ကွင်းထဲပြန်မရောက်ခင်အထိ  တဆင့်ခံညွန်ကြားချက်နဲ့ပဲ စခန်းသွားရမယ့်  အာတီတာ

ကိုဗစ်ကူးစက်မှုကြောင့် မန်စီးတီးနဲ့ပွဲစဉ်ကို အာတီတာအစား လက်ထောက်မန်နေဂျာ အဲလ်ဘတ် စတူဗန်ဘတ်က အသင်းကို ကြီးကြပ်ခဲ့ရပါတယ်။အာဆင်နယ်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ရပေမယ့် အာတီတာဟာ အသင်းရဲ့ စွမ်းဆောင်ရည်တွေအပေါ်  ဂုဏ်ယူနေကြောင်း အဲလ်ဘတ်က ဖွင့်ဟလာခဲ့ပါတယ်။ 

ပထမပိုင်းမှာ အာဆင်နယ်ဟာ မန်စီးတီးကို အသာစီးယူပြီး ပွဲစဉ်ကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ဂိုးမြူးနေတဲ့ ဆာကာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကွင်းလယ်ဒိုင်ရဲ့ စိတ်ပျက်ဖွယ် ဆုံးဖြတ်ချက်များစွာကြောင့် ပွဲပြီးဆုံးချိန်မှာ (၁-၂)ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ 

ဒီလိုမျိုး ကွင်းလယ်ဒိုင်ရဲ့လုပ်ရပ်တွေကြောင့် ပွဲတစ်ပွဲရဲ့ရသ ပျက်ခဲ့ရပြီး အသင်းဟာ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ရပေမယ့် အရာအားလုံးက အဆိုးတွေချည်းတော့ မဟုတ်ပါဘူး။အာဆင်နယ်အတွက် အပေါင်းလက္ခဏာဆောင်ခဲ့တဲ့ အရာများစွာရှိခဲ့ပြီး အာတီတာဟာ ဒီ့အတွက် ကျေနပ်သဘောကျခဲ့တယ်လို့ သူရဲ့လက်ထောက်က ဖောက်သည်ချလာခဲ့ပါတယ်။ 

“ပွဲအပြီးမှာတော့ အာတီတာနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့ပါတယ်။အသင်းနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် သူက ဂုဏ်ယူပြီး ပျော်ရွှင်နေခဲ့ပါတယ်။ အနိုင်သုံးမှတ်ကို ဆုံးရှုံးခဲ့ရတဲ့အတွက်တော့ သူဟာ စိတ်ပျက်ခဲ့ပါတယ်။” 

Advertisements

ပွဲကစားနေတဲ့ အချိန်အတွင်းမှာ သူနဲ့အာတီတာကြား တိုက်ရိုက်ဆက်သွယ်မှုမရှိခဲ့တဲ့ တခြားနည်းလမ်းတွေနဲ့ အချိတ်အဆက်ရှိနေခဲ့ပါတယ်လို့ အဲလ်ဘတ်က ဆိုပါတယ်။ 

“ပွဲချိန်အတွင်းမှာ မီ‌ခေးလ်နဲ့ ကျွန်တော့်ကြားမှာ တိုက်ရိုက်ဆက်သွယ် ပြောဆိုနေတာမျိုးတော့ မရှိပါဘူး။ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ကြား အချိတ်အဆက်တော့ ရှိပါတယ်။ လှေကားတွေပေါ်မှာ ရှိတဲ့ တစ်ယောက်ယောက်ကနေတစ်ဆင့် ကျွန်တော်တို့ဟာ တစ်ဆင့်ခံဆက်သွယ်ခဲ့ကြပါတယ်။” 

“တိုက်ရိုက်ပြောဆိုနေတာမျိုးမဟုတ်ပဲ  ကြားလူတစ်ဆင့်ခံပြီး မီ‌ခေးလ်က လိုအပ်တဲ့ ညွှန်ကြားချက်တွေကို ကျွန်တော့်ဆီပို့ပေးပါတယ်။သူပါ၀င်ဖို့ လိုအပ်တယ်လို့ ထင်တဲ့ ပွဲမစခင်အချိန်၊ ပထမပိုင်းပြီးလို့ နားချိန်တွေမှာ မီခေးလ်ဟာ ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။”  

“ဒါကြောင့် မီခေးလ်ကွင်းထဲမှာ မရှိခဲ့တာဟာ ပွဲစဉ်ရဲ့ရလဒ်ကို မပြောင်းလဲစေနိုင်ပါဘူး။မီ‌ခေးလ်ရဲ့ခန္ဓာကိုယ်က ကွင်းထဲမှာ ရှိမနေရုံပါပဲ” လို့ အဲ့လ်ဘတ်က ပြောပြလာခဲ့ပါတယ်။ 

အာတီတာကို လီဗာပူးလ်နဲ့ယှဉ်ပြိုင်ရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မြင်ရမှာလားဆိုတာနဲ့ ပတ်သက်ပြီး မသေချာသေးပါဘူးလို့ အဲလ်ဘတ်က ပြောခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: