နောက်ဆုံးရ အာဆင်နယ် သတင်းများ  (4Jan)

ခြေစွမ်းပြ လူငယ်လေးကို နောက်ထပ်တစ်သင်းမှာ ပြောင်းပြီးကစားစေမယ့် အာဆင်နယ်

စကော့တလန်ကလပ် ရော့စ်ကောင်တီ မှာ  အငှားသွားရောက်ကစားနေတဲ့  လူငယ်နောက်ခံ ကစားသမားလေး  ဟယ်ရီကလာ့ခ်   ကို အသင်းကိုပြန်လည်ခေါ်ယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားလေးဟာ အငှားနဲ့ကစားနေစဥ် ၁၇ ပွဲကစားပြီး ၃ ဂိုးသွင်း   ၂ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်  Football London ရဲ့အဆိုအရ ကစားသမားလေးကို အသင်းကြီးဆီမှာနေရာပေးဖို့ထက် နောက်ထပ် စကော့တလန် အသင်းတစ်သင်းဖြစ်တဲ့ ဟိုက်ဘာနီယန် ကိုထပ်မံအငှားချသွားဖို့ရှိတယ်လို့  သိရ ပါတယ်။

နိုင်းလ်စ် ကိုအလျှင်စလိုရောင်းမှာ မဟုတ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ကွင်းလယ်လူနိုင်းစ်လိုရောင်းချဖို့အတွက်  အလွယ်တက ူဆုံးဖြတ်ချက်ချသွားမှာမဟုတ်ကြောင်း   The Athletic သတင်းဌာနရဲ့  သတင်းထောက် အွန်းစတိန်းက ဖော်ပြလာခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့်  နိုင်းလ်စ် ကို အလျှင်အမြန်ခေါ်ယူချင်နေတဲ့ မော်ရင်ဟိုအတွက် အခက်အခဲရှိလာနိုင်ပြီး အခြားအသင်းတွေကပါ  ဝင်ရောက်ကြားဖြတ်လာနိုင်ိချေရှိနေတယ်လို့  အွန်းစတိန်းကပဲ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

နီဗက်စ်ကို ခေါ်ချင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဝုဖ် အသင်းရဲ့ ကွင်းလယ်ကစားသမား ရူဗင်နီဗက်စ်ကို ပေါင် ၃၄ ခန့်နဲ့ခေါ်ယူလိုနေတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။ ဒါပေမယ့် နီဗက်စ်ကို ဝုဖ်ဖက်က ရောင်းချဖွယ်မရှိဘူးလို့ လည်း သိရပါတယ်။

Advertisements

တကယ်သာခေါ်မယ်ဆိုရင်  စျေးညှိပေးမယ်ဆိုတဲ့ ကော်တင်ဟို

အာဆင်နယ်အသင်းနဲ့အတူ လက်စတာ ၊ နယူးကာဆယ်အသင်းတို့ကလည်း  ဘာကာကွင်းလယ်လူကို ခေါ်ယူချင်နေပေမယ့် ကစားသမားရဲ့ လစာနှုန်းထားက အခက်အခဲတစ်ခုဖြစ်နေတယ်လို့ သိရပါတယ်။ Mirror ရဲ့ဖော်ပြချက်အရတော့  ကော်တင်ဟို ဟာလစာလျှော့ယူဖို့လည်း လမ်းဖွင့်ထားတယ်လို့  သိရပါတယ်။

ပေပေကို အငှားမချသင့်ဘူးလို့  နာမည်ကျော်ဂျာနယ်လစ်သုံးသပ်

အားကစားဂျာနယ်လစ် ပေါလ်ဘရောင်းက  ပေပေအနေနဲ့  အသင်းမှာနေရာမရပေမယ့် ဒီရာသီမှာ အငှားထွက်ကစားဖြစ်မှာမဟုတ်ဘူးလို့သုံးသပ်သွားပါတယ်။ သူ့ရဲ့ဆောင်းပါးမှာ  အာဆင်နယ်အသင်းက တိုက်စစ် ၃ ယောက်နဲ့ ကစားတာဖြစ်လို့  ပေပေကို အချိန်အတိုင်းအတာတစ်ခုထိ လိုအပ်နေမှာဖြစ်တယ်လို့  ရေးသားထားတာဖြစ်ပါတယ်။  Give Me Sport နဲ့တွေ့ဆုံတဲ့အစီအစဥ်မှာ “ သူတို့သာ ပေပေကို အငှားချမယ်ဆိုရင် အံ့သြစရာတစ်ခုဖြစ်လာမှာပါ။ ဘာလို့လဲဆိုရင် အာဆင်နယ်ရင်ဆိုင်ရမယ့်ပွဲတွေ အများကြီးကျန်ပါသေးတယ်။ သူတို့အသင်းကစားပုံအရ ပေပေကို တစ်ခါတစ်ရံမှာထည့်သုံးဖို့ လိုအပ်ပါတယ် “   လို့ဆိုခဲ့တာပါ။

အငှားမှာလည်းနေရာမရလို့  နောက်ထပ်အသင်းသစ်ရှာရမယ့် အာဆင်နယ်လူငယ်

၂၀၂၀ ခုနှစ်တုန်းက စပါးအသင်းထံကနေ  အလွတ်ပြောင်းရွေ့ကြေးနဲ့ခေါ်ယူထားတဲ့  နောက်ခံလူ ဂျိုနသန်ဒန်ဇီယီ  ကို လက်ရှိအငှားကစားနေတဲ့  ကာလ်စီ ယူနိုက်တက် အသင်းကနေ ပြန်ခေါ်ပြီးနောက်ထပ် တစ်သင်းကို အငှားချဖို့စီစဥ်နေတယ်လို့ သိရပါတယ်။  အဆိုပါကစားသမားဟာ အငှားကစားသမားဘဝမှာလည်း ၁ ပွဲသာကစားရတဲ့အတွက် အခုလိုစီစဥ်ရတာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: