ချဲလ်ဆီးလူငယ်နဲ့ထိပ်တိုက်တွေ့မယ့် အာဆင်နယ် U21
အဆင့်မြင့်တန်းရဲ့ U21 အသင်းတွေနဲ့ အခြားအနိမ့်ပိုင်းလိဂ်တွေရဲ့ စီနီယာအသင်းတွေပါဝင်ကစားကြတဲ့ EFL Trophy ပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆ သင်းအဆင့်မှာ အာဆင်နယ် နဲ့ ချဲလ်ဆီး အသင်းတို့ဟာ အမ်းမရိတ်ကွင်းမှာ ထိပ်တိုက်တွေ့ဆုံကြမှာဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ် အသင်းဟာ ပြိုင်ပွဲမှာ ရလဒ်သိပ်ကောင်းလေ့မရှိပဲ ၂ နှစ်ဆက်တိုက် ကွာတားကနေလှည့်ပြန်ထားရတယ်လို့ သိရပါတယ်။ ယခု ၁၆ သင်းအဆင့်မှာ ချဲလ်ဆီးအသင်းကိုကျော်ဖြတ်နိုင်ခဲ့ရင်တော့ ကွာတားဖိုင်နယ်ကို ၃ နှစ်ဆက်ရောက်နိုင်မှာဖြစ်ပါတယ်။ အဆိုပါပွဲကို ဇန်နဝါရီလ ၁၁ ရ က်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။
အကောင်းဆုံးဖြစ်လာနိုင်ပေမယ့် အချိန်လိုပါသေးတယ်
တောက်လျှောက်ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူမာတင်အိုဒီဂတ်ကို အာတီတာက အခုလိုပဲချီးကျူးသွားခဲ့ပါတယ်။
ကျွန်တော့်အမြင်အရ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်းမှာ ဒေးဗစ်ဆေးဗားက အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ပါ။ မာတင်ကတော့ နောက်ထပ်အဆင့်တွေများစွာကို တက်လှမ်းဖို့ လုံလောက်တဲ့စွမ်းရည်တွေရှိနေပါပြီ။ သူ့အတွက်အရမ်းဝမ်းသာမိပါတယ်။ သူဟာ အဖက်ဖက်ကတိုးတက်နေပြီး အကောင်းဆုံးကစားသမားဖြစ်လာဖို့လည်းစိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် စောတော့ စောပါသေးတယ် လို့ပြောသွားခဲ့ပါတယ်။
လာကာဇက်တစ်ယောက် အသင်းမှာပဲဆက်ရှိမှာဖြစ်တယ်လို့ သုံးသပ်သူပြောကြား
လိဒ်ယူနိုက်တက်ကစားသမားဟောင်း နိုဝယ်ဝီလန်က လာကာဇက်တစ်ယောက် အာဆင်နယ်မှာပဲဆက်ရှိနေလိမ့်မယ်လို့ ယူဆကြောင်း ကတစ်ဆင့်ပြောဆိုလာခဲ့ပါတယ်။
အသင်းနဲ့သူနဲ့ကြားမှာ ဆွေးနွေးမှုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဓိက ကျတဲ့အချက်က လာကာဇက်ရဲ့ စိတ်နေစိတ်ထားပါပဲ။ သူ့ရဲ့ က မှန်ကန်တဲ့ ဦးဆောင်မှုကိုပြသနိုင်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်မှာ အကျင့်စရိုက် ၊ ဆန္ဒနဲ့ အသင်းပေါ်တာဝန်ကျေပွန်မှုတွေက အလွန်အရေးပါပါတယ်။ လာကာဇက်က ရပ်ကြည့်နေတတ်တဲ့သူမဟုတ်ဘူး။ သူ့အတွက်စာချုပ်သက်တမ်းရှိတာမရှိတာတွေထက် အသင်းနဲ့မန်နေဂျာအပေါ်မှာ အလုပ်ကြိုးစားပေးတတ်တဲ့သူမျိုးပါ။ ဒါကြောင့် အားလုံးက သူ့ကိုဆက်ရှိနေစေချင်ကြတာပါ လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဆာကာအတွက် အချိန်က စကားပြောမယ်လို့ အာတီတာ ဆို
သတင်းစာရှင်းလင်းပွဲမှာ ဆာကာနဲ့ပတ်သတ်တဲ့ “ ၂၀၂၂ မှာပိုကောင်းလာမလား” ဆိုတဲ့မေးမြန်းမှုကို အခုလိုပဲ အာတီတာကဖြေကြားခဲ့ပါတယ်။
ကျွန်တော်မပြောတတ်ပါဘူ။ ကျွန််တော်မျှော်လင့်တာက သူအခုအတိုင်းကြိုးကြိုးစားစား ကစားသွားဖို့ပါပဲ။ သူက သိပ်ကို နှိမ့်ချတတ်တဲ့သူမျိုးဖြစ်ပြီး အသင်းနဲ့ကြားထဲမှာလည်း သံယောဇက်ကြီးကြီးမားမားရှိနေပါပြီ။ သူ့အရည်အသွေးတွေက မေးခွန်းထုတ်စရာကိုမလိုတာပါ။ ဒါပေမယ့် သူအခုလိုခြေစွမ်းပြဖို့ ကစားဖော်ကောင်တွေလိုပါတယ်။ ပတ်ဝန်းကျင်ကောင်းတစ်ခုလိုပါတယ်။ တည်ငြိမ်တဲ့စိတ်နဲ့ ပြတ်သားတဲ့ရည်ရွယ်ချက်တွေလဲရှိနေမှသာ သူဖြစ်ချင်တာဖြစ်လာမှာပါ။ အချိန်ကစကားပြောသွားပါလိမ့်မယ် လို့ဖြေကြားသွားခဲ့ပါတယ်။
အူဘာနဲ့ အချိန်က တကယ်ကုန်ဆုံးခဲ့ပါပြီ
ဘောလုံးပွဲသုံးသပ်သူ ကာလ်တန်ပါမာက အူဘာမီယန်ရဲ့ အာဆင်နယ်ကစားသမားဘဝဟာ အဆုံးသတ်ခဲ့ပြီလို့ Give Me Sport အစီအစဥ်နဲ့တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။ Gazzetta Dello Sport ရဲ့ဖော်ပြချက်အရ အူဘာမီယန်ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ဦးစားပေးတိုက်စစ်မှုး ၃ ဦးထဲမှာ ပါဝင်နေတယ်လို့လည်းသိရပါတယ်။