အာဆင်နယ်ဟာ ဘရိုက်တန်ညာနောက်ခံလူ တာရစ်လမ့်ပ်တေးကို သင့်လျော်တဲ့ဈေးနှုန်းတစ်ခုနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
တာရစ်လမ့်ပ်တေးဟာ ဘရိုက်တန်ကို ချဲလ်ဆီးကနေ ပေါင်၃သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြ ကစားထားနိုင်ခဲ့ပြီး ၊ ပွဲထွက်ခွင့်တစ်နေရာကို အပိုင်ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ လမ့်ပ်တေးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူငယ်ညာနောက်ခံလူတွေထဲက တစ်ဦးလို့ ဆိုရင်လည်းမမှားပါဘူး။
ပြီးခဲ့တဲ့ ဘောလုံးရာသီက လမ့်ပ်တေးဟာ ဆိုးရွားတဲ့တံကောက်ကြောဒဏ်ရာကြောင့် ၉လလောက်အနားယူခဲ့ရပေမယ့် ယခုအချိန်မှာတော့ ဒဏ်ရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လမ့်ပ်တေးကို စတန်းဖိုဒ့်ဘရစ်ခ်ျမှာ ရှိစဉ်ကတည်းက စိတ်၀င်စားခဲ့တာဖြစ်ပြီး လမ့်ပ်တေးရဲ့ ခြေစွမ်းကို စောင့်ကြည့်နေခဲ့ပါတယ်။
သတင်းတွေအရ အာဆင်နယ်ဟာ လမ့်ပ်တေးကို ခေါ်ယူဖို့ ကြိုးစားနေသလို ဘရိုက်တန်ကလည်း သင့်လျော်တဲ့ဈေးရရင် ရောင်းချဖို အသင့်ရှိနေတယ်လို့ သိရပါတယ်။
Sunday Time ရဲ့ သတင်းထောက် ဒွန်ကင်းကက်စတယ် ရဲ့အဆိုအရ အာဆင်နယ်ဟာ လမ့်ပ်တေး ဒဏ်ရာမရခင်ကတည်းက စောင့်ကြည့်နေခဲ့ပြီး ဒဏ်ရာကနေ အကောင်းဆုံးပြန်လာနိုင်ချိန်ရောက်မှ ခေါ်ယူဖို့ ကြိုးစားလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လမ့်ပ်တေးဟာ သူ့ရဲ့အရပ်အမောင်းကြောင့် အမြင့်ဘောတွေ ဖျက်ထုတ်တဲ့နေရာမှာတော့ အားနည်းချက် ရှိနိုင်ပေမယ့် Attacking Full back, Wing Back Role တွေမှာ ကောင်းကောင်းကစားနိုင်သူ ဖြစ်ပါတယ်။
လမ်ပ့်တေးအနေနဲ့ အာဆင်နယ်ကသာ ကမ်းလှမ်းလာခဲ့ရင် ငြင်းဆန်နိုင်မှာမဟုတ်သလို ဘရိုက်တန်အသင်းကလည်း လူငယ်ကစားသမားတစ်ယောက်ကို အသင်းကြီးတစ်သင်းဆီ ရောင်းချတဲ့အခါမှာ ငွေကြေးများများစားစား ရတတ်တာမို့ အာဆင်နယ်နဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုမှာ မဟုတ်ပါဘူး။
ဒါကြောင့် ဒီအပြောင်းအရွှေ့သတင်းသာအမှန်ဆိုရင်တော့ မကြာခင် လက်တွေ့ မြင်တွေ့ရနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံသားဖြစ်တဲ့ လမ့်ပ်တေးဟာ အသက်၂၁နှစ်သာ ရှိသေးပြီး ဒုတိယနိုင်ငံသားအဖြစ် ဂါနာနိုင်ငံသားခံယူထားတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ အဓိကညာနောက်ခံလူ တိုမီယာဆု ဒဏ်ရာရနေချိန်မှာ အာတီတာအနေနဲ့ အသင်းရဲ့ ညာနောက်ခံနေရာအတွက် အစားထိုးဖို့ ကစားသမားကောင်းတစ်ယောက်လိုအပ်နေတာဖြစ်ပါတယ်။ လမ့်ပ်တေးကို ခေါ်ယူမယ်ဆိုရင်တော့ လက်ရှိ အခက်အခဲအတွက်ကို ဖြေရှင်းနိုင်သလို အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
Arsenal ‘looking’ at deal to sign Brighton star Tariq Lamptey – Metro UK