ရာသီဝက်မှာတော့ အလုပ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီဖြစ်တဲ့  အာတီတာရဲ့ ကစားသမားသစ်များ

အသင်းရဲ့ အရေးတကြီးလိုအပ်နေခဲ့တဲ့ ကွင်းလယ်တစ်နေရာအတွက် အီဒူးနဲ့အာတီတာ တို့ ရာသီမစခင်တုန်းက အသဲအသန်ကြိုးစားခဲ့ကြတာဟာ  လူသိရှင်ကြားဖြစ်ခဲ့တဲ့ ကိစ္စပါပဲ။ အန်ဒါလက်ချ်ရဲ့ လိုကွန်ဂါတစ်ယောက် ခပ်စောစောပဲအသင်းကိုရောက်လာတာကို ကျွန်တော်တို့မြင်ခဲ့ရတယ်။  ဒါပေမယ့် လိုကွန်ဂါ ဟာ အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုအဖြစ်ပဲ ပရိတ်သတ်တွေက နားလည်ခဲ့ပြီး သူတို့ ရာသီများစွာ တောင့်တနေတဲ့ကွင်းလယ်ကြယ်ပွင့် ကစားသမားတစ်ယောက် မဟုတ်ခဲ့ပါဘူး။

ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ ဘွန်ဒီယာ  ၊ အော်ရာ ၊ မက်ဒီဆင်တို့နဲ့ နွေရာသီတစ်လျှောက်လုံးသတင်းတွေထွက်နေခဲ့ပါတယ်။ အထူးသဖြင့်  အိုဒီဂတ် က ရီးရဲမှာပဲနေချင်တယ်ဆိုတဲ့ အကြောင်းကိုကြားပြီးတဲ့နောက်မှာဖြစ်ပါတယ်။ ဒါပေမယ့်  အာတီတာ တစ်ယောက် အိုဒီဂတ်ကိုခေါ်ယူရေး အားလျှော့ခဲ့ပုံမပေါ်ပါဘူး။  ပရိတ်သတ်တွေကတော့ ပရီးမီးယားလိဂ်အတွက် အိုဒီဂတ်အဆင်မပြေနိုင်ဘူးဆက်တိုက်ပြောနေခဲ့ကြပါတယ်။

အားလုံးသိကြတဲ့အတိုင်း   နောက်ဆုံးမှာ မက်ဒရစ်ကနေ  အာဆင်နယ်ကို အိုဒီဂတ်ရောက်လာပါတယ်။ ဒီနေရာမှာ ဝန်ခံစရာရှိတာက စာရေးသူတွေရော ၊  အာဆင်နယ်အမာခံပရိတ်သတ် အများစုရော အိုဒီဂတ် ကိုအထင်သေးခဲ့ကြတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ တကယ်တော့  ပြီးခဲ့တဲ့ရာသီ အငှားကာလတုန်းက လဲ အိုဒီဂတ်က ခြေစွမ်းအချို့ကို ပြသထားပြီးဖြစ်ပေမယ့် ကျွန်‌တော်တို့အားလုံးမျက်ကွယ်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် အခြားခေါ်ယူမှုတွေကိုလဲ ဝင်းဂါးလက်ထက်တုန်းက Panic Buying ဖြစ်ခဲ့တဲ့  အပြောင်းအရွှေ့ရာသီနဲ့ ခိုင်းနှိုင်းပြီးဟာသတွေလုပ်ခဲ့ကြပါသေးတယ်။

Advertisements

အာဆင်နယ်ဂန္တဝင်ရေးပါလာ ကိုယ်တိုင်က အာတီတာအနေနဲ့  မက်ဒီဆင်ကို ခေါ်သင့်တယ် ဆိုပေမယ့်    လက်စတာတို့ဖက်ကတောင်းဆိုတဲ့စျေးက သင့်တော်တဲ့အနေအထားမှာရှိမနေခဲ့တာကြောင့် အိုဒီဂတ်ကို ခေါ်ခဲ့တာဖြစ်နိုင်ကြောင်း သူ့အမြင်ကို ပြောခဲ့ပါတယ်။ HITC  နဲ့ တွေ့ဆုံရာမှာ  အာဆင်နယ်ကစားသမားဟောင်းကြီးက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

