အာတီတာရဲ့ အာဆင်နယ်က တိုက်စစ်အသားပေးအသင်းဖြစ်ခဲ့ပြီလား

အာဆင်နယ်တို့ဟာ လိဒ်စ်ကို  ၄ ဂိုးသွင်း ၊ ဆန်းဒါးလန်းကို ၄ ဂိုးပြတ် ၊ နောဝစ်ချ်ကို  ၅ ဂိုးသွင်းပြီးအနိုင်ယူခဲ့ကြတယ်။ ဒါက ၈  ရက်တာကာလအတွင်းမှာကစားသွားခဲ့တဲ့ ဂန်းနားတို့ရဲ့  ပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်တွေဖြစ်ပါတယ်။  အာဆင်နယ်တို့ဟာ တကယ်ကို ခြားနားတဲ့အသင်းဖြစ်ခဲ့ပါပြီ။  သူတို့ရဲ့ အရှိန်ကို ခံစစ်နဲ့တားဆီးဖို့ရော ၊ တိုက်စစ်နဲ့တန်ပြန်ဖို့ရော သိပ်ခက်တဲ့အနေအထားတစ်ခုကိုရောက်ရှိနေခဲ့ပါပြီ။  နောက်ဆုံးတော့ အာဆင်နယ်တို့ဟာ ထိပ်ဆုံးလေးသင်းကို ဦးတည်နေတဲ့ တိုက်စစ်အားပြုအသင်းတစ်သင်းဖြစ်လာခဲ့ပါပြီ။

အာတီတာရဲ့အသင်းဟာ အနီးဆုံးပြိုင်ဖက် စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေကိုကျော်ဖြတ်ပြီးအဆင့် ၄ နေရာမှာရပ်တည်နေတယ်ဆိုပေမယ့် ပွဲစေ့ကစားထားတယ်ဆိုတဲ့အချက်ကိုလည်းထည့်တွက်ရပါလိမ့်မယ်။ ဒါပေမယ့် အခုပြသနေတဲ့စွမ်းဆောင်ရည်ကို ထိမ်းသိမ်းထားနိုင်တယ်ဆိုရင်တော့ အဆင့် ၄ လုပွဲမှာ သူတို့ပါလာပြီဆိုရပါလိမ့်မယ်။

ခံစစ်ပိုင်းမှာတော့ အာဆင်နယ်အသင်းက တိုးတက်မှုတွေရှိနေတာမြင်သာခဲ့ပါတယ်။  ဒီပုံစံနဲ့ပဲ   FA ဖလားကိုမြှောက်ကိုင်နိုင်ခဲ့တာဖြစ်ပါတယ်။  သူတို့ကို အမြဲတမ်းမေးခွန်းထုတ်နေတဲ့အရာကတော့  တဖက်အသင်းရဲ့  Final Third Zone ထဲမှာဘာလုပ်မလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဂန်းနားတို့ဟာ ဘောလုံးကိုအရှေ့ကိုသယ်သွားမယ်။ ဒါပေမယ့် အဆုံးသတ်ချိန်မှာတော့ အရာရာနှေးကွေးသွားခဲ့တယ်ဆိုတာ အာတီတာလက်ထက် တစ်လျှောက်လုံးနီးပါးတက်ခဲ့တဲ့ပြသနာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက  သွင်းဂိုး ၅၅ ဂိုးရှိခဲ့တဲ့ အာတီတာရဲ့အသင်းဟာ အခုရာသီမှာတော့ ၃၂ ဂိုးရရှိခဲ့ပြီးဖြစ်ပါတယ်။ 

Advertisements

မာတင်နယ်လီ ၊ စမစ်ရိုး ၊ ဆာကာ နဲ့ အိုဒီဂတ်တို့ဟာ ဒီအခြေအနေကိုဖြစ်ပေါ်လာစေတဲ့ ဗိသုကာတွေပဲဖြစ်ပါတယ်။  ဒီကစားသမားတွေဟာ ဘောလုံးကို လျှင်မြန်သွက်လက်စွာတိုက်စစ်ကစားဖို့အတွက် နည်းစနစ်ပိုင်းဆိုင်ရာအရ အဓိကကျသူတွေဖြစ်ပါတယ်။  သူတို့ဟာ အူဘာမီယန်ရဲ့  လိုအပ်ချက်ကို ချက်ခြင်းဖြည့်ဆည်းနိုင်ကြသူတွေဖြစ်ပါတယ်။ အာဆင်နယ်ကို သူ့နေရာသူ ပြန်လည်ခေါ်ဆောင်လာနိုင်ကြသူတွေဆိုရင်လဲ မမှားပါဘူး။

လာကာဇက်ဟာလည်း ချီးကျူးဖို့အတွက် ချန်ခဲ့ရမယ့် ကစားသမားမဟုတ်ပါဘူး။ အနဲငယ် လိုအပ်ချက်ရှိပေမယ့် သူ့ရဲ့ လူခုကစားဟန်က တစ်ဖက်အသင်းရဲ့  နောက်ခံလူတွေကို ဟန်ချက်ပျက်စေတဲ့အပြင် လူငယ်လေးတွေအတွက် အစွမ်းပြခွင့်တွေကို ဖော်ဆောင်ပေးနိုင်ပါတယ်။

အခုတော့အူဘာမီယန်ရှိခြင်းမရှိခြင်းက အသင်းအတွက် အရမ်းအရေးကြီးနေတာမျိုးမဟုတ်တော့ပါဘူး။  အကယ်၍ ကပ္ပတိန်ဟောင်းရဲ့နေရာကိုသာ မှန်ကန်တဲ့လူစားဖြည့်တင်းမှုပြုလုပ်နိုင်ခဲ့မယ်ဆိုရင်  အာဆင်နယ်တို့ဟာ  သူတို့တွေ မျှော်လင့်ခဲ့တဲ့ ၊ ပျောက်ဆုံးနေတဲ့ အာဆင်နယ်ကို လမ်းစမြင်ရပြီလို့ ဆိုရပါလိမ့်မယ်။

အနီးဆုံးစိန်ခေါ်မှုကတော့ နှစ်သစ်ရဲ့ ပထမဆုံးလဖြစ်ပါတယ်။ အသင်းကြီးတွေနဲ့ ဆက်တိုက်တွေ့ဆုံနေချိန်မှာ ရနိုင်သလောက်အမှတ်တွေကို စုဆောင်းနိုင်မယ်ဆိုရင်တော့ မြောက်လန်ဒန်သားတွေဟာ  ဥရောပအိမ်မက်ကို မက်လို့ရပြီဆိုရပါလိမ့်မယ်။

Arsenal have finally found their attacking chemistry under Arteta – Just Arsenal

Advertisements
Advertisement

Leave a Reply

%d bloggers like this: