အာတီတာရဲ့ အာဆင်နယ်နည်းပြဘဝကတော့ ရိုလာကိုစတာစီးနေရသလိုပါပဲ။ သူဟာ အသင်းကထွက်ရပြီဆိုတဲ့ အနေအထားနဲ့ ခနခနနီးစပ်ခဲ့ပါတယ်။ ဒါပေမယ့်အခုတော့ အဲ့ဒီအနေအထားနဲ့ ကင်းဝေးသွားခဲ့ပြီလို့ ဆိုရမလားပါပဲ။ အာတီတာကို တောက်လျှောက်ထောက်ခံခဲ့တဲ့ ပရိတ်သတ်တွေဟာလည်း သူတို့မှန်ကန်ကြောင်းဝံ့ကြွားစပြုနေကြပြီဖြစ်သလို ၊ အာတီတာဖက်သားတွေလဲပိုများလာပါပြီ။
အာတီတာဟာ လတ်တလောမှာ ဇယားရပ်တည်မှုအရကျေနပ်စရာကောင်းနေသလို ၊ ဖလားပွဲမှာလဲ ဆီမီးဖိုင်နယ်အထိတက်ထားတာကြောင့် ဆုဖလား မျှော်လင့်စရာအနေအထားတစ်ခုမှာရှိနေပေမယ့် ရှေ့မှာဖြစ်ခဲ့တာတွေရဲ့အတွေ့အကြုံအရ ချက်ချင်းလဲ လှန်ချသလိုကြုံရနိုင်ပါသေးတယ်။ အားလုံးဟာ အထိမခံအနေအထားမှာရှိနေဆဲပါ။
ကိစ္စက အခုမှလာတာပါ။ အာတီတာ ပရိတ်သတ်တွေကို မျှော်လင့်ချက်ပေးမိခဲ့ပါပြီ။
အာဆင်နယ်ပရိသတ်တွေဟာ အဆင့် ၄ နေရာအတွက်မျှော်လင့်ချက်ကြီးကြီးထားစပြုနေပြီဖြစ်ပြီး ၊ လက်ရှိကစားသမားစုဖွဲ့မှုအရ စိန်ခေါ်နိုင်ပြီလို့ ယုံကြည်နေကြပါတယ်။ အသင်းကလည်း တိုးတက်မှုအရိပ်အယောင်တွေပြသနေတာဖြစ်လို့ မျှော်လင့်ချက်တွေကလဲ တိုးသည်ထက်တိုးလာနေကြပါတယ်။
အခုအချိန်ဟာ အာတီတာဟာ တစ်စုံတစ်ရာလုပ်နိုင်မယ့်လို့ ပရိတ်သတ်များစွာက ပြန်ယုံကြည်လာကြချိန်ပါပဲ။ ဒါကပဲ အာတီတာအတွက် အသင်းမှာဆက်ရှိရေး အဆုံးအဖြတ်တစ်ခုသဖွယ်ဖြစ်သွားနိုင်တဲ့အနေအထားဖြစ်ပါတယ်။ တကယ်လို့ သာ အာဆင်နယ်ဟာ အဆင့် ၄ လဲမဝင်ခဲ့ဘူး ၊ ဆုဖလားတစ်ခုခုလဲမရဘူး ၊ တချိန်ထဲမှာ စပါးအသင်းကသာ အဆင့် ၄ ဝင်သွားမယ် ၊ ဆုဖလားတစ်ခုခုလဲရသွားမယ်ဆိုပါစို့။ အာတီတာအပေါ်လက်ရှိဖြစ်ပေါ်နေတဲ့ အပေါင်းလက္ခဏာ ဆန်တဲ့ မျှော်လင့်ချက်တွေဟာ ပြောင်းပြန် သက်ရောက်မှုဖြစ်သွားပါလိမ့်မယ်။ လောလောဆယ် ငြိမ်သက်နေတဲ့ “ Arteta Out “ အဖွဲ့ဟာ အားအင်အပြည့်နဲ့ ပြန်ပေါ်လာမှာဖြစ်ပါတယ်။
ဘယ်ပရိတ်သတ်တွေအတွက်မဆို မျှော်လင့်ချက်တွေ ပျက်ပြယ်သွားတယ်ဆိုတဲ့ အနေအထားဟာ ထိခိုက်နာကျင်စရာဖြစ်ပါတယ်။ ရှုံးနိမ်တဲ့ရာသီတွေများလာရင် သိသိသာသာရော ၊ မသိမသာပါ ကလပ်အသင်းကိုစွန့်ခွာသူတွေများလာတာပါပဲ။
ဒီလိုပြောလိုက်တဲ့အခါ နိမိတ်ဖတ်သလိုဖြစ်နေပေမယ့် အာဆင်ဝင်းဂါးနဲ့ တုန်းက ကြုံခဲ့ဖူးပြီးသားပါပဲ။ ဘယ်လောက်ပဲကြီးမားတဲ့ အောင်ပွဲတွေရခဲ့ရခဲ့ မျှော်လင့်တဲ့အတိုင်းဖြစ်မလာချိန်မှာတော့ နာကျင်စရာတွေဖြစ်ခဲ့ရတာပါ။ မလှမပ အဆုံးသတ်ကြီးတစ်ခုဖြစ်ခဲ့ရတာပါ။ အခုလဲ အာတီတာနဲ့မှာ ပုံစံတူတွေဖြစ်လာဦးမလား ပြောရခက်ပါတယ်။
အာတီတာတစ်ယောက် သူ့အလုပ်သူလုပ်ရင်း ၊ သံသယမျက်လုံးတွေကို ကျော်ဖြတ်သွားနိုင်မယ်လို့တော့မျှော်လင့်ရတာပါပဲ။ ဒါပေမယ့် ပြင်းထန်တဲ့ ၊ ခံစားချက်ဦးစားပေးတဲ့ ကိစ္စတွေထပ်ဖြစ်လာရင်တော့ ဒီစပိန်သားရှင်သန်သွားနိုင်ပါ့မလားကတော့ မသေချာပါဘူး။
ပရိတ်သတ်တွေအတွက် မျှော်လင့်ချက်ကိုမွေးဖွားပေးပြီးရင် ၊ ဖြည့်ဆည်းပေးနိုင်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ခွင့်လွတ်မှုဆိုတာ သိပ်ကိုရှားပါးတဲ့အရာဖြစ်ကြောင်း အာတီတာလက်တွေ့ သိသွားရပါလိမ့်မယ်။
ပက်ပ်ဂွာဒီယိုလာ နေရာအစားထိုးမယ့်သူအဖြစ်လျာထားတာ ၊ ဘာစီလိုနာ နည်းပြအဖြစ်လဲ မကြာခနသတင်းထွက်တဲ့ကိစ္စတွေဟာ အာတီတာအနေနဲ့ အစောတလျင်ထည့်သွင်းစဥ်းစားရမယ့် အဖြစ်ကို မရောက်သွားစေချင်တာကတော့ အမှန်ပါပဲ။ ဒါဟာ သူ့ကိုအားပေးလို့ ဆိုတာထက် အသင်းပရိတ်သတ်တစ်ယောက်အနေနဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။
Ref – The dangerous game of hope that could cost Arteta’s Job