နိုင်းလ်စ် နဲ့ရိုးမား ပိုမိုနီးစပ်လာ
Sky Sport Italia ရဲ့ဖော်ပြချက်အရ မိတ်လန်းနိုင်းလ် နဲ့ ရိုးမားအသင်းတို့ဟာ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ပိုနီးစပ်လာတယ်လို့ သိရပါတယ်။ အဆိုပါသတင်းအရ ရိုးမားတို့ဟာ အငှားကြေးပေါင် ၅ သိန်း ၊ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့အငှားစာချုပ်နဲ့ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အကယ်ဒမီထွက်နိုင်းလ် ဟာ ပြည်တွင်းကလပ် အဲဗာတန်ရဲ့စိတ်ဝင်စားမှုကိုလဲရရှိထားပြီး မော်ရင်ဟိုကလည်း သူ့လက်အောက်မှာ ရာသီဝက်လောက်စမ်းသပ်ချင်နေပုံရပါတယ်။
လန်ဒန်ပြန်လာဖို့ မဆုံးဖြတ်ရသေးတဲ့ ဆာလီဘာ
ဆာလီဘာ ဟာ လက်ရှိအငှားစာချုပ်ကုန်ဆုံးရင်လဲ အာဆင်နယ်ကို ပြန်ဖို့ မဆုံးဖြတ်ရသေးဘူးလို့ FootyExtra ကဖော်ပြလာပါတယ်။ အဆိုပါ အသက် ၂၀ အရွယ်ကစားသမားလေးဟာ ၂၀၁၉ ခုနှစ်တုန်းက ပေါင် ၂၇ သန်းနဲ့အသင်းကိုရောက်ရှိလာတာဖြစ်ပေမယ့် အခုထိကို စီနီယာအသင်းနဲ့ မကစားရသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်အသင်းတွေဆီကိုအငှားချထားရင်း ခြေစွမ်းဆက်တိုက်ပြသနေတာဖြစ်ပါတယ်။
ကျွန်တော်က အငှားကစား သမားပါ။ ဒါပေမယ့် နှစ်အကြာကြီးနေတဲ့ ကစားသမားတစ်ယောက်လိုဖြစ်အောင်ကြိုးစားနေထိုင်နေပါတယ်။ အာဆင်နယ်ကိုပြန်ဖို့ ကို လောလောဆယ်မတွေးထားပါဘူး လို့ Euro Sport ကိုပြောခဲ့ပါတယ်။
ပြည်တွင်းမှာလူကြိုက်များနေပေမယ့် ဘွန်ဒက်လီဂါဆီကို ခြေဆန့်ချင်နေတဲ့ အန်ကတ်တီယား
ခရစ္စတယ်ပဲလေ့စ်အပါအဝင် ပြည်တွင်းကလပ်တွေကစိတ်ဝင်စားနေကြပေမယ့် အန်ကတ်တီယာကတော့ ဘွန်ဒက်စ်လီဂါဖက်ကို ပြောင်းရွှေ့လိုနေတယ်လို့ သတင်းဌာနတွေကို ကိုးကားပြီး HITC ကဖော်ပြလာပါတယ်။ ပရိတ်သတ်အများစုကလည်း ဂနာဘရီ ရဲ့လမ်းစဥ်ကိုလိုက်တာက အန်ကတ်တီယာ အတွက်ပိုပြီးအောင်မြင်မှာဖြစ်တယ်လို့ ယူဆနေကြပါတယ်။
ဝုဖ်နဲ့ပွဲ တရားဝင်ရွှေ့ဆိုင်း
ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဟာ အာဆင်နယ်အသင်းနဲ့ ဝုဖ်အသင်းတို့ရဲ့ပွဲကို ရွှေ့ဆိုင်းပေးဖို့ ဝုဖ်ဖက်ကတောင်ဆိုမှုကိုလက်ခံလိုက်ပြီလို့ တရားဝင်ထုတ်ပြန်သွားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဝုဖ်တို့ဆီမှာ ကစားသမားအလုံအလောက်မရှိတော့တာကြောင့်လို့ သိရပါတယ်။ ဒါကြောင့် နောက်ဆုံးကစားခဲ့တဲ့ နော်ဝစ်ချ်နဲ့ပွဲဟာ ၂၀၂၁ အတွက် အာဆင်နယ်ရဲ့ နောက်ဆုံးပွဲဖြစ်ခဲ့ပြီး နှစ်သစ်ရဲ့ ပထမဆုံးရင်ဆိုင်ခြင်းအဖြစ် မန်စီးတီးအသင်းနဲ့တွေ့ဆုံရတော့မှာဖြစ်ပါတယ်။
ဆာကာကိုချီးကျူးပြီး ပေပေ ကိုတော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူးလို့ ကျွမ်းကျင်သူဆို
Sky Sport ရဲ့ ဘောလုံးကျွမ်းကျင်သူ အီယန်မက်နယ်လီက နော်ဝစ်ချ်နဲ့ပွဲအပြီးမှာ ဆာကာကိုချီးကျူးခဲ့ပြီး ပေပေ ကိုတော့ စွမ်းဆောင်မှုမပြသနိုင်ခဲ့ဘူးလို့ပဲ ယုံကြည်နေပါတယ်။
ဆာကာ က တကယ်ကိုကောင်းတာပါ။ ကျွန်တော်တို့အားလုံးက ဘရန်ဒွန်ဝီလျှံကို အနာဂတ်ရဲ့ တောင်ပံခံစစ်ကစားသမားလို့ မျှော်လင့်ခဲ့ကြတယ်ဗျာ။ ဒါပေမယ့် ဆာကာနဲ့ယှဥ်ကြည့်တော့ သူ့အတွက်ခက်ခဲနေပြီပဲဆိုရပါမယ်။ ဆာကာရဲ့တိုးတက်မှုတွေက မဆုံးသေးပါဘူး လို့ပြောခဲ့ပါတယ်။ စမစ်ရိုးရဲ့ ဂိုးမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ ပေပေ ကိုတော့ သူဘာမှမလုပ်နိုင်ခဲ့ဘူးဗျ .. လို့ ခပ်တိုတိုပဲ မှတ်ချက်ပေးသွားခဲ့ပါတယ်။
အိုဒီဂတ်ဟာ အသင်းရဲ့ ကစားပုံကို ညက်ညောစေပါတယ်
နော်ဝစ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အိုဒီဂတ်ကို အာတီတာက ချီးကျူးလိုက်ပါတယ်။
သူကစားသွားခဲ့တာသိပ်ကောင်းလွန်းပါတယ်ဗျာ.. အသင်းကိုအကူအညီအများကြီးပေးခဲ့တယ်။ သူကစားသွားတာကို သိပ်သဘောကျမိတယ်။ သူက အသင်းသားအားလုံးရဲ့ ကစားပုံကို ညက်ညောအောင် လုပ်သွားခဲ့တာပါ။ တစ်ပွဲလုံးမှာ တည်ငြိမ်တဲ့ခြေစွမ်းကိုပြသသွားခဲ့ပြီး ခံစစ်ရောတိုက်စစ်ရောကို မျှတအောင် ကစားသွားတာပါ လို့ အသင်းရဲ့ ဝက်ဘ်ဆိုဒ် ကိုပြောကြားခဲ့ပါတယ်။