အမ်းမရိတ်ကို အချိန်မှန်မှာ ရောက်လာခဲ့တယ်လို့ ဆိုတဲ့ အိုဒီဂတ်

အာဆင်နယ်ကွင်းလယ်လူ မာတင် အိုဒီဂတ်ဟာ အသင်းရဲ့ နောက်ဆုံးပွဲစဉ်သုံးပွဲ စလုံးမှာ ပါ၀င်ထားပြီး ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ နော်ဝေကွင်းလယ်လူဟာ ရီးရဲမက်ဒရစ်ကနေ ထွက်ခွာပြီး အာဆင်နယ်သို့ ပြောင်းရွှေ့လာခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ လည်း ယုံကြည်နေပါတယ်။

မန်ယူ၊ အဲဗာတန်တို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ရလဒ်ဆိုးတွေကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရပေမယ့် အာဆင်နယ် အရှုံးတွေကနေ အကောင်းဆုံးပြန်လည်နိုးထခဲ့ပြီး ဆောက်သမ်တန်၊ ၀က်စ်ဟမ်း၊ လိဒ်စ်တို့ကို သုံးပွဲဆက် အနိုင်ပြန်ယူနိုင်ခဲ့သလို ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ‌အောင်ပွဲတွေ ဆက်တိုက် ရယူထားနိုင်ခဲ့တဲ့ ဂန်းနားတွေဟာ လာမယ့်တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် နော့၀စ်ခ်ျနဲ့ ပွဲစဉ်ကိုလည်း အနိုင်ရဖို့ စိတ်အား ထက်သန်နေကြပါတယ်။

အခုလို အသင်းရဲ့ ရလဒ်တွေ တဖန်ပြန်လည် ဦးမော့လာတဲ့ အကြောင်းရင်းတွေထဲမှာ ကွင်းလယ်လူ မာတင်အိုဒီဂတ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

ပြောင်းရွှေ့ကြေး ပေါင်သန်း၃၀ ၀န်းကျင်နဲ့ စပိန်မြေကနေ ပြောင်းရွှေ့လာခဲ့တဲ့ အိုဒီဂတ်ဟာ No.10 role မှာ အကောင်းဆုံး ခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။ တိုက်စစ်နဲ့ ကွင်းလယ်ကို အကောင်းဆုံး ချိတ်ဆက်ပေးနိုင်သလို ကစားဖော်တွေ ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေကိုလည်း အကောင်းဆုံး ဖန်တီးနိုင်စွမ်း ရှိသူဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်စွမ်းရှိပြီး ပရိသတ်တွေကတော့ အိုဇေးလ်လက်သစ် လို့ အမွှန်းတင်နေကြတာဖြစ်ပါတယ်။

Advertisements

နောက်ဆုံး ပရီးမီးယားလိဂ် ခြောက်ပွဲမှာ အိုဒီဂတ်ဟာ သုံးဂိုးသွင်း တစ်ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

အငှားစာချုပ်နဲ့ လန်ဒန်မြေကို ရောက်ခါစက အိုဒီဂတ်ဟာ စပိန်မြေကို ပြန်လည် အခြေချဖို့ ဆန္ဒရှိခဲ့ပါသေးတယ်။ ရီးရဲမက်ဒရစ်နဲ့ အာဆင်နယ်ကြား ရှည်ကြာတဲ့ ဆွေးနွေးမှုတွေပြီးနောက်မှာတော့ အိုဒီဂတ်ဟာ အာဆင်နယ်ကို အပြီးသတ် ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

မကြာသေးမီကတော့ နော်ဝေကွင်းလယ်လူဟာ ရီးရဲမက်ဒရစ်ကို စွန့်ခွာပြီး အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာခဲ့ပါတယ်။

မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ရီးရဲမက်ဒရစ်မှာ ဖြစ်နေခဲ့တဲ့ အရာတွေအရပေါ့” (အသင်းရဲ့ လူစာရင်းမှာပုံမှန်နေရာရဖို့ အာမခံချက်မရှိတာကို ဆိုလိုတာပါ)

ရီးရဲမက်ဒရစ်နဲ့ အသက်၁၆နှစ်ကတည်းက စာချုပ်ချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတော့ ကျွန်တော့်ရဲ့ အနာဂတ်ကို ပြန်ကြည့်ခဲ့ဖို့ အချိန်ဖြစ်ခဲ့ပြီး အာဆင်နယ်က ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ အသင်းဖြစ်တယ်လို့ ထင်ခဲ့ပါတယ်”

ပွဲကြပ်ကာလတွေမှာလည်း အသင်းကို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းလေးသင်း စာရင်းထဲမှာ ဆက်လက်ထိန်းသိမ်းထားနိုင်အောင် အကောင်းဆုံး ကူညီသွားမယ်လို့  ဆိုခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: