အာဆင်နယ်အသင်း ဘယ်အချိန်မှာ EPL ချန်ပီယံဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းခဲ့တဲ့ ဆိုးလ်ကင်းဘဲ

အာဆင်နယ်ဟာ မှန်ကန်တဲ့ ကစားသမားခေါ်ယူမှုတွေပြုလုပ်နိုင်မယ်ဆိုရင် နောင် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်တယ်လို့ အသင်းရဲ့ ကစားသမားဟောင်းဆိုးကမ်းလ်ဘဲလ်က ခန့်မှန်းလာခဲ့ပါတယ်။  အာဆင်နယ်တို့ဟာ ဒီဖက်လတွေအတွင်း အသင်းရဲ့ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ဖို့ မျှော်လင့်နိုင်စပြုလာပါတယ်။ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ အချိန်တစ်ခုကြာ ဝေးကွာနေခဲ့တဲ့ အသင်းဟာ အာတီတာရဲ့ ဦးဆောင်မှု၊ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့အတူ လက်ရှိအချိန်မှာ  ဥရောပ၀င်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာ အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး စပါး၊ ၀က်စ်ဟမ်းနဲ့မန်ယူတို့ကို ဦးဆောင်ထားနိုင်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင်သန်း ၁၅၀ကျော်သုံးစွဲပြီး ‌ ကစားသမားအသစ်တွေ အမြောက်အများခေါ်ယူခဲ့တာကြောင့် အသင်းရဲ့ကစားကွက်မတည်မငြိမ်ဖြစ်မှာကို ရာသီအစမှာ စိတ်ပူခဲ့ရပါသေးတယ်။ ဒါပေမယ့် အာတီတာရဲ့ အကူအညီနဲ့အတူ ကစားသမားသစ်တွေဟာ အသင်းမှာ အလျင်အမြန်ပဲ အခြေကျခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

“အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ဝီရှိုင်းယားပြောတာကို ကျွန်တော်ကြားခဲ့ရပါတယ်။ ဒီနှစ်မှာတော့ အခွင့်အရေးမရှိဘူးလို့ သူပြောခဲ့တယ် ထင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ကစားသမားတွေခေါ်ယူနိုင်မယ်ဆိုရင်တော့ နောက်လာမယ့် နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်းမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားရနိုင်မယ်လို့ ကျွန်တော်ကပြောချင်ပါတယ်။

Advertisements

“သူတို့က မှန်ကန်တဲ့ ကစားသမားတွေခေါ်နိုင်မယ်ဆိုရင် ဘာလို့ မရနိုင်ရမှာလဲ။သူတို့ ကွင်းထဲမှာ စွမ်းဆောင်ရည်ကောင်းကောင်းလုပ်ပြနေနိုင်ပြီး အာတီတာကလည်း အသင်းကို ကောင်းကောင်းထိန်းကြောင်း ထားနိုင်ပါတယ်။ နောဝှစ်ကို ၅ဂိုးပြတ်နဲ့အနိုင်ရခဲ့တာဟာ တကယ်ကို ကောင်းမွန်တဲ့ရလဒ်တစ်ခုပါပဲ။ ကိုယ့်အသင်းက ဘာလဲဆိုတာ ပြချင်ရင် အမှတ်ပေးဇယားက အောက်ခြေကအသင်းတွေကိုလည်း ဒီလိုမျိုး ဂိုးပြတ်ချေမှုန်းပြရမှာပါပဲ”

“လိဒ်စ်ကို ၁-၄ ဆိုတဲ့ရလဒ် နဲ့ နိုင်ခဲ့တဲ့အာဆင်နယ်တို့ဟာ တကယ်ကို ခြေစွမ်းကောင်းမွန်ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်အချို့ကတော့ မျှော်လင့်ထားတဲ့ ရလဒ်တွေမရခဲ့ဘူးပေါ့။ ကျွန်တော့်အထင် အဲဗာတန်၊ မန်ယူတို့နဲ့ ပွဲစဉ်တွေမှာပေါ့။ ဒါပေမယ့် သူတို့အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ ဒါက သူတို့အတွက် စမ်းသပ်မှုတစ်ခုပါပဲ။ သူတို့ ဒါကို ကောင်းကောင်းဖြတ်သန်းနိုင်ခဲ့ပါတယ်”

အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတာမှာ အသားတကျမရှိသေးလို့သာ ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့  ကစားသမားဟောင်းကြီးက ယုံကြည်နေတာပါ။

 “ ပိုကောင်းတဲ့သူတွေ၊ ပိုကောင်းတဲ့ အသင်းတွေနဲ့  ရင်ဆိုင်ရင်း တဖြည်းဖြည်းနဲ့ အောင်ပွဲတွေအတွက် ကျင့်သားရလာမှာပါ။ အစပိုင်းမှာတော့ လူငယ်လေးတွေဟာ တကယ်ကောင်းတဲ့ အသင်းတွေနဲ့ကစားရတဲ့အခါ ကျင့်သားမရ ဖြစ်နေပေမယ့်၊ ကြာလာတဲ့အခါ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမယ်ဆိုတာကို နားလည်လာပါလိမ့်မယ်”

“ကျွန်တော်ဆိုလိုချင်တာ ဒါပါပဲ။ လူငယ်တွေ၊ ကစားသမားသစ်တွေအများကြီးနဲ့ တည်ဆောက်ထားတဲ့ အသင်းတစ်သင်းဟာ အစပိုင်းမှာတော့ ချက်ချင်းကြီး  ဘယ်အနိုင်ရနိုင်ပါ့မလဲ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူတို့  ကျင့်သားရလာမှာပါ။  ပွဲတစ်ပွဲကို ဘယ်လိုအနိုင်ရအောင် ကစားရမလဲဆိုတာကို ကောင်းကောင်း နားလည်သွားတဲ့အခါ ဘယ်လိုပြိုင်ဘက်ကိုမဆို အနိုင်ယူလို့ရပါပြီ”  ဆိုပြီး ဆိုးလ်ကမ်းဘဲလ်က သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: