အကောင်းဆုံးခေါ်ယူမှုအဖြစ် ကာရေဂါရွေးချယ်ခဲ့တဲ့ အာဆင်နယ်ကစားသမား

လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါက လက်ရှိပရီးမီးယားလိဂ်ရာသီရဲ့ အကောင်းဆုံးကစားသမားခေါ်ယူမှုအဖြစ် အာဆင်နယ်ဂိုးသမား အာရွန်ရမ်စ်ဒေးလ်ကို ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်က ရမ်ဒေးလ်ကို  ပြောင်းရွှေ့ကြေး ပေါင်၂၄သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ပေါင်သန်း၃၀အထိ ကျသင့်နိုင်ပါတယ်။

ပြောင်းရွှေ့ကြေးအများအပြားသုံးစွဲပြီး ပရီးမီးယားလိဂ်အသင်းငယ်လေးတစ်သင်းရဲ့ဂိုးသမားသာဖြစ်သူ ရမ်ဒေးလ်ကို ခေါ်ယူမှုအပေါ် ပရိသတ်အချို့က အကြီးအကျယ်ဝေဖန်ခဲ့ပြီး ကစားသမားဖြစ်သူကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဝေဖန်သူတွေ၊ သံသယရှိသူတွေ အများအပြားရှိခဲ့ပေမယ့် ခုချိန်မှာ ရမ်ဒေးလ်ဟာ လီနိုရဲ့နံပါတ်တစ် ဂိုးသမားနေရာကိုယူနိုင်ခဲ့တဲ့အပြင် ပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းပိုက်ထားခဲ့ပါတယ်။

လက်ရှိပရီးမီးယားလိဂ်မှာလည်း ရမ်ဒေးလ်ရဲ့ ဂိုးမ‌ပေးရတဲ့ပွဲစဉ်ဟာ ၉ပွဲအထိရှိလာခဲ့ပြီး သူ့အထက်မှာ မန်စီးတီးဂိုးသမား အီဒါဆန် ၁၀ပွဲ သာ ရှိပါတော့တယ်။ ရမ်ဒေးလ်ရဲ့စိတ်ဓာတ်ပြင်းပြပုံ၊ အသင်းရဲ့ခံစစ်ကို အမိန့်ပေး ညွှန်ကြားမှုတို့အပေါ် ပရိသတ်တွေက သဘောကျနှစ်သက်နေကြပါတယ်။ရမ်‌ဒေးလ်ဟာ သူ့ရဲ့လက်စွမ်းတွေကြောင့် အင်္ဂလန်လက်ရွေးစင် အသင်းမှာလည်း အာဆင်နယ်ကစားဖော်တွေဖြစ်တဲ့ ဆာကာ၊စမစ်ရိုးတို့နဲ့အတူ ရွေးချယ်ခံခဲ့ရပါတယ်။

Advertisements

ကာရေဂါက‌ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားခေါ်ယူမှုအဖြစ် ရမ်ဒေးလ်ကို ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး သူရဲ့အမြင်တွေကို ခုလိုပဲ ပြောပြလာခဲ့ပါတယ်။

“ကျွန်တော်ကတော့ ရမ်စ်ဒေးလ်ကို ရွေးမိမှာပါ။ အာဆင်နယ်က သူ့ကိုခေါ်တော့ ကျွန်‌တော်လုံး၀အံ့ဩမိခဲ့သေးတယ်။ကျွန်တော်ထင်မိတာက အာဆင်နယ်ဟာ သူ့ကို  အရံဂိုးသမားအဖြစ် ၊ ဒါမှမဟုတ် အင်္ဂလန်သားဖြစ်တာကြောင့် ခေါ်ခဲ့တာပါပေါ့”

“ရှက်ဖီးလ်နဲ့ ဘုန်းမောက်မှာ သူကစားတုန်းက ကျွန်တော်လုံး၀ စိတ်မ၀င်စားမိခဲ့ပါဘူး။သူရဲ့ ဂိုးပေါက်ကာကွယ်မှုတွေကိုပဲ မဟုတ်ဘူး၊ သူရဲ့စရိုက်၊ ပင်ကိုအရည်အသွေး ဘာကိုမှ စိတ်မ၀င်စားခဲ့တာပါ”

“အာဆင်နယ်အ၀တ်လဲခန်းထဲ၀င်သွားရင် လူငယ်ကစားသမားတွေ အများကြီး တွေ့ရမှာပါ။ ဒါပေမယ့် အာဆင်နယ်ဟာ အသင်းကြီးတစ်သင်း ဖြစ်နေဆဲပါပဲ။”

“အာဆင်နယ်ဆီကို လူငယ်ဂိုးသမားလေးအဖြစ်နဲ့ ရောက်သွားခဲ့တာဟာ အစက ကျွန်တော်မမြင်ခဲ့တဲ့ သူရဲ့အရည်အသွေးတွေကို ပြသဖို့ အခွင့်အရေးဖြစ်လာခဲ့ပါတယ်။သူဟာ အသင်းအတွက် အရမ်းအရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။” 

အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ရဲ့ နောက်ခံလူဟောင်းဖြစ်တဲ့ ဖာဒီနန်ကလည်း ရမ်စ်ဒေးလ်ကို အာဆင်နယ် ခေါ်ယူခဲ့တာဟာ တကယ်ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုဖြစ်တယ်လို ချီးမွန်းခဲ့ဖူးပါတယ်။

Advertisements

Leave a Reply

%d bloggers like this: