နောက်ဆုံးရ အာဆင်နယ် သတင်းများ (29Dec)

နိုင်းလ်စ်အတွက်ဆွေးနွေးမှု နှစ်သင်းကြားမှာ ခရီးရောက်နေ

ရိုးမားအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ နိုင်းလ်စ်အတွက် ဆွေးနွေးမှုဟာ အတော်လေးအဆင်ပြေနေပြီလို့သိရပြီး  အသေးစိတ်ကို ဆက်လက်ညှိနှိုင်းနေကြတယ်လို့   Daily Cannon သတင်းက ဖော်ပြလာပါတယ်။  ရိုးမားတို့ဟာ  အငှားကြေးအဖြစ်ပေါင် ၆ သိန်းခန့်သုံးစွဲမှာဖြစ်ပြီး  ရာသီကုန်မှာ ပေါင် ၁၀ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ကို ထည့်သွင်းစာချုပ်လိုတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဖက်ကလည်း   ပေါင် ၁၀ သန်းထက်ပိုလိုချင်နေတာကလွဲလို့  အခြေခံအချက်အားလုံးကို သဘောတူပြီးပြီလို့ အဆိုပါသတင်းက ဖော်ပြထားပါတယ်။

အူဘာမီယန်ကို ကိုယ်ချင်းစာကြောင်းပြောလာတဲ့ရှာခါ

ကွင်းလယ်လူ အသင်းခေါင်းဆောင်ဟောင်းရှာခါက အူဘာမီယန်းခံစားနေရတာတွေကို သူ့အနေနဲ့ ကောင်းကောင်းနားလည်ကြောင်းကို  The Athletic နဲ့တွေ့ဆုံစဥ်မှာအခုလိုပဲပြောခဲ့ပါတယ်။

သူဘယ်လိုခံစားနေရတယ်ဆိုတာနားလည်ပါတယ်။  ကျွန်တော်လဲ သူ့နေရာမှာရှိခဲ့ဖူးပါတယ်။  ဖြစ်စဥ်ခြင်းကတော့ အူဘာနဲ့ မတူဘူးပေါ့ဗျာ။  တကယ်တော့ ဒီအဖြစ်တွေဟာ ခြေတစ်လှမ်းဆုတ်တာမဟုတ်ပဲ တစ်လှမ်းတိုးသွားတာလဲဖြစ်နိုင်ပါတယ်။ အူဘာဟာ ဒီအခြေအနေတွေကိုကျော်ြဖတ်ပြီး ပိုကောင်းတဲ့အနေအထားကိုရောက်အောင်သွားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။  အရာအားလုံးက သူ့အကြောင်းနဲ့ သူဖြစ်လာတာပါ။  စိတ်ပျက်စရာတစ်ခုအဖြစ် ကိုယ်တိုင်က လက်မခံဖို့လိုပါတယ်   လို့ အသင်းဖော်ကို အားပေးစကားဆိုသွားခဲ့ပါတယ်။

Advertisements

ရမ်းစ်ဒေးလ် ဟာ လက်ပတ်မဝတ်ထားတဲ့ အသင်းခေါင်းဆောင်

အာဆင်နယ်ဂန္တဝင် လီဒစ်ဆွန် က  ရမ်းစ်ဒေးလ်ရဲ့ စိတ်အားထက်သန်တဲ့ကစားပုံကို အခုလိုပဲ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

သူက လက်ပတ်မဝတ်ထားတဲ့အသင်းခေါင်းဆောင်တစ်ယောက်လို့ ပြောချင်ပါတယ်၊။ အသင်းကို သူက အမှန်တကယ် ဦးဆောင်သွားနိုင်နေတာပါ။ ကျွန်တော့်ရဲ့ မိတ်ဆွေကြီး ဆီးမန်း  နဲ့ စကားပြောဖြစ်တိုင်း ရမ်းစ်ဒေးလ်အကြောင်းတွေအမြဲပါဝင်ပါတယ်။  ဆီးမန်းက ရမ်းဒေးလ်နဲ့ တွေ့ကြုံရချိန်မှာမြင်ခဲ့ရတဲ့သဘောကျစရာတွေကို အရမ်းကျေနပ်နေတာပါ။ ရမ်းစ်ဒေးလ်ရဲ့ ပရိတ်သတ်တွေနဲ့ ချိတ်ဆက်ပုံ ၊ အဝေးကွင်းမှာသွားကစားချိန်မှာ ပြုမူပုံတွေဟာ တကယ့်အသင်းခေါင်းဆောင်တစ်ယောက်လိုပါပဲ။  အခုအချိန်ကတော့ ရမ်းစ်ဒေးလ်အတွက် အသင်းခေါင်းဆောင်ဖြစ်ဖို့အချိန်မကျသေးပေမယ့်  သူက ဦးဆောင်နိုင်သူတစ်ဦးဆိုတာကတော့ အသေအချာပါ လို့ ပြောပြသွားခဲ့ပါတယ်။

လူကာဂျိုဗစ်ကို အငှားချလိုတဲ့ ရီးရဲ

ရီးရဲနည်းပြ အန်ဆယ်လော့တီဟာ သူတို့ရဲ့တိုက်စစ်မှုး လူကာဂျိုဗစ်ကို အသင်းတစ်သင်းသင်းကို အငှားနဲ့စေလွတ်လိုနေပြီး အပြီးသတ်ရောင်းချဖို့တော့  ဆန္ဒမရှိဘူးလို့တော့ Defensa Central ရဲ့ ဖော်ပြချက်အရ သိရပါတယ်။  ဝေဖန်သူအများစုကတော့  လူကာဂျိုဗစ်ဟာ ကာလတိုခေါ်ယူမှုအဖြစ်သင့်တော်တဲ့တိုက်စစ်မှုးအဖြစ်ဖော်ပြနေကြပြီး အာဆင်နယ်အသင်းဖက်ကလည်း စိတ်ဝင်စားမှုအချို့ပြထားဖူးပါတယ်။

လီဗာကူဆင်တိုက်စစ်မှုးကို အပြိုင်စိတ်ဝင်စားနေကြ

အာဆင်နယ် နဲ့စပါးတို့က စိတ်ဝင်စားနေကြတဲ့  လီဗာကူဆင်တိုက်စစ်မှုး ပတ်ထရစ် ရှာရစ်  ကို ဝက်စ်ဟမ်းအသင်းရဲ့  မိုရက်စ်ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ HITC  သတင်းဌာနကဖော်ပြလာပါတယ်။  ဒီရာသီ  ၁၄ ပွဲကစားပြီး ၁၆ ဂိုးအထိသွင်းယူထားနိုင်တဲ့ တိုက်စစ်မှုးရဲ့တန်ကြေးက သန်း ၄၀ ခန့်ရှိနေနိုင်ပြီး ၊ အသင်းကြီးများစွာက အပြိုင်လိုချင်နေကြတဲ့ကစားသမားဖြစ်လို့  ဝက်ဟမ်းအတွက်အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: