တိုက်စစ်မှုးသစ်ခေါ်ယူရေးမှာ အရေးပါနေတဲ့ အူဘာမီယန် ရဲ့အပြောင်းအရွှေ့ 

အာဆင်နယ်ဟာ ထိုက်သင့်တဲ့ကမ်းလှမ်းမှုတစ်ခုရလာခဲ့ရင် အူဘာမီယန်းကို ရောင်းချသွားနိုင်ချေ ရှိနေတယ်လို့ Sky Sports ကဆိုလာပါတယ်။ လက်ရှိအချိန်မှာ‌တော့  အူဘာမီယန်းဟာ အာဖရိကဖလားပွဲအတွက် ဂါဘွန်နဲ့ပူးပေါင်းဖို့ လန်ဒန်ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ ခြေစမ်းပွဲမှာတော့ ပင်နယ်တီကနေ နိုင်ငံအသင်းအတွက် တစ်ဂိုးသွင်းပေးထားနိုင်တယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ အူဘာမီယန်း အာဖရိကမှာ ရှိနေတဲ့ကာလကို အသုံးချပြီး ဂါဘွန်သားရဲ့ အနာဂတ်ကို ပြန်လည် သုံးသပ်ဖွယ်ရှိနေပါတယ်။ အူဘာမီယန်းဟာ အသင်းရဲ့ နောက်ဆုံးပွဲစဉ် ခြောက်ပွဲစလုံးမှာ ပါ၀င်ခွင့်မရခဲ့တာဖြစ်ပါတယ်။ သတင်းအချို့အရလဲ နောက်ဆုံးအခွင့်အရေးရှိနေတယ်လို့ ဆိုနေပါတယ်။

သူမပါ၀င်ခဲ့တဲ့ ပွဲစဉ်ခြောက်ပွဲမှာ အသင်းဟာ ငါးပွဲအထိ အနိုင်ရခဲ့ပြီး သွင်းဂိုး၂၀အထိကို သွင်းယူနိုင်ခဲ့ပါတယ်။ အူဘာမီယန်းရဲ့ ကပ္ပတိန်လက်ပတ်ကို လွှဲပြောင်းရယူထားသူ လာကာဇက်တီကလည်း အသင်းရဲ့တိုက်စစ်မှာ ဆာကာ၊မာတင်နယ်လီနဲ့ အိုဒီဂတ်တို့နဲ့ အတူ အကောင်းဆုံး တွဲဖက်ကစားနေတာဖြစ်ပါတယ်။ လာကာဇက်ရဲ့ကွင်းလယ်ထိဆင်းကာ တိုက်စစ်နဲ့ ချိတ်ဆက်ကစားပေးပုံကြောင့် အိုဒီဂတ်၊ဆာကာ၊မာတင်နယ်လီတို့အတွက် နေရာလွတ်တွေဖန်တီးပေးနိုင်ပြီး  အသင်းရဲ့လူငယ်ကစားသမားလေးတွေဟာ ပိုပြီး ခြေစွမ်းပြလာနိုင်တာလည်း ဖြစ်ပါတယ်။  ဆိုလိုတာက သူမပါဝင်ပဲ ဘာဆက်လုပ်မယ်ဆိုတာ အာတီတာမှာအဖြေရှိပြီးနှင့်ပါပြီ။

Advertisements

အူဘာမီယန်း ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ အသင်းအတွက်ပြိုင်ပွဲစုံ သွင်းဂိုး ၂၉ဂိုးအထိ သွင်းယူပေးခဲ့ပြီး အာဆင်နယ်ဟာလည်း FA ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။အဲ့ဒီ‌နောက် နွေရာသီမှာတော့ ကစားသမားဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀နဲ့ စာချုပ်သစ်ချုပ်ဆိုပြီးကတည်းက အော် ဘာမီယန်းရဲ့အကောင်းဆုံးခြေစွမ်းတွေကို မြက်ခင်းစိမ်းတွေပေါ်မှာ ပြန်လည်မြင်တွေ့ရခြင်း မရှိတော့ပါဘူး။ 

ကိန်းဂဏန်းအချက်အလက်တွေအရ အော်ဘာမီယန်းရဲ့ ဂိုးသွင်းယူနိုင်စွမ်း၊အခွင့်အရေးတွေကို အဆုံးသတ်နိုင်စွမ်းတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီး လျော့ကျလာခဲ့ပါတယ်။အသက် ၃၂နှစ်အရွယ်ကြောင့်လို့ဆိုနိုင်ပေမယ့် အသင်းရဲ့ လစာအများဆုံးကစားသမားတစ်ယောက်အနေနဲ့ အသင်းအတွက် ထိုက်တန်တဲ့ ပေးဆပ်မှုမလုပ်နိုင်တာတော့အမှန်ပါပဲ။ 

ဒါကြောင့် အာဆင်နယ်အနေနဲ့ စည်းကမ်းပိုင်းအားနည်းတဲ့၊ လစာငွေ အများအပြားလည်း ပေးချေနေရတဲ့၊စွမ်းဆောင်ရည်တွေကျဆင်းလာတဲ့ တိုက်စစ်မှူးကို အသင်းမှာ ဆက်ပြီး ထိန်းသိမ်းထားဟန်မရှိတော့ပါဘူး။ဇန်နဝါရီမှာ တိုက်စစ်မှူးတစ်ဦးကို ၀ယ်ယူဖို့များနေသလို  အူဘာမီယန်းကိုလည်း ရောင်းချသွားမလား ဒါမှမဟုတ် အငှားချမလား ဆိုတာ မကြာခင်ဆုံးဖြတ်ချက်ချရှိနေပါတယ်။  တကယ်တော့ အူဘာရဲ့လစာတစ်ဝက်ကို ခံပြီးအငှားခေါ်မယ့်အသင်းရှိရင်တောင်မှ  အာဆင်နယ်တို့ ထိပ်တန်းကစားသမားတစ်ယောက်ကို လစာပေးလို့ရပါသေးတယ်။ အသုံးမပြုပဲထားရင် ဝန်ပိုဖြစ်နေမယ့် ငွေပမာဏကြောင့်မဖြစ်မနေ Off Load လုပ်ရမယ့် အာဆင်နယ်အခြေအနေကိုသိနေလို့  နယူးကာဆယ်တို့ဟာ အောက်စျေးနဲ့ကမ်းလှမ်းနေလားလဲ စဥ်းစားစရာပါ။ ပြန်တွေးကြည့်ရင် နှမြောစရာပါ။

လက်ရှိမှာ ဘာစီလိုနာနဲ့နယူးကာဆယ်တို့က‌ အူဘာမီယန်းကို စိတ်၀င်စားနေကြပါတယ်။ရာသီကုန်မှာ လာကာနဲ့အန်ကက်တီးယားတို့ကိုပါ လက်လွှတ်ရဖွယ်ရှိနေတဲ့ အာဆင်နယ်ကတော့ ဇန်နဝါရီမှာ တိုက်စစ်မှူးတွေ မဖြစ်မနေ ရှာဖွေဖို့လိုနေတာတော့ အမှန်ပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: