ဘာလိုဂန် အစွမ်းက ဒါအကုန်ပဲလို့ မဆိုလိုပါ

ခံစားချက်တွေအတက်အကျများနေကြတဲ့ အချိန်ကာလမှာ အာတီတာအပါအဝင် ဘယ်သူမှ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းကနေ လွတ်ကင်းမနေကြပါဘူး။ ဒါဟာ ပစ်တင်ပြောဆိုလိုခြင်းထက် အောင်ပွဲဆာလောင်ခြင်းရဲ့ အစွန်းထွက်ခြင်းတွေသာဖြစ်ပါတယ်။  ဒီသံသရာဟာ ဆန်ဒါးလန်းနဲ့ပွဲအပြီးမှာတော့  ဘာလိုဂန်ရဲ့အလှည့်ရောက်လာပါတော့တယ်။ မနှစ်တုန်က   ယူရိုပါလိဂ်မှာ ဝင်ကစားပြီးပြတဲ့ခြေစွမ်းရယ်၊ လူငယ်အဆင့်မှာတောက်လျှောက်ပြသနေတဲ့ စွမ်းဆောင်မှုတွေရယ်ကြောင့် ပရိတ်သတ်တွေက မျှော်လင့်ချက်ထားခဲ့ကြပါတယ်။ ဒါ့အပြင် အခြားသောအသင်းတွေရဲ့  စိတ်ဝင်စားမှုတွေကလည်း  ဘာလိုဂန်အပေါ်ပိုပြီးစောင့်ကြည့်ဖို့အကြောင်းဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အားလုံးက  ဆန်ဒါးလန်းပွဲမတိုင်ခင်အထိပါပဲ။

လူငယ်အသင်းရဲ့အထွန်းတောက်ဆုံကစားသမားလေးဟာ ပထမအသင်းကြီးနဲ့ ပွဲထွက်ခွင့်ရတဲ့အချိန်မှတေ့ာ အားလုံးကတညီတညွှတ်ထဲ ဘာလိုဂန်ဟာ အသင့်မဖြစ်သေးဘူး  လို့  ပြောဆိုလာကြပါတယ်။  ပွဲတွင်းမှာ တချက်တချက် ကျွမ်းကျင်မှုလေးတွေပြသနိုင်တာကလွဲရင် စီနီယာအဆင့်မှာ သူအဆင်မပြေသေးတာသိသာလွန်းလှပါတယ်။  ဒါပေမယ့်  သူ့မှာ အလားအလာမရှိတော့ဘူး ၊ ဒီလောက်နဲ့တင်ရပ်တန့်သွားပြီဆိုတဲ့သဘောတော့မဟုတ်ပါဘူး။  အသက် ၂၀ အရွယ်တိုက်စစ်မှုးလေးဟာ သူဘာလဲဆိုတာ အများကြီးပြသထားပြီးသားပါ။

ပြီးခဲ့တဲ့ရာသီတုန်းကထွက်ခွာလုလုဖြစ်ခဲ့တဲ့  ကစားသမားလေးကို  အာတီတာက နားချနိုင်ခဲ့တယ်။  အလွတ်နဲ့လက်လွတ်ရမယ့်ကစားသမားကနေ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တယ်။ သူကလည်း ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ကွင်းစည်းဘေးနားကနေ ကပ်ထွက်သွားတဲ့ ကျွမ်းကျင်မှုမျိုးကို သူပြသဖို့ကြိုးစားခဲ့ပေမယ့်   U23 အဆင့်အတွက်ပဲဖြစ်ခဲ့ပါတယ်။ အသင်းကြီးအနေအထားမှာတော့ ဘာလိုဂန်ဟာ ခန့်မှန်းရလွယ်ကူနေတဲ့ လူငယ်လေးသာဖြစ်ပါတယ်။

Advertisements

ပြီးခဲ့တဲ့လတွေမှာ သူပြောခဲ့တာကသိပ်ကောင်းပါတယ်။

ကျွန်တော်က ငယ်သေးတယ်။ ဒီတော့ ထပ်ထပ်ပြီးသင်ယူချင်တယ်။ ကစားခွင့်ရဖို့အငှားသွားတာဖြစ်ဖြစ် ၊ အခြားတစ်ခုခုဖြစ်ဖြစ် လုပ်ချင်တယ်။ အဓိက က တိုးတက်ဖို့ပါပဲ   လို့ ကစားသမားလေးကပြောပါတယ်။ ဒီစကားတွေက ခြေစွမ်းပြနိုင်မှုမှာ သာယာနေပြီး စီနီယာအဆင့်ကို စိန်ခေါ်ဖို့ထက် ပိုမိုတိုးတက်လာအောင် သင်ယူဖို့ကို စိတ်အားထက်သန်နေတယ်လို့  အကြမ်းဖျင်းယူဆရပါတယ်။

လတ်တလောသတင်းများအရတော့ သူ့ကိုခေါ်ချင်နေတဲ့အသင်းတွေမနဲပါဘူး။  အစောပိုင်းမှာ သာမန်ခြေစွမ်းပဲပြနိုင်ပြီး အငှားကစားရင်းထိပ်တန်းဖြစ်လာတဲ့ သာဓက ကလဲ စမစ်ရိုး တစ်ယောက်လုံးရှိနေတာဖြစ်ပါတယ်။

တကယ်တော့ ဘာလိုဂန်က လူငယ်အဆင့်မှာတော်တော်လေးစံချိန်ကောင်းတွေရထားသူဖြစ်ပါတယ်။  EPL 2  မှာ သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးတိုက်စစ်မှုးဖြစ်လာခဲ့တယ်။  တစ်ပွဲထဲကနေ သွင်းဂိုးတွေအများကြီးသွင်းယူထားနိုင်တယ်။

ပြီးတော့ နည်းပြရဲ့ အနာဂတ် အစီအစဥ်ထဲမှာလည်းပါဝင်နေတယ်။ အကြောင်းအားလုံးကို ခြုံကြည့်လိုက်ရင် ဘာလိုဂန် ဟာ အာဆင်နယ်မှာ ဇာတ်လမ်းဆုံးသွားတာတော့မဟုတ်သေးပါဘူး။  အဆန်းတကြယ် ဇာတ်လမ်းတစ်ခုကိုမျှော်လင့်နေကြသူတွေစိတ်ကြိုက်မဖြစ်လာရုံသာရှိပါတယ်။

Advertisements

Leave a Reply

%d bloggers like this: