စိတ်သစ်လူသစ်နဲ့ တကျော့ပြန် အူဘာမီယန်းကို မြင်ရဖို့ အာတီတာ ကြံစည်ထားသလား

စည်းကမ်းမလိုက်နာမှုကြောင့် ပြစ်ဒဏ်ပေးခံထားရတဲ့ တိုက်စစ်မှူးအူဘာမီယန်းဟာ အသင်းရဲ့နောက်ဆုံးပွဲစဉ် လေးပွဲစလုံးကို လွဲချော်ထားခဲ့ပါတယ်။  ဒီလို အပြစ်ပေးမှုပြီးတဲ့ နောက်ပိုင်း ပထမဆုံးအနေနဲ့ အာတီတာဟာ အူဘာမီယန်းကို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါ၀င်နိုင်ဖို့ တံခါးဖွင့်လာခဲ့ပါတယ်။

ကပ္ပတိန်လက်ပတ်ကို ဆုံးရှုံးခဲ့ရတာဟာ ဂါဘွန်သားကြီးအတွက် နာကျင်စရာကောင်းခဲ့ပြီး သူ မပါ၀င်ခဲ့တဲ့အချိန်မှာ အသင်းရဲ့ရလဒ်တွေက ကောင်းမွန်ခဲ့သလို သွင်းဂိုး ၁၄ဂိုးအထိလည်း သွင်းယူနိုင်ခဲ့ပါတယ်။  အူဘာမီယန်းမပါ၀င်တဲ့အချိန်မှာ တိုက်စစ်မှူး လူငယ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာတင်နယ်လီနဲ့ အန်ကက်တီးယားတို့က သုံးဂိုးစီအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

အသင်းရဲ့ ကပ္ပတိန်သစ် လာကာဇက် ကလည်း အူဘာမီယန်း မပါ၀င်နိုင်တဲ့ တိုက်စစ်မှာ အသင်းရဲ့ကြယ်ပွင့်‌ကစားသမားတွေဖြစ်တဲ့ စမစ်ရိုး၊ဆာကာ၊အိုဒီဂတ်တို့ နဲ့ တွဲဖက်ပြီး အကောင်းဆုံးကစားပြထားပါတယ်။

Advertisements

ကလပ်ရဲ့ လစာအများဆုံးကစားသမား မပါ၀င်နိုင်တဲ့အချိန်မှာ နိုင်ပွဲတွေဆက်တိုက်ဆိုသလို ရရှိနေတာကြောင့် လာမယ့်ဇန်နဝါရီမှာ အူဘာမီယန်းဟာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ကျယ်လောင်စေခဲ့ပါတယ်။အသက်၃၂နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ ဇန်နဝါရီလထဲမှာတော့ အာဖရိကဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းကို ကိုယ်စားပြုကစားဖို့ ကင်မရွန်းကို ထွက်ခွာရမှာ ဖြစ်ပါတယ်။

အစောပိုင်းက အာဖရိဖလားပွဲကနေ အူဘာပြန်လာချိန်မှသာ အသင်းမှာ ပြန်လည်နေရာရနိုင်ချေရှိတယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် မထင်မှတ်ပဲ အော်ဘာဟာ အာဖရိကကို ခရီးမနှင်မီမှာ Boxing Day ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Norwich နဲ့ပွဲစဉ်အတွက် အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ပါ၀င်လာဖို့ ကြိုးစားခွင့်ရှိနေပါတယ်။

ကနေရီတွေနဲ့ တွေ့ဆုံမှု မတိုင်မီ မေးမြန်းမှုတစ်ခုမှာတော့ အူဘာမီယန်းကို အသင်းရဲ့လူစာရင်းကနေ ဆက်လက်ထုတ်ပယ်သွားမှာလား ဆိုတဲ့ မေးခွန်းအပေါ် အာတီတာက ငြင်းဆိုသွားခဲ့ပါတယ်။

တစ်ပွဲပြီး တစ်ပွဲပဲ ကျွန်တော်တို့ သွားကြတာပေါ့။အသင်းရဲ့လူစာရင်းမှာ ဘယ်ကစားသမားတွေကို ပါ၀င်စေမလဲဆိုတာ ကစားပွဲနားနီးမှ ကျွန်‌တော်တို့ ဆုံးဖြတ်မှာပါ”

အူဘာမီယန်းနဲ့ ပတ်သက်ပြီး သတင်းစကားအသစ်တွေ ထုတ်ဖော်ပြောကြားခြင်းမရှိတာနဲ့ ပတ်သက်ပြီးလည်း အာတီတာက “ဘာလို့လဲဆိုတော့ ဒါမျိုးက အသင်းရဲ့လူစာရင်းကို ဆုံးဖြတ်ပြီးတဲ့အခါ၊ ကစားပွဲမတိုင်မီမှ ပြောတတ်တဲ့အရာမျိုးဖြစ်တာကြောင့်ပါ”လို့ ဖြေရှင်းခဲ့ပါတယ်။

အန်ကက်တီယားက အသင်းအတွက် ဟက်ထရစ်သွင်းဂိုး ရယူပေးထားတာဟာ ပူပူနွေးနွေးပဲ ရှိသေးတာမို့ အူဘာအနေနဲ့ အသင်းရဲ့လူစာရင်းကနေ ဆက်လက်ပြီး ချန်လှပ်ခံရနိုင်ချေလည်း ရှိနေပါတယ်။

Advertisements

အန်ကက်တီးယားနဲ့ပတ်သက်ပြီး အာတီတာက

လေ့ကျင့်ရေးကွင်းနဲ့ကစားပွဲထဲမှာ သူပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အန်ကက်တီးယားက ကစားခွင့်မိနစ်တွေ ပိုရသင့်ပါတယ်”လို့ ဆိုပါတယ်။

အူဘာမီးယန်းလိုပဲ  အန်ကက်တီးယားရဲ့ အာဆင်နယ်အနာဂတ်ဟာ မသေမချာဖြစ်နေပြီး လာမယ့်နွေရာသီမှာ အသင်းနဲ့စာချုပ် ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပုံမှန်ပွဲထွက်ခွင့်မရရှိထားတဲ့ အန်ကက်တီးယားဟာ အသင်းရဲ့ စာချုပ်သစ်ကို ငြင်းပယ်ထားပေမယ့် အာတီတာကတော့ အင်္ဂလန်သားကို အသင်းမှာ ဆက်ထိန်းထားဖို ဆန္ဒရှိနေပါတယ်။

အန်ကက်တီးယားကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေတဲ့အပေါ် မေးမြန်းရာမှာတော့ 

ကျွန်တော်တို့ တတ်နိုင်တာကို အကောင်းဆုံးကြိုးစားပြီး လုပ်နေပါတယ်။စာချုပ်တစ်ခုမှာ သက်တမ်းကုန်ဆုံးမယ့် ရက်စွဲတစ်ခုတော့ပါတာပါပဲ။ဒါကို ကျွန်တော်တို့ ထိန်းချုပ်လိုမရပါဘူး ၊ကစားသမားနဲ့ ကျွန်တော်တို့ ဆွေးနွေးနေကြပါတယ်။”

ကျွန်တော် ထပ်ပြောပါမယ်။အန်ကက်တီးယားရဲ့ တစ်ခုတည်းသော ဆန္ဒက ‌ဘောလုံးကစားချင်တာဖြစ်ပြီး သူရဲ့ဆုံးဖြတ်ချက်ကလည်း ဒီအပေါ်ပဲ မူတည်ပြီး ဆုံးဖြတ်မှာပါ။ဒါကို ခင်ဗျားတို့ လေးစားမှုရှိရပါမယ်”လို့ အာတီတာက ဆိုပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: