နောက်ဆုံးရ အာဆင်နယ် သတင်းများ (25Dec)

ဒဏ်ရာထပ်ရသွားတဲ့ အာဆင်နယ်လူငယ်

နော်တင်ဂမ်ဖောရက်စ် အသင်းမှာကစားနေတဲ့ နောက်ခံလူ အိုဆေတူတူ ဟာ ဒဏ်ရာကနေသက်သာလာလို့ ပြန်ကစားတဲ့ပွဲမှာပဲ နောက်ထပ်အရွတ်ကြောဒဏ်ရာတစ်ခုရရှိသွားခဲ့တယ်လို့   Daily Cannon ကဖော်ပြလာပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားအနေနဲ့  ဟားလ်စီးတီးအသင်းနဲ့ကစားတဲ့ပွဲမှာ ပွဲပြီးခါနီးရရှိတဲ့ ဒဏ်ရာကြောင့် ထပ်မံအနားယူရတော့မှာဖြစ်ပါတယ်။ ဖောရက်စ်အသင်းနည်းပြ စတီဗင်ကူးပါးက     တိုးတက်ဖို့ကြိုးစားနေရတဲ့ လူငယ်တစ်ယောက်အခုလိုဒဏ်ရာ ရသွားတဲ့အပေါ်တကယ်စိတ်မကောင်းဘူးဗျာ .. ဒီနေ့ပွဲမှာလည်းသူကစားတာ တော်တော်ကောင်းပါတယ်။  အခုလိုကံမကောင်းတဲ့ဖြစ်ရပ်ကနေ အမြန်ဆုံးပြန်လာနိုင်ဖို့ လေးလေးနက်နက်ဆုတောင်းပါတယ်   လို့ ပြောခဲ့ပါတယ်။

အူဘာအကြောင်းပြောလာတဲ့ ဘန်ဝှိုက်

နောက်ခံလူဘန်ဝှိုက်က talkSPORT  နဲ့တွေ့ဆုံရာမှာ  အူဘာနဲ့ပတ်သတ်ပြီးသူ့ရဲ့အမြင်ကို အခုလိုပဲပြောခဲ့ပါတယ်။

သူမပါနိုင်ပေမယ့် ရလဒ်ကောင်းတွေရအောင် ကျွန်တော်တို့ကစားနိုင်နေကြပါတယ်။  သူ့အတွက် စိတ်မကောင်းစရာအခိုက်အတန့်ဖြစ်နေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အားလုံးခေါင်းမဖော်နိုင်အောင်ပဲ အပြင်းအထန်ကြိုးစားနေကြတာပါ။  အူဘာက သိပ်သဘောကောင်းတဲ့သူပါ။ ကျွန်တော်တို့အားလုံးသူ့ကို သတိရနေကြပါတယ်။ ဒါပေမယ့် ဖြစ်ခဲ့တဲ့ကိစ္စကတော့ သီးသန့်ဖြစ်ရပ်တစ်ခုပါ   လို့ ပြောဆိုခဲ့တာပါ။

ပါတီနိုဟာ သူနည်းပြလုပ်စဥ်ကထဲက ထင်ပေါ်နေသူဖြစ်ကြောင်း ဆီးမန်းပြောဆို

ပါတီနိုဟာ သူလူငယ်အသင်းကိုနည်းပြလုပ်ချိန်ကတဲက  ထင်ပေါ်နေတဲ့ ကစားသမားလေးဖြစ်ကြောင်း ‌ဒေးဗစ်ဆီးမင်းက  ပြန်ပြောင်းပြောပြခဲ့ပါတယ်။

ကျွန်တော်ဝန်ခံပါတယ်ဗျာ ..   အသင်းကိုနည်းပြလုပ်ခဲ့ပြီးချိန်မှာလည်း သူ့ကို စောင့်ကြည့်နေခဲ့ပြီး သူ့ရဲ့အရည်အသွေးတွေကို သဘောကျနေခဲ့တာပါ။ သူကတကယ်ကို ကွဲပြားပါတယ်။ ဘောလုံးကိုင်ထားချိန်မှာ ဘာကိုမှထိတ်လန့်စိုးရိမ်နေတာမျိုးမရှိပဲ တည်တည်ငြိမ်ငြိမ်ရှိသူပါ လို့ဆိုခဲ့ပါတယ်။

Advertisements

အူဘာကိုစိတ်ဝင်စားပေမယ့်အခြားတိုက်စစ်မှုးရှာဦးမယ့် ဂျူဗီ

Gazzetta dello Sport  ရဲ့အဆိုအရ  ဂျူဗင်တပ်စ်တို့ဟာ အူဘာကိုခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် နေရာစုံကစားနိုင်တဲ့ တိုက်စစ်သမားကိုအရင်ရှာဖွေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။  အူဘာလို  Penalty Box Striker  မျိုးထက် တိုက်စစ်မှာပုံစံစုံကစားနိုင်သူကို ပိုအလိုရှိနေပြီး  မန်ယူအသင်းရဲ့  မာရှယ် ၊ ဆက်ဆူအိုလိုရဲ့ ဆကာမက်ကာ တို့ကိုလည်း စောင့်ကြည့်နေတယ်လို့ အဆိုပါသတင်းကဖော်ပြသွားပါတယ်။

ကိုလာစီနက်အတွက် ဝက်ဖို့ဒ်နဲ့ စကားပြောနေကြပြီ

Watford Observer  သတင်းဌာနရဲ့ဖော်ပြချက်အရ   အာဆင်နယ်နဲ့ ဝက်ဖို့ဒ်တို့ဟာ ကိုလာစီနက်အတွက်စကားပြောဆိုနေကြပြီလို့ သိရပါတယ်။  ဝက်ဖို့ဒ်ဟာ ကစားသမားကို ၆ လအငှားနဲ့ခေါ်ယူလိုနေတာဖြစ်ပြီး သူတို့ရဲ့ အဓိက ကစားသမား မက်ဆီနာ အနေနဲ့ အာဖရိကဖလားပွဲသွားကစားရမှာဖြစ်လို့  ရေတိုဖြေရှင်းမှုအနေနဲ့စီစဥ်တာလို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။

ဘန်ဝှိုက်တိုးတက်ရမယ့်အချက်တွေကိုပြောပြလာတဲ့ ကီအွန်

ဂန္တဝင်နောက်ခံလူကြီး မာတင်ကီအွန်က ဘင်ဝှိုက်အနေနဲ့ ဆက်လက်တိုးတက်ရမယ့်အပိုင်းတွေကိုအခုလိုပဲပြောပြသွားခဲ့ပါတယ်။ ဘောလုံးကိုင်ကစားနိုင်တဲ့အပိုင်းမှာ သူဟာ သိပ်ပြီးယုံကြည်မှုပြည့်တဲ့သူပါ။ ကောင်းမွန်တဲ့ပေးပို့မှုတွေလဲ ပြုလုပ်နိုင်ပါတယ်။  ခံစစ်ကစားပုံကလည်းတိုးတက်နေပါတယ်။  နောက်ထပ်ပိုကောင်းဖို့လိုနေတာကတော့ ခံစစ်လမ်းကြောင်းတွေ ၊ တဖက်နောက်ခံလူကို အာရုံစိုက်ဖို့တွေနဲ့   ခေါင်းဆောင်မှုအပိုင်းတွေပဲဖြစ်ပါတယ်  လို့  ပြောဆိုသွားခဲ့တာပါ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: