ရှာခါဟာ အမှားတွေကနေ သင်ခန်းစာယူတတ်သလား

လိဒ်စ်အသင်းနဲ့ပွဲမှာဖြစ်ပါတယ်။  အာဆင်နယ်တို့ဟာ ၃ ဂိုးပြတ်နဲ့ပွဲကိုဦးဆောင်ထားနိုင်ခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့  ရှာခါဟာ ရာဖင်ဟာကို ခပ်ကြမ်းကြမ်းဖြတ်ထုတ်လိုက်ပါတယ်။ တကယ်ကို ဟာ ခနဲဖြစ်သွားစေတဲအခိုက်အတန့်ပါ။  ပွဲကြည့်နေတဲ့ ကျွန်တော်ဟာ  ဆွစ်ဇာလန်သားတစ်ယောက်အနီကတ်ထိပြန်ပြီလို့  ပြေးပြီးတွေးမိတာပါပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ကံကောင်းသွားခဲ့ပါတယ်။  ဒီလိုပုံစံမျိုးကို လုပ်မိတိုင်းမှာ ရှာခါ ဟာ သေချာပေါက်ကွင်းပြင်ကိုလမ်းလျှောက်ထွက်သွားခြင်းနဲ့ပဲဇာတ်သိမ်းရမယ့်သဘောရှိပေမယ့်  လိဒ်စ်နဲ့ပွဲမှာတော့ အေးဆေးဖြစ်သွားပါတယ်။

ဒီအဖြစ်တွေကိုကြည့်ပြီးတွေးမိတာက ရှာခါဟာ  အမှားတွေကနေသင်ခန်းစာရော ယူခဲ့ရဲ့လား။ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ ဂန်းနား ကပ္ပတိန်ဟောင်းဟာ ပေးဆပ်မှုများတဲ့ ဖြတ်ထုတ်မှုတွေကို မကြာခနပြုလုပ်တတ်သူဖြစ်ပါတယ်။  ဒါကြောင့်အနီကတ်မှတ်တမ်းကလဲ သိပ်ကိုထင်ရှားလှပါတယ်။

မန်စီးတီးနဲ့ပွဲမှာဖြစ်ခဲ့တဲ့ကိစ္စ  ၊ မနှစ်တုန်းက ဘန်လေနဲ့ပွဲမှာဖြစ်ခဲ့တဲ့ ကိစ္စ စသည်ဖြင့် ရှာခါနဲ့ အနီကတ်ဆိုတာ အမြဲတွဲလျှက်သား။  သူဟာ အသင်းကြီးနဲ့ပွဲတွေစကစားနေတဲ့ အသက် ၂၀ အရွယ်ကစားသမားလေးလဲမဟုတ်တော့။ အနှစ်ချုပ်ရရင်တော့ ဆွစ်ဇာလန် ကပ္ပတိန်ဟာ  အမြဲတန်းလိုလို သူ့ကိုယ်သူထိန်းချုပ်ဖို့ လွတ်လွတ်နေတဲ့ ကစားသမားလို့ပဲဆိုရမှာပါပဲ။ အသင်းဂျာစီကိုပါချွတ်ပြီးလွှင့်ပစ်ဖူးတဲ့ သမိုင်းကလဲရှိပါသေးတယ်။

Advertisements

ပြီးခဲ့တဲ့ရာသီတုန်းက အသင်းက ထွက်ခွာလုလုဖြစ်ခဲ့တဲ့  ရှာခါဟာ ဒီရာသီမှာအသင်းပြောင်းရင်လဲ သိပ်တော့အံ့သြစရာမဟုတ်ပြန်ပါဘူး။  အသင်းရဲ့ပရိတ်သတ်အ‌တော်များများက  အာဆင်နယ်ကွင်းလယ်မှာ ဖြည့်တင်းစရာအနဲငယ်ကိုပြုလုပ်ပြီးရင် အဆင့်အတန်းတစ်ခုကိုရောက်ပြီဆိုတာသိကြပါတယ်။ ဒါဆိုရင် ရှာခါရဲ့ အခန်းကဏ္ဏကရော ဘယ်လိုရှိနေပါမလဲ။  ရှာခါဟာ ကစားသမားကောင်းတစ်ယောက်ဆိုတာ အငြင်းပွားဖွယ်ရာမရှိပါဘူး။ အသင်းကိုရောက်လာကတည်းက စိတ်ဓါတ်မာကျောမှုအပါအဝင် ၊ ကွဲပြားတဲ့ကစားဟန်နဲ့အတူ  အသင်းကိုအကျိုးပြုထားနိုင်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်တို့ဟာ ရှာခါရဲ့မတည်ငြိမ်မှုကို ကာကွယ်ဖို့အပြင် အနာဂတ်အတွက်ဖြည့်တင်းမှုအဖြစ်ကစားသမားအသစ် ခေါ်ကိုခေါ်ယူရမှာဖြစ်ပါတယ်။ ဒီအချက်ဟာ ရှာခါအတွက်ရော အာဆင်နယ်အတွက်ပါအပြောင်းအလဲတစ်ခုဖြစ်သွားနိုင်ပါတယ်။

အာဆင်နယ်ပရိတ်သတ်တွေဟာ အသင်းကို သွေးသစ်လောင်းနေပြီဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပြီးသားပါ။ တကယ်လို့ ကစားသမားသစ်ဟာ ရှာခါရဲ့နေရာကို အစားထိုးသွားမယ်ဆိုရင်လည်း သူတို့တွေခပ်မြန်မြန်အသားကျသွားကြမှာပါပဲ။  ဆွစ်ဇာလန်သားအနေနဲ့ လည်း ကြိုတင်ပြင်ဆင်ထားစရာတော့ရှိနေပြီဖြစ်ပါတယ်။

လောလောဆယ်တော့ အာဆင်နယ်တို့အတွက်ပွဲပေါင်း ၂၃၀ လောက်ကစားပေးထားတဲ့ ဆွစ်ဇာလန်သားကြီးဟာ အသင်းနဲ့ ၆ ရာသီမြောက်ကိုဖြတ်သန်းနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: