နောက်ဆုံးရ အာဆင်နယ် သတင်းများ (24Dec)

ဆန်းချက်စ် ကိုခေါ်ဖို့က စီစဥ်ပြီးသားလို့ဖော်ပြ

Telefoot ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လိုင်လီရဲ့  ရီနာတိုဆန်းချက်စ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီးပြီလို့ သိရပြီး ပြောင်းရွှေ့ကြေး သန်း ၃၀ ခန့်သုံးသွားမယ်လို့ ဖော်ပြလာပါတယ်။  အဆိုပါကစားသမားဟာ လိုင်လီအသင်းတာဝန်ရှိသူတွေနဲ့လဲဆွေးနွေးပြီးဖြစ်ပြီး ၊ ပြောင်းရွှေ့ခွင့်ရထားခဲ့ပြီလို့ လည်းဆိုပါတယ်။

အန်ကတ်တီယာ က ထွက်ခွာဖို့ကို ပိုအားသန်

အာတီတာက ဘယ်နည်းနဲ့မဆို ထိမ်းသိမ်းဖို့ ကြိုးစားသွားမယ်လို့ ဆိုခဲ့ပေမယ့် အန်ကတ်တီယာက အသင်း‌ပြောင်းဖို့ဆုံးဖြတ်ထားပြီဖြစ်ပြီး  ဝက်စ်ဟမ်း ၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရိုက်တန်တို့ကခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့  Daily Cannon ကဖော်ပြလာပါတယ်။  Daily Mail ရဲ့အဆိုအရတော့ အန်ကတ်တီယာရဲ့ အပြောင်းအရွှေ့ဟာ ဇန်နဝါရီမှာတောင်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကစားသမားဟာ လောလောလတ်လတ်သွင်းယူထားတဲ့ ဟက်ထရစ်အပါအဝင်  ဒီရာသီမှာ ၆ ပွဲကစား ၅ ဂိုးသွင်းယူပေးထားပါတယ်။

ဒက်စ်ကို ရောင်းချဖွယ်ရှိတဲ့ ဘာကာ

Marca သတင်းစာရဲ့ဖော်ပြချက်အရ   အာဆင်နယ်အသင်းဟာ ဘာကာနောက်ခံလူ ဆာဂျီယိုဒက်စ်ကို စိတ်ဝင်စားနေတယ်လို့ သိရပြီး ပရိတ်သတ်တွေကလည်း ဒီသတင်းအပေါ်ကြိုဆိုနေကြပါတယ်။ အေဂျက်စ်နောက်ခံလူဟောင်းဟာ စာချုပ်အရ ဖျက်သိမ်းကြေး ၃၃၇ သန်းရှိပေမယ့် ဘာကာတို့ဟာ ၂၁ သန်းလောက်နဲ့ရောင်းချမှာဖြစ်တယ်လို့ အဆိုပါသတင်းကဆိုပါတယ်။ ဒက်စ် ကို ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီးတို့ကလည်း စောင့်ကြည့်နေတယ်လို့ သတင်းများအရသိရပါတယ်။

Advertisements

မာတင်နယ်လီကို တခုတ်တရ ချီးကျူးတဲ့ ဖာဒီနန်

ဂန္တဝင်ကစားသမား ရီယိုဖာဒီနန်က မာတင်နယ်လီရဲ့ ကြံ့ခိုင်မှုနဲ့ခွန်အားကို အခုလိုပဲ ချီးကျူးသွားခဲ့ပါတယ်။ 

အသက် ၁၈ နှစ်အရွယ်ကစားသမားတစ်ယောက်က ချဲလ်ဆီးအသင်းသားတွေကို တစ်ကိုယ်တော်ဖြတ်ကျော်ပြီး ဂိုးသွင်းပြသွားတယ်ဗျာ .. ဒီဖက်ထောင့်ကန်ဘောကနေ ဟိုဖက်ကို ဂိုးသွင်းတဲ့အနေအထားထိပြောင်းလဲလိုက်တာ။ ပုံမှန်ဆိုရင် ဒီလိုအခြေအနေမှာ ခြေကုန်လက်ပမ်းကျသွားတတ်တာပါပဲ။ ဒါပေမယ့် မာတင်နယ်လီကတော့  အေးဆေးပါ။  တကယ့်ကစားသမားကောင်းလေးပါပဲ။ သူကစားတာကို သေချာအာရုံစိုက်ကြည့်ပါ။  လှုပ်ရှားတာတွေ ၊ ဘောလုံးလက်ခံတာတွေ ၊ နေရာယူတာတွေအကုန်လုံးက သိပ်ကောင်းပါတယ်  လို့   BT Sports   ရဲ့ တင်ဆက်သူ ဂန္တဝင်ကစားသမား ကပြောခဲ့တာဖြစ်ပါတယ်။

ကျောနံပါတ် ၁၀ ဝတ်ဆင်ဖြစ်တဲ့အကြောင်းပြန်ပြောပြတဲ့ ဂျက်

ကစားသမားဟောင်း ဂျက်က သူကျောနံပတ် ၁၀ ကိုဝတ်ဆင်ဖို့  ဝင်းဂါးဆီကခွင့်တောင်းခဲ့တဲ့အကြောင်းကို အခုလိုပဲပြန်ပြောပါလာပါတယ်။ အားလုံးက ထင်ထားတာထက်ပိုလွယ်ကြောင်းလဲ သူကဆိုပါတယ်။

ဆရာ  .. ‌ရော်ဘင် (ဗန်ပါစီ) နဲ့ပတ်သတ်တဲ့သတင်းတွေအကြောင်းသေချာမသိပါဘူး။ ဒီကိစ္စနဲ့လည်း တိုက်ရိုက်မပတ်သတ်ပါဘူး။ ဒါပေမယ့် သူအသင်းကထွက်သွားရင် ကျောနံပါတ် ၁၀ ကို ဝတ်လို့ရမလား  လို့ ကျွန်တော်မေးလိုက်တယ်ဗျာ .. အဲ့ဒီမှာ ဝင်းဂါးက  ရတာပေါ့  လို့ပြန်ဖြေပါတယ်    လို့ ဂျက်က ပြန်ပြောင်းပြောပြခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: