟာ ပရိတ်သတ်တွေကို နှစ်သက်စေပါတယ်။ သူက ကွင်းထဲမှာ သိပ်ပြီးထင်ပေါ်အောင်ကစားပြနေတာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် အခြေခံကျတဲ့အချက်တွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ အားအင်အပြည့်ကစားနေပါတယ်။ ဒါကကြီးမားတဲ့ဆွဲဆောင်မှုဖြစ်ပါတယ်။

ကင်းဘဲလ်က အခုလိုပဲပြောပါတယ်။
“ သူ့ရဲ့ မာကြောမှုနဲ့ အားပါတဲ့သဘာဝဟာ ဒစ်ဆွန်တစ်ချိန်က ကစားခဲ့တဲ့ပုံနဲ့ဆင်တူပါတယ်။ တိုမီက လောရန်နဲ့တော့ နဲနဲပိုဆင်တယ်။ လောရန်က လဲမာကြောတဲ့ပလေယာတစ်ယောက်ပါပဲ “ လို့ ဆိုပါတယ်။
သုံးသပ်တာမမှားဘူးဆိုရင် .. တိုမီယာစုရဲ့ ကစားပုံက သန်မာတယ်။ သူကဘောလုံးကို အဝေးကြီးကိုပေးပစ်တာမျိုးထက် တိုက်စစ်ပြန်ဆင်ဖို့အတွက် အနီးဆုံးကစားသမားနဲ့ တွဲဖက်ပြီးကစားတတ်တယ် ..နောက်ပြီး ဆာကာကို ဘယ်လိုမျိုးအရောက်ပေးပို့ရမယ်ဆိုတာကို သူက လမ်းကြောင်းကောင်းကောင်းရှာဖွေနိုင်ပါတယ်။ ဒါပေမယ့် ခံစစ်မှာလဲ လိုအပ်ချိန်တိုင်းအသင့်ရှိနေတဲ့သူပါ။ ဒါကိုအဝေးကြီး ကြည့်စရာမလိုပါဘူး။ စိန့်အသင်းကို ၃-၀ နဲ့နိုင်တဲ့ပွဲရဲ့ ပထမဂိုးကိုသာကြည့်ပါ။ တိုမီယာစု က ဘယ်လိုမျိုးကစားတယ် ၊ ညာခြမ်းမှာ ဘယ်လိုမျိုးတိုက်စစ်နဲ့တွဲသွားတယ်ဆိုတာရဲ့ သက်သေတွေကို အဲ့ဒီအခိုက်အတန့်ကနေမြင်ရပါလိမ့်မယ်။
အဲဗာတန်နဲ့ပွဲမှာ ဂေါ်ဖရီ ရဲ့သိသိသာသာပစ်ဒဏ်ကျူးလွန်မှု ကိုခံခဲ့ရသလို တဖက်ကစားသမားက အဝါကတ်တောင်မထိသွားခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီပွဲမှာ သူဆက်ကစားသွားပုံကလည်း အားအင်ပြည့်လွန်းလှပါတယ်။ နှစ်သစ်ရဲ့ ပွဲဦးထွက်မှာတော့ စတားလင်းကို ငြိမ်သက်သွားစေတဲ့ စွမ်းဆောင်မှုမျိုးကို ကိုဗစ်နဲ့ နာလံထစ တိုမီယာစုက ပြသနိုင်ခဲ့ပါတယ်။ သူဟာ အာဆင်နယ် ဂျာစီဝတ်ထားတဲ့ နတ်ဘုရားတစ်ပါပါပဲ။ အရာအားလုံးကို ဘောလုံးကွင်းထဲမှာ နှစ်မြှပ်ထားခဲ့ပါတယ်။
ခွန်အားသန်မာမှုနဲ့အတူနောက်ထပ်တစ်ချက်ကတော့ အရပ် ၆ပေ ၁ လက်မ မြင့်မားပြီး လေထဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပြသနိုင်တာပဲဖြစ်ပါတယ်။ အရင်ညာခြမ်းခံစစ်သမား ဘယ်လာရင်ဟာ ၅ပေ ၈ လက်မမြင့်မားသူဖြစ်ပြီး ၊ တိုမီယာစုဆီကနေတော့ ပရိတ်သတ်တွေဟာ အမြင့်ဘောစွမ်းဆောင်ရည် အသစ်တစ်ခုကို ခံစားမိရစေပါတယ်။
ကင်းဘဲလ်က ဆက်ပြောပါတယ်။
သူ့ရဲ့ အမြင့်ဘောကစားပုံကြောင့်ပြိုင်ဖက်တိုက်စစ်ဆင်မှုအများစုဟာ ဂိုးလွန်ဘောသာဖြစ်သွားကြပါတယ်။ ဒါမျိုးကိစ္စတွေဟာ အရင်က အမြဲပြသနာဖြစ်ခဲ့တဲ့အရာတွေပေါ့ အခုတော့ ကျွန်တော်တို့တွေ စိတ်သောက ရောက်စရာမလိုတော့ပါဘူး လို့ တိုမီယာစုကြောင့်တိုးတက်လာတဲ့ ခံစစ်ပ်ုင်းကို သုံးသပ်ပြခဲ့ပါတယ်။
ကိန်းဂဏန်းတွေအရလဲတိုမီယာစုရဲ့ စွမ်းဆောင်ရည်ကိုထင်ဟပ်နေပါတယ်။ ၁၆ ပွဲကစားပြီးချိန်မှာ အဝါကတ် တစ်ကတ်ပဲထိသေးသလို ဘောလုံးလုယူမှုမှာလဲ ၈၁ % အထိအောင်မြင်ထားပါတယ်။ အခုအချိန်မှာတော့ ကျောနံပါတ် ၁၈ ဟာ အာဆင်နယ်အမြဲလိုအပ်ခဲ့တဲ့နေရာကိုဖြည့်ဆည်း နိုင်ခဲ့ပြီဖြစ်ပြီး ၊ သူ့ကိုရလိုက်တာ ကံကောင်းတယ်လို့ ဆိုနိုင်ပါပြီ။
အခုဆိုရင် တိုမီယာစုဟာ အာဆင်နယ် ခံစစ်အတွက် တော်ေတာ်လေးအရေးပါတဲ့အနေအထားမှာရှိနေပါပြီ။ သူပါနိုင်ခြင်း မပါနိုင်ခြင်းဟာ အသင်းရဲ့ ကစားပုံကို တော်ေတာ်လေး ချိတ်ဆက်သက်ရောက်မှုရှိနေပြီး ထိပ်ဆုံး ၄ သင်းထဲဝင်နိုင်ဖို့အတွက် အရေးပါတဲ့ ကစားသမာဆိုတာ သိသိသာသာမြင်နေရပါတယ်။
တိုမီယာစုက ချီးကျူးလိုက်ဖို့သင့်တဲ့ ကစားသမားတစ်ယောက်ပါပဲ။
Trooper Tomiyasu: With only one assist, what makes him so great? by Benedict