ပုံမှန်နေရာလိုချင်ရင် ဘရိုက်တန်မှာက ပိုဖြစ်နိုင်တယ်လို့ အန်ကတ်တီယာကို ဒါရင်းဘန့်ပြော
အာဆင်နယ်ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ဒါရင်းဘန့်ကတော့ တိုက်စစ်မှုးအန်ကတ်တီယာဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် သူတောင်းဆိုနေတဲ့ အမြဲတန်းပွဲထွက်ခွင့်ဆိုတာကတော့ အာဆင်နယ်လို့အသင်းအတွက် မလွယ်ကူဘူးလို့ ဆိုလိုက်ပါတယ်။ talkSPORT နဲ့တွေ့ဆုံရာမှာ ဘန့်က
ဒါက သူ့ကိုမလေးစားတာမဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်လိုနေရာမှာ အမြဲတန်းကစားရမယ့် တိုက်စစ်မှုးနေရာအတွက်တော့ သူက အဆင်သင့်မဖြစ်သေးဘူးဗျ။ ဘရိုက်တန်လိုအသင်းမှာဆိုရင်တော့ သူပြောတာမှန်နိုင်ပါတယ်။ ဘရိုက်တန်အတွက်က ဧရိယာထဲမှာ အမြဲနေပြီး ဂိုးတွေသွင်းပေးဖို့လူလိုနေတာဗျ .. မူပေးကလည်း အရမ်းမကောင်းဘူးလို့ ကျွန်တော်ထင်တယ်။ တကယ်လို့ အာဆင်နယ်က သူ့ကိုဆက်ခေါ်ထားရင်လည်း အခြားတိုက်စစ်မှုးတစ်ယောက်လိုနေဦးမှာပဲဗျ လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
ပရိတ်သတ်တွေက ဒေးဗီးစ်ကို ပိုသဘောကျနေကြ
အာဆင်နယ်ပရိတ်သတ်တွေဟာ သန်း ၇၀ လောက်ပေးရမယ့် ဗလာဟိုဗစ်အစား သန်း ၃၀ လောက်နဲ့ရနိုင်တဲ့အပြင် အာဆင်နယ်အသင်းကိုလဲ စိတ်ဝင်စားတဲ့ လိုင်လီရဲ့ ဒေးဗီးစ် ကိုပိုလိုချင်နေကြတယ်လို့ HITC ကဖော်ပြလာပါတယ်။ နောက်ဆုံးရသတင်းများအရ ကစားသမားအေးဂျင့်ကလည်း ရာသီကုန်မှာအသင်းပြောင်းဖွယ်ရှိကြောင်းအတည်ပြုပေးထားပါတယ်။
အာတီတာရဲ့ ခရီးစဥ်ကို သုံးသပ်တဲ့ ရေးပါလာ
ဂန္တဝင်ကြီးရေးပါလာက နည်းပြ အာတီတာရဲ့ တစ်ဆင့်ခြင်းလုပ်ဆောင်လာတဲ့အပြော င်းအလဲတွေကိုရှင်းပြခဲ့ပြီး ကစားသမားခေါ်ယူမှုတွေကိုလည်းချီးကျူးခဲ့ပါတယ်။
“ အာတီတာက ပြသနာများစွာကြုံခဲ့ရတယ်ဗျ .. အိုဇေးတို့ မူစတာဖီတို့လိုကစားသမားတွေနဲ့ ပြသနာတွေရှိခဲ့တယ်။ အဝတ်လဲခန်းမှာ ပြသနာတွေဖန်တီးနိုင်တဲ့ ကစားသမားတွေကိုရှင်းထုတ်ခဲ့ရတယ်။ တဖြေးဖြေးခြင်းနဲ့ ကစားသမားသစ်တွေကို ခေါ်ယူနိုင်ခဲ့တယ်။ တိုမီယာစု ဟာသိပ်ကောင်းတဲ့ချုပ်ဆိုမှုပါပဲ။ နောက်ပြီးလူငယ်ကစားသမားတွေကိုလည်းအခွင့်အရေးပေးခဲ့တယ်။ အသင်းကလဲ လိုအပ်တဲ့ငွေကြေးထောက်ပံ့မှုတွေပေးခဲ့တယ်။ အာတီတာအနေနဲ့ ငွေမရှိဘူးလို့တော့ စောဒကတက်လို့မဖြစ်နိုင်ပါဘူး။ ဘန်ဝှိုက်လိုကစားသမားမျိုးကို သန်း ၅၀ နဲ့ပေးဝယ်ခဲ့တာက မြင်သာနေတာပါပဲ “ လို့ talkSPORT နဲ့တွေ့ဆုံစဥ်မှာ မှတ်ချက်ပြုသွားခဲ့ပါတယ်။
ပေပေ ကတော့ပြောင်းလိုက်တာကောင်းတယ်လို့ မာဆင်ဆို
ပေါလ်မာဆင်က ပေပေရဲ့ ခြေစွမ်းမတည်ငြိမ်မှုကိုထောက်ပြပြီး အာတီတာကို တစ်ခုခုဆုံးဖြတ်ဖို့ အကြံပြုခဲ့ပါတယ်။ သူက ဖြစ်နိုင်ရင် ဇန်နဝါရီမှာပေပေကိုရောင်းလိုက်သင့်တယ်ဗျ .. ကျွန်တော့်အထင် သူလည်း သွားခွင့်ရရင်သွားလိမ့်မယ်။ သူ့ ပြသာနာက ခြေစွမ်မတည်ငြိမ်တာပဲ။ သူက ၁၀မှတ်မှာ ၈ မှတ်ဖြစ်လိုက် ၊ ၄ မှတ်လောက်ပဲရလိုက်ဖြစ်နေတာ .. မန်နေဂျာအတွက်က ၇ ဒါမှမဟုတ် ၇.၅ လောက်နဲ့တည်ငြိမ်နေရင်အဆင်ပြေပါပြီ လို့ ပြောသွားခဲ့ပါတယ်။
အူဘာကို အာတီတာမျှော်လင့်ချက်ထားနေဆဲပေမယ့် အပြောင်းအရွှေ့လဲဖြစ်လာနိုင်
ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ အာတီတာအနေနဲ့ အူဘာမီယန်အပေါ် မျှော်လင့်ချက်ထားနေဆဲဖြစ်ပေမယ့် တဖက်မှာလည်း အပြောင်းအရွှေ့အတွက်ပြင်ဆင်ထားပြီလို့ဆိုပါတယ်။ လတ်တလောမှာ ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်တို့က ကစားသမားကို စိတ်ဝင်စားနေပြီး လုပ်ခလစာနဲ့ပတ်သတ်လို့ကတော့ အာဆင်နယ်နဲ့ ညှိနှိုင်းရမှာဖြစ်တယ်လို့ဆိုပါတယ်။