အိုဒီဂတ်က သိပ်ကောင်းပါတယ်။ အရည်အသွေးတွေကိုလဲ ပြသပြီးသားပါ။  သူက ကွင်းလယ်မှာ အားထည့်ကစားတတ်ပြီး  လိုအပ်တဲ့ဖန်တီးမှုတွေလဲ လုပ်ဆောင်နိုင်တဲ့သူမျိုးပါ။  မနှစ်က အငှားလာကစားတဲ့ကာလမှာကတည်းက  မန်နေဂျာကို အမြဲတမ်းစာချုပ် ချုပ်ဆိုဖို့ သတိပေးထားတဲ့ခြေစွမ်းတွေနဲ့ပါ။  အရိုးသားဆုံးဝန်ခံရရင် ရာသီအစမှာ မက်ဒီဆင် က အိုဒီဂတ်ထက်ပိုပြီး ခေါ်ယူဖြစ်ဖို့များခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်စတာတို့က စျေးအများကြီးတောင်းခဲ့ပုံပါပဲ။ အာဆင်နယ်အနေနဲ့   ကစားသမားတစ်ယောက်အပေါ် သန်း ၇၀ လောက်ပုံအောပြီးသုံးနိုင်တဲ့ အခြေအနေမှာမရှိခဲ့ပါဘူး။  ဒါကြောင့် အိုဒီဂတ်ကိုပဲခေါ်ယူဖြစ်ခဲ့ပုံပါ။ အခုတော့ ပိုကောင်းတဲ့ဆုံးဖြတ်ချက်ကို လုပ်ခဲ့ကြတာလို့ပြောနိုင်ပါပြီ။ အိုဒီဂတ်က အာဆင်နယ်အတွက် အစွမ်းတွေပြထားနိုင်ပါပြီ   လို့ ဆိုခဲ့ပါတယ်။

တကယ်တော့ ဒီရာသီ အာဆင်နယ်ရဲ့ ကစားသမားခေါ်ယူမှုမှာ လူကျွံဘောမိသွားကြတဲ့ ပညာရှင်တွေရော  ၊ ပရိတ်သတ်တွေရော ၊ ကျော်ကြားသူတွေရော မနဲပါဘူး။  အဓိက ဖြစ်ပေါ်ခဲ့တဲ့မေးခွန်းတွေက  ဘန်ဝှိုက်က သန်း ၅၀ တန်မတန် ၊ တိုမီယာစုက ဘယ်ကလဲ ၊  အိုဒီဂတ်က ဒီလောက်မဟုတ်ပါဘူး ၊   ရမ်းစ်ဒေးလ် လာရင် တန်းဆင်းပြီ စသည်ဖြင့်ပေါ့လေ။ ဒါရင်းဘန့် တို့ဆိုရင်  ရမ်းစ်ဒေးလ်နဲ့ပတ်သတ်ပြီး သူ့အမြင်မှားခဲ့မိကြောင်း နောက်ပိုင်းမှာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

အခုဆိုရင် အသင်းခေါင်းဆောင်သစ်က အစ ခေါ်ယူမှုအသစ်ထဲက ဖြစ်ဖို့များနေပါပြီ။ ဝိုင်းဝန်းထောက်ခံမှုတွေနဲ့အတူပေါ့။

ဒီတော့ မိတ်ဆွေကရော  အိုဒီဂတ်ကိုခေါ်ယူတာကို သဘောကျခဲ့သူလား  .. မက်ဒီဆင်ကို ခေါ်ယူဖို့ကို ပိုအားပေးခဲ့သူလား ဆိုတာပြောခဲ့ပါဦး။ ဒါ့အပြင် အိုဒီဂတ်က  ပိုကောင်းတဲ့ ကစားသမားဖြစ် သက်သေပြပြီးပြီ လို့ရော ယူဆထားပါသလား။  တိုမီယာစု ရောက်လာတော့ ဘယ်က ကစားသမားလဲလို့ တွေးမိခဲ့သေးလာ။ နှစ်မကုန်ခင် အမြင်တွေမျှခဲ့ပါဦး။

Advertisements
Advertisement

Leave a Reply

%d bloggers like this: