နောက်ဆုံးရ အာဆင်နယ် သတင်းများ (3Jan)

ပါတေးရဲ့ ကစားပုံက  ဗီအဲရာကို အမှတ်ရစေပါတယ်

အာဆင်နယ်ကွင်းလယ်လူဟောင်း ဂီဘာတိုဆေးဗား က မန်စီးတီးနဲ့ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့ ပါတေးရဲ့ကစားပုံကို ကြည့်ရတာဟာ ဂန္တဝင်ကြီး ဗီအဲရာကစားနေတဲ့အတိုင်းပဲ ဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။ ပါတေးဟာ ခံစစ်ရော ၊တိုက်စစ်ရောကို သမမျှတအောင်ကစားသွားခဲ့ပြီး မန်စီးတီးကွင်းလယ်ကို လွှမ်းမိုး ထိမ်းချုပ်နိုင်ဖို့အတွက် အဓိက ကျတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှုးအတွက် လီဗာပူးနဲ့  အာဆင်နယ်အပြိုင်ကြိုးစားနေကြ

လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ စပို့တင်းဘရာဟာအသင်းတိုက်စစ်မှုး  ရီကာဒိုဟော့တာ ကိုအပြိုင်စိတ်ဝင်စားနေကြတယ်လို့  စပိန်သတင်းစာ Fichajes ကဖော်ပြသွားပါတယ်။ အသက် ၂၇ နှစ်အရွယ်ပေါ်တူဂီတိုက်စစ်မှုးဟာ ဒီရာသီမှာ ဘရာဟာ အတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးသွင်း ၊ ၅ ကြိမ်ဖန်တီးပေးထားနိုင်သူလဲ ဖြစ်ပါတယ်။  ကစားသမားရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိရှိနေပြီး  စာချုပ်ဖျက်သိမ်းကြေးကတော့  သန်း ၃၀​ ခန့်ရှိနေတယ် လို့သိရပါတယ်။

အီဆက်ကိုသာ အာဆင်နယ်တကယ်ခေါ်ချင်ရင် ဘာစီလိုနာ နောက်ကျကျန်နေမယ်လို့ သုံးသပ်

ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့  ဆိုစိဒက်တိုက်စစ်မှုး အီဆက် ကို ခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့ သတင်းထွက်နေပေမယ့် လက်တွေ့မှာတော့ အာဆင်နယ်ကို သာလွန်အောင်ချဥ်းကပ်နိုင်မှာ မဟုတ်ဘူးလို့   Barca Universal ရဲ့ စာရေးသူ မိုက်ကယ်ဒူးရန့်က သူ့ရဲ့ဆောင်းပါးမှာ သုံးသပ်ရေးသားသွားခဲ့ပါတယ်။ ငွေကြေးအခက်အခဲတွေဖြစ်နေတာကြောင့်ရော ၊ အူဘာမီယန်ရဲ့နေရာအတွက် တွန်းအားပေးပြီးတိုက်စစ်ရှာဖွေနေတဲ့အတွက်ကြောင့်ရော အာဆင်နယ်နဲ့ အပြိုင်သာဖြစ်ခဲ့ရင် ဘာကာတို့လက်လျှော့ရမယ်လို့ သူက သုံးသပ်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ဗလာဟိုဗစ် ၊ ဂျိုနသန်ဒေးဗစ် ၊ ဝက်စ်ကင် ၊ ကဲဗက်လီဝင် ၊ အီဆက်တို့ထဲကတစ်ဦးတော့ခေါ်ယူဖြစ်မယ်လို့ ခန့်မှန်းသူတွေက နေ့စဥ်သုံးသပ်ရေးသားနေကြပေမယ့် အခုအချိန်ထိတော့တရားဝင်ကမ်းလှမ်းမှုတွေမပြုလုပ်ရသေးတာဖြစ်ပါတယ်။

Advertisements

အစ္စကို  ကို စပါးကလဲ ကြိုးစားတော့မယ်

အာဆင်နယ်အသင်းနဲ့ သတင်းကြီးနေခဲ့တဲ့  ရီးရဲကွင်းလယ်လူ အစ္စကို  ကို စပါးအသင်းက ကမ်းလှမ်းတော့မှာဖြစ်တယ်လို့  HITC ကဖော်ပြလာပါတယ်။ အသက် ၂၉ နှစ်ရှိစပိန်သားဟာ  အသင်းပြောင်းဖို့သေချာသလောက်ရှိနေပြီဖြစ်ပြီး  ၊ စပါးနဲ့အတူ နယူးကာဆယ်က စိတ်ဝင်စားနေတယ်လို့ Euro Sport ကလည်းဖော်ပြလာပါတယ်။

ရမ်းစ်ဒေးဟာ အသက်ငယ်ပေမယ့် မယုံနိုင်စရာခရီးတစ်ခုကို ကျော်ဖြတ်ခဲ့ပြီလို့ ချီးကျူးခံရ

ဝက်ဖို့ဒ်ဂိုးသမားဘန်ဖော်စတာက  အာဆင်နယ်လူငယ်ကစားသမားရမ်းစ်ဒေးလ်ကို အသက်ငယ်ပေမယ့် ရင့်ကျက်ပြီး ခရီးရှည်တစ်ခုကို လျှောက်ခဲ့်ပြီးသူတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးပြောဆိုသွားပါတယ်။ 

“ သူကအသက် ၂၃ ပဲရှိသေးတဲ့ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်တွေ့ဖူးသမျှကစားသမားတွေထဲမှာ အလွန် နှိမ့်ချမှုရှိတဲ့ ၊ တဖက်သားကိုလေးစားတတ်တဲ့ ၊ ရီုးသားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ လူသာငယ်တာ ..  အတွေ့အကြုံတွေကတော့ အပြည့်နဲသူတစ်ယောက်ပါပဲ။  အံ့သြစရာကောင်းတဲ့ ကိုယ်ပိုင်ခရီးစဥ်တစ်ခုကိုလဲ  ပိုင်ဆိုငိထားခဲ့ပြီးပါပြီ  လို့  Podcast အစီအစဥ်ကနေ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဆာကာနဲ့ မာတင်နယ်လီက စီးတီးနောက်တန်းကိုလွှမ်းမိုးခဲ့တယ်လို့  ဒစ်ဆွန်  ပြော

မာတင်နယ်လီနဲ့ ဆာကာ တို့နှစ်ဦးရဲ့စွမ်းဆောင်ရည်ကြောင့် မန်စီးတီး နောက်ခံအစွန်လူတွေဟာ ဘောလုံးရှင်းထုတ်သူတွေသက်သက်သာဖြစ်ခဲ့ကြတယ်လို့  ဂန္တဝင်ကြီး လီဒစ်ဆွန် က Premier League Production အစီအစဥ်ကတဆင့် ချီးကျူးသွားခဲ့ပါတယ်။ “ သူတို့နှစ်ယောက်ကပဲ လွှမ်းမိုးသွားခဲ့တာဗျ။ လူငယ်နှစ်ယောက်ရဲ့စွမ်းဆောင်ရည်က အံ့သြစရာကောင်းလောက်အောင်ပဲ ပြောင်မြောက်လှပါတယ်။ သူတို့ကြောင့် မန်စီးတီးနောက်တန်းတွေက ဘောလုံးရှင်းဖို့ကလွဲပြီး တခြားဘာမှလုပ်မရခဲ့ပါဘူး “  လို့ဆိုခဲ့တာပါ။

Advertisements

Leave a Reply

%d bloggers like this: