ဝက်စ်ကင် နဲ့သတင်းထွက်လာတဲ့ အာဆင်နယ်
ဗီလာတိုက်စစ်မှုး ဝက်စ်ကင် ကို အာတီတာက စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးတဲ့နောက်မှာ အာဆင်နယ်ပရိသတ်တွေဟာ အလွန်စိတ်လှုပ်ရှားနေကြတယ်လို့ The Boot Room က ဖော်ပြလာပါတယ်။ ဝက်စ်ကင်ဟာ ယခုနှစ်ရာသီမှာ ဗီလာအသင်းအတွက် ၁၆ ပွဲကစား ၅ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးထားနိုင်သူဖြစ်ပြီး နည်းပြဂျာရတ်ရဲ့ အဓိက ကစားသမားတစ်ဦးလဲဖြစ်ပါတယ်။
ဆာကာကို ကာလရှည်စာချုပ်ထားဖို့ ဆိုးကင်းဘဲလ် ပြော
လူငယ်လေး ဆာကာနဲ့ပတ်သတ်ပြီး အပြောင်းအရွှေ့ကောလာဟာလ တွေထွက်လာတဲ့အပေါ်မှာ ကစားသမားဟောင်းကြီး ဆိုးကမ်းဘဲက အခုလိုပဲ စိုးရိမ်စွာနဲ့မှတ်ချက်ပေးလာခဲ့ပါတယ်။
အသင်းမှာရှိတဲ့လူငယ်ကစားသမားလေးတွေကို ကာကွယ်ရပါမယ် ၊ အသင်းပြောင်းမသွားအောင် ထိန်းသိမ်းရပါမယ်။ ဘာကြောင်းလဲဆိုတော့ သူတို့ဟာ နိုင်ငံအတွက်ရော ကလပ်အသင်းအတွက်ပါ အသက်သွေးကြောဖြစ်ပါတယ်။ ကိုယ်ပျိုးထောင်ထားတဲ့ ကစားသမားလေးတွေကို အသင်းကြီးတွေက လာခေါ်သွားဖို့ဆိုတာ လုံးဝခွင့်ပြုလို့်မရပါဘူး။ ဒီတော့ ငွေကြေးအင်အားက ကိုယ့်အကြာကြီးတည်ဆောက်ထားတဲ့ကစားသမားလေးတွေကို ယူဆောင်သွားတာမျိုးအဖြစ်ခံလို့မရပါဘူး။ စာချုပ်သက်တမ်းရှည်တစ်ခုနဲ့ ခိုင်မြဲအောင် လုပ်ထားရပါမယ် ဆိုပြီး TalkSport နဲ့တွေ့ဆုံစဥ်မှာ ပြောသွားခဲ့တာဖြစ်ပါတယ်။
ဗီလာကွင်းလယ်လူ လူးဝစ်ကိုလည်း အာဆင်နယ်ချိန်ရွယ်နေ
ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ဂလပ်စ်လူးဝစ်ဟာလည်း အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ထဲမှာ ပါဝင်တယ်လို့ ဖော်ပြလာပါတယ်။ အဆိုပါကစားသမားဟာ ဒီရာသီမှာ ဗီလာတို့အတွက် ၃ ဂိုးဖန်တီးပေးထားနိုင်ပြီး ၊ ဗီလာအသင်းကို ၂၀၁၉ ခုနှစ်တုန်းက ပေါင် ၁၅ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဗီလာပရိတ်သတ်တွေကတော့ ဒီသတင်းအပေါ်မှာ “ ခေါ်ချင်ရန် သန်း ၇၀ ပေး” ဆိုပြီး ပြန်လည်တုန့်ပြန်နေကြပါတယ်။ ဂန်းနားကြီး အီယန်ရိုက်ကလည်း ဒေါက်ဂလပ်စ် ဟာ နာမည်မကျော်သော်လည်း ကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးဖူးပါတယ်။
လာမယ့်အပတ်ထဲမှာ ဆုံးဖြတ်ချက်ချမယ့် နိုင်းလ်စ်
အာဆင်နယ်ကွင်းလယ်လူနိုင်းလ်စ် ဟာ လာမယ့်အပတ်မှာ သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချတော့မှာဖြစ်တယ်လို့ Mirror က ဖော်ပြလာပါတယ်။ အသက် ၂၄ နှစ်အရွယ်ကွင်းလယ်လူဟာ ရိုးမားနဲ့အလွန်နီးစပ်နေပြီလို့ သတင်းတွေမှာဖော်ပြနေကြသလို ပရီးမီးယားကလပ် အဲဗာတန်ကလည်း စိတ်ဝင်စားနေတာကြောင့် ဆက်လက်စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။
အသင်းသားတွေနဲ့ အဖွဲ့သားတွေကို ပုံအပ်ထားတဲ့ အာတီတာ
ကွင်းထဲမှာကိုယ်တိုင်ရှိမနေနိုင်ပေမယ့် ရုပ်သံကနေကြည့်ပြီး အသင်းနဲ့အတူတူရှိနေမယ်ဆိုတာကို အခုလိုပဲ အာတီတာကပြောပြခဲ့ပါတယ်။
ပွဲကိုရှုထောင့်မျိုးစုံကနေ မြင်နိုင်အောင်စီစဥ်ထားပါတယ်။ ကိုယ်တိုင်ကွင်းထဲရောက်နေသလိုပေါ့ဗျာ။ ကျွန်တော်ကတော့ တစ်ယောက်ထဲပဲ သီးသန့်ရှိနေမှဦပါ။ အဲလ်ဘတ်နဲ့ ကျန်တဲ့နည်းပြအဖွဲ့ဝင်တွေဟာ သူတို့စိတ်ကြိုက်အသင်းကို ကွပ်ကဲသွားကြမှာပါ။ ကျွန်တော်တို့ လိုအပ်တာတွေအကုန်လုံးဆွေးနွေးထားပြီးသားပါ။ ကစားသမားတွေက သိပ်ပြီးအရေးကြီးပါတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ ကွပ်ကဲသွားရမှာပါ။ ဒါကအကောင်းဆုံးနည်းလမ်းပါပဲ လို့ဆိုခဲ့ပါတယ်။