နောက်ဆုံးရ အာဆင်နယ် သတင်းများ

တိုင်လာအဒမ်ကိုခေါ်ယူဖွယ်ရှိတဲ့ အာဆင်နယ်

လိုက်ဇစ်ကွင်းလယ်လူတိုင်လာအဒမ်ကို  အာဆင်နယ်အသင်းက ခေါ်ယူချင်နေပြီး  စာချုပ်ဖျက်သိမ်းကြေး အဖြစ် ပေါင် ၃၂.၅ သန်းခန့်ကုန်ကျဖွယ်ရှိတယ်လို့  The Athletic  ကဖော်ပြလာပါတယ်။ အဆိုပါ အမေရိကန်ကစားသမားဟာ  ရိုးမားကိုထွက်ခွာဖို့နီးစပ်နေတဲ့ နိုင်းလ်စ်နေရာမှာ အစားထိုးဖို့ အကောင်းဆုံး သော ကွင်းလယ်လူဖြစ်တယ်လို့  Football London ကလည်းသုံးသပ်တင်ပြသွားပါတယ်။

ကဲဗက်လီဝင် ကိုခေါ်ယူဖို့ ဂန္တဝင်တွေ တိုက်တွန်းနေကြ

အာဆင်နယ် ဂန္တဝင်များဖြစ်ကြတဲ့ ပေါလ်မာဆင်နဲ့ လီဒစ်ဆွန် တို့ဟာ  အာဆင်နယ်အသင်းအနေနဲ့ ထိပ်ဆုံးလေးသင်းဝင်နိုင်ဖို့အတွက် ဆောင်းရာသီမှာ လူဖြည့်ရမယ်ဆိုတဲ့အချက်အပေါ်မှာသဘောတူခဲ့ကြပြီး တိုက်စစ်မှုးကဲဗက်လီဝင်ကို ခေါ်ယူသဘောကျနေကြပါတယ်။  ဒစ်ဆွန်က  Daily Mail နဲ့တွေ့ဆုံရာမှာ အခုလိုပဲပြောခဲ့ပါတယ်။

“ ကဲဗက်လီဝင်ကို ကြိုက်လားမေးလာရင် သိပ်ကြိုက်တယ်လို့ပဲဖြေရမှာပါ။ အာဆင်နယ် ဟာ ဟာလန်းတို့လို ထိပ်တန်းတကာ့ထိပ်တန်းကစားသမားတွေကိုခေါ်ယူဖို့တော့မဖြစ်နိုင်တာကြောင့်  လီဝင် ဟာသင့်တော်တဲ့ ကစားသမားပဲဖြစ်ပါတယ်။ ကဲဗက်လီဝင်ဟာ  သူဖြစ်ချင်သလောက်ဖြစ်လာဖို့အလားအလာတွေရှိနေပါတယ်။ ကြံ့ခိုင်တယ် ၊ အမြင့်ဘောတွေကောင်းတယ်  .. အဆုံးသတ်တွေကောင်းတယ်။..  အဲဗာတန်အသင်းကို မလေးစားတဲ့သဘောမျိုးမဟုတ်ပေမယ့် အာဆင်နယ်အသင်းအတွက် ကျွန်‌တော်သူ့ကိုကြိုက်ပါတယ် “   လို့ဆိုခဲ့ပါတယ်။

ဇာကာရီယာ တစ်ယောက် ရာသီကုန်မှာ ထွက်ခွာမှာဖြစ်တယ်လို့ မိုချန်အသင်းတရားဝင်ကြေငြာ

အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပစ်မှတ် ဒင်းနစ်ဇာကာရီယာ ဟာ  ရာသီကုန်မှာအသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ မိုချန်ဂလာဘတ် အသင်းက တရားဝင်ကြေငြာသွားခဲ့ပြီဖြစ်ပါတယ်။  သတင်းတွေမှာမရိုးနိုင်အောင် တွေ့ခဲ့ရတဲ့ အာဆင်နယ် နဲ့ ဇာကာရီယာဇတ်လမ်းဟာ ဘယ်လိုဆက်စခန်းသွားမယ်ဆိုတာ မြင်ရတော့မှာဖြစ်ပါတယ်။

Advertisements

ဆာကာ ကို လီဗာပူးအသင်းက ကမ်းလှမ်းလာဖွယ်ရှိနေ

လီဗာပူးနည်းပြကလော့ဟာ  အာဆင်နယ်လူငယ်တောင်ပံကစားသမားလေး ဆာကာကိုခေါ်ယူဖို့ ကြိုးစားဖွယ်ရှိတယ်လို့  Mirror UK  ကဖော်ပြလာပါတယ်။ ဘောလုံးပွဲတင်ဆက်သူ  အီယန်မက်ဂယ်ရီကလည်း  လီဗာပူးတို့ဟာ တိုက်စစ်မှာအပြောင်းအလဲတွေလုပ်ဖွယ်ရှိပြီး ဆာကာကိုလည်းပြန်လည်ခေါ်ယူဖို့ စီစဥ်နေတယ်လို့    The Transfer Windoe Podcast  ကနေတဆင့်ပြောကြားထားပါတယ်။  ကလော့ဟာ ဆာကာကိုအလွန်နှစ်သက်သူဖြစ်ကြောင်း လွန်ခဲ့တဲ့နှစ်တွေက ထုတ်ဖော်ပြောကြားထားသူလည်းဖြစ်ပါတယ်။

ဘယ်လာရင်အတွက် ဆွေးနွေးမှုတွေမရှိသေး                                                                          

အာဆင်နယ်အသင်းကနေ အငှားသွားရောက်ကစားနေတဲ့ ဘယ်လာရင်အတွက်  ရီးရဲဘက်တစ်တို့ဟာ ဆွေးနွေးမှုတစ်စုံတစ်ရာကို ပြုလုပ်ခြင်းမရှိသေးဘူးလို့  Estadio Deportivo  သတင်းဌာနကဖော်ပြလာပါတယ်။ အသက် ၂၆ နှစ်အရွယ် နောက်ခံလူဟာ ဘက်တစ်မှာပျော်ရွင်နေတယ်လို့ သိရပေမယ့် ရာသီကုန်မှာဘာဆက်ဖြစ်မယ်ဆိုတာကတော့ ရေရေရာရာရှိပုံမရသေးပါဘူး။ ဘဏ္ဏာရေးအခက်အခဲနဲ့ကြုံနေရတဲ့ ဘက်တစ်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာသာ ကစားသမားကောင်းတွေကို ဆက်ထိမ်းထားနိုင်မှာဖြစ်တယ်လို့ အဆိုပါသတင်းမှာ သုံးသပ်ထားပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: