နော်ဝစ်ချ် ပွဲအလွန် အာဆင်နယ် (ပွဲပြီးသုံးသပ်ချက်)

ဒီပွဲက ပြောစရာမရှိသလိုလိုနဲ့ ပြောစရာတွေများပါတယ်။ ဘာကြောင့်လဲဆိုတေ့ာ  Rhythm မိနေတဲ့အချိန်မှာ သူတင်ကိုယ်တင်အဆင့် မဟုတ်တဲ့အသင်းနဲ့ဆုံတဲ့ နောက်ဆုံးပွဲဖြစ်နေလို့ပါ။ ကိုဗစ်ကြောင့် ဝုဖ်နဲ့ပွဲမရွှေ့ခဲ့ရင်တောင် အခုတလောရင်ဆိုင်လာရတဲ့ အသင်းတွေထက် ခက်ခဲတဲ့ပြိုင်ဖက်ဆိုတာအသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါပြီးရင်ဆုံရမှာက မန်စီးတီး .. ဒီတော့  အခုပွဲကနေ ရလာတဲ့ တိုးတက်မှု ၊ နောက်ပိုင်းရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ရသလောက်တွက်ဆကြည့်ကြတာပေါ့။

မန်စီးတီးကို ၅ ဂိုးပြတ်ရှုံးပြီးတဲ့နောက်  အိုဒီဂတ်ရဲ့ တစ်လုံးထဲသော ဖရီးကစ်နဲ့ နိုင်ခဲ့တဲ့ နော်ဝစ်ချ်နဲ့ပထမပွဲကို ပြန်အမှတ်ရကြည့်ပါ။ ဂိုးတစ်ဂိုးရဖို့ ဘယ်လောက်ရုန်းကန်ခဲ့ရသလဲ။ အခုပွဲမှာကျတော့ ဂိုးပေါင်းများစွာကို ပေါ့ပေါ့ပါးပါးသွင်းယူနိုင်ခဲ့ပါပြီ။ ပထမပွဲတုန်းက သွင်းဂိုးရှင် အိုဒီဂတ်ဟာလည်း ဒီဇင်ဘာလမှာ အသင်းအတွက် ၃ဂိုးသွင်း၊ ၃ဂိုးဖန်တီးပေးထားခဲ့ပါတယ်။ ‌ဒီဇင်ဘာလရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အိုဒီဂတ်ထက်ပိုပြီး သွင်းဂိုးတွေမှာ ပါ၀င်ပတ်သက်မှုလုပ်ထားနိုင်တဲ့ သူ မရှိသေးပါဘူး။ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ဟာလည်း  ပေးဂိုးမရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၉ပွဲအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့အထက်မှာ မန်စီးတီးဂိုးသမား အီဒါဆင် ၁၀ပွဲသာ ရှိပါတော့တယ်။ ဒါတွေဟာ ပထမပွဲတုန်းက အာဆင်နယ်နဲ့ အခုအာဆင်နယ်ကွာခြားချက်တွေပါ။

Advertisements

ဒါပေမယ့် ဒီပွဲအလွန်ကစလို့ အစမ်းသပ်ခံရမယ့်အချိန်တွေ‌ရောက်လာပါပြီ။ လောလောဆယ်ကတော့ စံချိန်တွေမှာ ပျော်ရွင်နေတဲ့ ပရိတ်သတ်တွေရော ၊ အသင်းသားတွေရောဟာ စိတ်အားတက်ကြွနေကြပါတယ်။ တစ်ခုသတိထားရမယ့်အချက်ကတော့ အာဆင်နယ်ပရိတ်သတ်တွေရဲ့ စိတ်ဓါတ် အတက်နဲ့ အကျ ၊ ဒေါသတွေကိုပဲဖြစ်ပါတယ်။  Arteta Out နဲ့  Trust The Process   ဆိုတဲ့ အခြေအနေနှစ်ခုဟာ ရာသီဝက်မှာတင် တလှဲ့စီအကြိမ်များစွာဖြစ်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကို အာဆင်နယ်အသင်းသားတွေလဲ ကောင်းကောင်းသဘောပေါက်ကြပါလိမ့်မယ်။ ဘာကြောင့် ဒီအချက်ကိုအလေးအနက်ပြောနေရသလဲဆိုရင် ကွင်းတွင်း ကွင်းပြင်ဆက်ဆံရေးဟာ ရလဒ်တွေကို သက်ရောက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

ပွဲဖက်ကိုပြန်ကြည့်ရင်တော့ ကစားအားကလွဲရင် ပုံစံပျက်နေတဲ့ နောဝစ်ချ်တို့ဟာ သူတို့လှုပ်လိုက်တိုင်း  အာဆင်နယ်အတွက်နေရာလွတ်တွေပေါ်နေတာကြောင့် ဂိုးတွေဟာ အတော်လွယ်လွယ်ကူကူရရှိသွားခဲ့ပါတယ်။ ဒါတောင် လူကျွံနေခဲ့လို့ မာတင်နယ်လီ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒီတော့ ပွဲအကြောင်းနည်းဗျူဟာတွေ ထွေထွေထူးထူး ပြောနေဖို့မရှိပါဘူး။ အာဆင်နယ်တို့ သက်သက်သာသာနိုင်ခဲ့တာပါ။

ဒါပေမယ့် အခုလောက်စွမ်းဆောင်ရည်ဟာ ဇန်နဝါရီကို ဖြတ်သန်းဖို့အတွက်ရောအသင့်ဖြစ်ပြီလား။ အထူးသဖြင့်  ဂိုးတွေကို လိုသလောက်သွင်းနိုင်နေတဲ့ မန်စီးတီးကိုရင်ဆိုင်ဖို့ အဆင်ပြေပြီလား။ အရင်အပတ်တွေက တောက်လျှောက်ပြောခဲ့တဲ့ အထိခံလို့မရတဲ့ နောက်တန်း ၄ ယောက်ဟာ အခုလူမစုံတော့ပါဘူး။ ဒေါင်ဒေါင်မြည်နေတဲ့  နှစ်သင်းစာလူစာရင်းနဲ့ မန်စီးတီးကို ဘယ်လိုရင်ဆိုင်မလဲ။ တကယ်လို့ ခြေချော်ပြီးရှုံးသွားခဲ့ရင်ရော ပွဲကြီးတွေဆက်နေတဲ့အနေအထားမှာ ချက်ခြင်းပြန်လာနိုင်ပါ့လား။ စိုးရိမ်စရာတွေများပါတယ်။ အာဆင်နယ်ရဲ့ လူငယ်တွေအတွက်အရေးအကြီးဆုံးအချိန်ပါပဲ။

Advertisements

နော်ဝစ်ချ်နဲ့ပွဲမှာတော့ လာကာဇက်ရဲ့ တိုးအားကြောင့်ဖြစ်လာတဲ့  Space တွေကို အိုဒီဂတ်က အလှဆုံးခင်းပေးနိုင်တာကြောင့်  ဆာကာရဲ့   Diagonal Run တွေဟာ ဂိုးတွေဖြစ်လာပါတယ်။ ဒါကို ဆာကာ တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောနေကြသူတွေရှိပေမယ့်  Play Form  အရကို သူ့အတွက် Chance ပိုများလာတာလို့မြင်မိပါတယ်။ စီးတီးနဲ့ပွဲမှာ စမစ်ရိုး ကိုပါ တပြိုင်ထဲထည့်ရင်တော့  Transition တွေတော်တော်လေးမြန်ပါလိမ့်မယ်။ အာတီတာအနေနဲ့ အကုန်ရင်းလောင်းရမယ့်ပွဲလည်းဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အသင်းလိုက်ကစားပုံ   Philosophy တစ်ခုက ပေါ်လွင်နေပြီဖြစ်လို့  အရင်လိုအခြေအနေကြည့်ပြီးလှုပ်ရှားရတဲ့အနေအထားတော့မဟုတ်တော့ပါဘူး။ ၅ ဂိုးပြတ်ရှုံးထားတဲ့ပွဲမတိုင်ခင်  ၅ ဂိုးပြတ်နိုင်ထားတာကြောင့် စိတ်ဓါတ်ပိုင်းဆိုင်ရာအရတော့အတက်ပိုင်းရောက်နေပါတယ်။ ဆုတောင်းရမှာကတော့  ကိုဗစ်ပေါ့စတစ်တွေထပ်မဖြစ်ဖို့ပါပဲ။ အထူးသဖြင့်နောက်တန်းမှာပေါ့။  ဒေါင်ဒေါင်မြည်အနေအထားနဲ့ရင်ဆိုင်ခွင့်ရမယ် ၊ လာကာဇက်လည်း ကွင်းလယ်မှာ  ရှာနိုင်မယ်ဆိုရင်တော့  အာဆင်နယ်တို့အနေနဲ့ ရလဒ်ကိုအသာထား ၊ တစ်စုံတစ်ရာကိုဖန်တီးနိုင်မယ်လို့တော့ မှန်းလို့ရပြီဆိုနိုင်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: