အာတီတာ နဲ့ အမေးအဖြေ

အဝတ်လဲခန်းထဲက အကျင့်စရိုက်တွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ကိစ္စက ခင်ဗျားရဲ့   ၂ နှစ်တာခရီးမှာ အခက်ခဲဆုံးဖြစ်ခဲ့သလားဗျ ..

သေချာတာပေါ့။ အခက်ဆုံးအလုပ်တွေထဲမှာ အပါအဝင်ပါပဲဗျာ။  နေ့စဥ်နေ့တိုင်းအချိန်ယူ ၊ ခွန်အားစိုက်ထုတ်ပြီး ကိစ္စများစွာကို အပြောမဟုတ်ပဲ လက်တွေ့ဖြေရှင်းခဲ့ရပါတယ်။ အပြောသက်သက်သာရှိပြီးလုပ်ဆောင်ချက်တွေမပါဝင်ရင် အလကားပဲမဟုတ်လား။  အခုတော့ အရာအားလုံးက အဓိပ္ပါယ်ရှိလာပါပြီ။  သူတို့အားလုံးဟာ စည်းကမ်းတွေကိုလိုက်နာနေကြပြီလို့ ကျွန်တော်ထင်ပါတယ်။  ဒါက ကျွန်တော်ဖြစ်ချင်နေတဲ့အရာသက်သက် မဟုတ်ပါဘူး။ အောင်ပွဲတွေရချင်တယ်ဆိုရင် လုပ်ရမယ့်အလုပ်တွေကို အားလုံးအတူတကွလုပ်ဆောင် ကြရမှာဖြစ်ပါတယ်။  ဒီကိစ္စက အချိန်ယူရမယ် ၊ အများကြီးကိုအချိန်ယူရမှာဗျ .. နေ့စဥ်နေ့တိုင်း လုပ်ဆောင်သွားရမယ့်အရာတွေဖြစ်ပါတယ်။

ခင်ဗျားဘယ်လိုကိုင်တွယ်ခဲ့သလဲ ..

ပထမဆုံး အသင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သေချာလေ့လာသုံးသပ်ရပါတယ်။ ပြီးတော့ သူတို့တွေဘယ်လိုတုန့်ပြန်တယ်၊ သဘောတူကြလား ဒါတွေသိအောင်လုပ်ရပါတယ်။ အဲ့တာကိုနားလည်ပြီဆိုတဲ့အခါမှာ  ဖြစ်ခဲ့တဲ့အနေအထားကို သူတို့ကြိုက်လား ၊ ပြောင်းလဲချင်လား ဒါကိုဆက်သွားရပါတယ်။ ဒါက ယျေဘူယျကျတဲ့ကိစ္စတစ်ခုပါပဲ။  ဖြစ်နေတဲ့အနေအထားကို မကြိုက်ရင် တစ်ခုခုပြောင်းလုပ်ရတာပါပဲ။

တစ်ဦးချင်းစီမှာရော ၊ အားလုံးအတွက်ပါ သဘောတူညီမှုနဲ့  ကတိကဝတ်တွေထားရှိရပါတယ်။ ပြီးရင်တော့ လူတိုင်းက လက်တွေ့ကျင့်သုံးရတာပါပဲ။ ကျွန်တော်တို့အားလုံးက ဘယ်သူဘာဆိုတာ သိနားလည်ထားရပါမယ်။  အဲ့ဒီနောက်မှာတော့ နေ့စဥ်နေ့တိုင်းက တိုးတက်မှုတွေရှိနေမှာပါ။

Advertisements

ပြီးခဲ့တဲ့နှစ်ဟာ ဆာကာအတွက်သိပ်ကောင်းတဲ့နှစ်တစ်နှစ်ပါပဲ။  သူတိုးတက်ရင့်ကျင်ခဲ့တဲ့ အပိုင်းအခြားအတိအကျကို ခင်ဗျားပြောပြနိုင်မလား။

မပြောပြနိုင်ပါဘူး .. ကျွန်တော်က သူ့တစ်ယောက်ထဲကိုပဲမြင်နေတာမဟုတ်ပါဘူး။  အသင်းမှာ အံ့သြစရာကောင်းလောက်အောင် စိတ်အားထက်သန်ကြပြီး နိုင်လိုစိတ်ပြင်းတဲ့ ကစားသမားလေးတွေရှိနေပါတယ်။  သူတို့ဟာ အသင်းကို အောင်မြင်မှုတွေရစေချင်တယ် .. ဒီအတွက် ခက်ခဲတဲ့ကာလတစ်ခုကို အကောင်းမြင်စိတ်ထားပြီးဖြတ်သန်းခဲ့ကြတယ်။  သူတို့ရဲ့ နောက်ခံ ၊ ပညာရေး ၊ ပတ်ဝန်းကျင် ၊ မိသားစုပုံစံ ၊ အသင်းဖက်ကပံ့ပိုးမှုစတာတွေအကုန်လုံးက သူတို့ရဲ့ ကစားသမားဘဝကိုသက်ရောက်ပါတယ်။  ဒါပေမယ့် စိန်ခေါ်မှုကြီးကြီးတွေကို အသက်ငယ်ငယ်နဲ့ရင်ဆိုင်ရတာတော့မလွယ်လှပါဘူးဗျာ။  တကယ်လို့ အခြေအနေတွေကို သူတို့ မကိုင်တွယ်နိုင်ကြတဲ့အခါ ၊ သူတို့ဘာဖြစ်လဲ နားလည်ဖို့နဲ့  လိုအပ်တာကို ကူညီပေးဖို့အသင့်ရှိနေမှရပါလိမ့်မယ်။

ရာသီအစတုန်းက ဆာကာနဲ့ စာချုပ်ကိစ္စတွေဆွေးနွေးတဲ့အခါ သူ့ကိုလက်လွှတ်ရတော့မယ်လို့ တွေ့မိခဲ့ဖူးလား။

ဟုတ်ကဲ့ .. သူနဲ့ပတ်သတ်တဲ့ ကိစ္စအားလုံးအတွက်စိုးရိမ်မိခဲ့တာပါ။  ဒါပေမယ့် ပိတ်ရက်ကာလတွေပြီးသွားတော့ သူနဲ့ဆုံတဲ့အခါမှာ  ဆာကာဟာ အခြေအနေတွေကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်လို့  သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာ ဆာကာဟာ ဘောလုံးလောကတစ်ခုလုံးရဲ့  အထောက်အပံ့တွေကိုရခဲ့ပါတယ်။  ကျွန်တော်က တော့ အဲ့ဒီအထောက်အပံ့တွေဟာ သူ့ကိုရှေ့ဆက်ဖို့အတွက် ခွန်းအားကောင်းတွေဖြစ်စေခဲ့တယ်လို့ ယုံကြည်ပါတယ်။

Advertisements

ခင်ဗျားအခု အဆင့် ၄ ရောက်နေပြီ .. ဒါကို ပိုခိုင်မြဲဖို့အတွက် ဇန်နဝါရီမှာ လူသစ်ခေါ်ဖို့ရှိလား

တကယ်လို့သာလိုချင်တာကိုရအောင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့ဗျာ။  ကျွန်တော်တို့ ဟာ ကိုယ့်အသင်းရဲ့လိုအပ်ချက်ကို နားလည်အောင်လုပ်ပြီး  ၊ အဖြေမှန်ကိုရအောင် လိုအပ်တဲ့လုပ်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

ခင်ဗျားက လာမာစီယာ ထွက်တစ်ယောက်ဖြစ်တယ်။  ဒီကိစ္စက အာဆင်နယ်အကယ်ဒမီအတွက် ရေရှည်စီမံကိန်းတွေဆွဲတဲ့အခါမှာ ဘယ်လောက်ထိအရေးပါခဲ့သလဲ။

ကျွန်တော်တို့ဟာ အင်အားစိုက်ထုတ်မှုများစွာနဲ့  ဘောလုံးရာသီတစ်ခုကိုဖြတ်သန်းခဲ့ပြီး ရ ည်ရွယ်ချက်ကိုလည်း ခိုင်ခိုင်မာမာထားနိုင်ခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့အသင်းမှာ သိပ်ကောင်းတဲ့ လူငယ်လေးတွေရှိနေလို့ပါပဲ။  ဒါပေမယ့် လူငယ်လေးတွေကို မှန်ကန်တဲ့နည်းလမ်းအတိုင်းသင်ကြားပေးဖို့လိုပါတယ်။  သူတို့ရဲ့အပြုအမူတွေကိုလဲ နားလည်ရပါမယ်။  ကျွန်တော့်သဘောပြောရရင်တော့ ကျွန်‌တော်သူတို့ကို သင်ပေးနိုင်တဲ့ ဘောလုံးနည်းစနစ်တွေ ၊ ဆုံးဖြတ်ချက်ချပုံတွေ ဟာ သူတို့ရှင်သန်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်လောက်အရေးမကြီးပါဘူး။  ဒါက သူတို့အတွက်အခြေခံလိုအပ်ချက်ဖြစ်ပြီး အခုတော့ ပိုပြီးအောင်မြင်နိုင်မယ့်နေရာတစ်ခုကို သူတို့ရနေကြပါတယ်။

သူတို့ရှေ့မှာ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတဲ့ စီနီယာတွေရှိကြတယ်။  ကိုယ့်ပိုင်စရိုက် လက္ခဏာတွေရှိကြတယ်။ သူတို့အနားမှာ တကယ်စိတ်ပါလက်ပါကူညီပေးနိုင်မယ့်လူတွေ ၊ သူတို့ကိုထောက်ပံ့ပေးထာတဲ့အသင်း ၊ အခွင့်အရေးတွေပေးဖို့အသင့်ရှိနေသူတွေ ကဝန်းရံထားပါတယ်။  ဒါဟာ သူတို့တွေတိုးတက်လာစေဖို့နဲ့ အလားအလာတွေအတိုင်းဆက်လက်ဖြစ်ထွန်းဖို့ လိုအပ်တဲ့အရာတွေပါပဲ။  ကျွန်တော်က တော့ ဒီလို ပတ်ဝန်းကျင်နောက်ခံကြောင့်သာ တိုးတက်လာနေကြတယ်လို့ မြင်မိပါတယ်။

ခင်ဗျားလူငယ်ဘဝမှာ အိမ်ကိုစွန့်ပြီး လာမာစီယာကို သွားခဲ့တဲ့အမှတ်တရကိုပြောပြပါဦး

လာမာစီယာမှာ ၈ ယောက်ခန်းတစ်ခန်းမှာအတူတူနေထိုင်ခဲ့ရတယ်ဗျ .. အဲ့ဒီမှာ ပီပီရိန်နာပါတယ် ၊ ဗစ်တာဗားဒက်စ် ပါတယ်။ အင်နစ်စတာ ၊ ပူယိုး တို့ပါကြတယ်။  သူတို့အားလုံးက ကျွန်တော့်ရဲ့ အိမ်ခန်းဖော်တွေပါပဲ။ အစပိုင်းမှာတော့ ကျွန်တော်တို့က ပြိုင်ဖက်တွေဗျ။  အားလုံးက ပထမအသင်းကြီးမှာပါချင်ကြတဲ့ သက်တူရွယ်တူတွေပါပဲ။  အားလုံးက အရွေးမခံရနိုင်ဘူးလေဗျာ။  ဒါပေမယ့် အဲ့ဒီမှာ သင်ယူခဲ့ရတဲ့ ကြီးမားတဲ့သင်ခန်းစာတစ်ခုကတော့  တစ်ယောက်နဲ့ တစ်ယောက်ဖေးကူရမယ်ဆိုတဲ့အချက်ကိုပါပဲ။ ဒါက  သိပ်ပြီးအရေးကြီးပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: