အန်ကက်တီးယားကို အသင်းမှာ ဆက်ထိန်းသိမ်းထားလိုတဲ့ အာတီတာ

ကာရာဘောင် ဖလားပွဲစဉ်မှာ ဆန်းဒါးလန်းကို (၅-၁)နဲ့ အနိုင်ရခဲ့ပြီးနောက် အာတီတာက အသင်းရဲ့လူငယ်တိုက်စစ်မှူးအန်ကက်တီးယားကို အသင်းမှာ တကယ်ကို ဆက်ရှိနေစေချင်ကြောင်း ပြောလာခဲ့ပါတယ်။

ဆန်းဒါးလန်းကို ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ အာတီတာက နောက်ဆုံးအသုံးပြုခဲ့တဲ့ လူစာရင်းကို ကိုးနေရာအထိ အပြောင်းအလဲ လုပ်ခဲ့ပြီး  ပေပေ၊ စမစ်ရိုး၊ ဘာလိုဂန်၊ အန်ကက်တီးယားနဲ့ ဟိုးဒင်းတို့က ပထမပွဲထွက်လူစာရင်းမှာ ပါလာခဲ့ပါတယ်။

အန်ကက်တီးယားက ဒီပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်ရည်တစ်ခုကို ပြသပေးနိုင်ခဲ့ပါတယ်။ပေပေကလည်း ပထမပိုင်းမှာ တစ်ဂိုးသွင်းယူပေးခဲ့သလို လူစား၀င်လာခဲ့တဲ့ လူငယ်ကစားသမားလေး ချာလီပါတီနိုကလည်း တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒီပွဲစဉ်ကို အနိုင်ရခဲ့တာကြောင့် အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အာတီတာက သူ့အနေနဲ့ အန်ကက်တီယားကို အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ပြောခဲ့ပါတယ်။

“ဂိုးသွင်းတယ်ဆိုတာ လေ့ကျင့်ရေးကွင်းမှာ သူလုပ်ပြနေကျ အရာပါပဲ”

Advertisements

အန်ကတ်တီးယားကို စာချုပ်သက်တမ်းတိုးဖို့အတွက် အာတီတာက သူကိုယ်တိုင်ရော၊ အသင်းကပါ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အန်ကက်တီးယားရဲ့စာချုပ်က နောက်နှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး အသင်းရဲ့ စာချုပ်အသစ်ကမ်းလှမ်းချက်ကို ကစားသမားက ငြင်းပယ်ထားပါတယ်။

“အက်ဒီ(အန်ကက်တီးယား) ဘယ်လို ကစားတယ်၊အသင်းအတွက် ဘယ်လိုအကောင်းဆုံးပေးဆပ်တယ်၊ ကျွန်တော်တို့ သူ့ကို ဘယ်လောက်တောင် သဘောကျလဲဆိုတာ အမြဲတွေးမိပါတယ်”

“သူလိုချင်တဲ့ တစ်ခုတည်းသော အရာက ပိုပြီးမိနစ်များများ ကစားခွင့်ရဖို့ပါပဲ။ကျွန်တော်တို့ သူ့ကို အသင်းမှာ တကယ်ပဲ ဆက်ရှိနေစေချင်ပြီး ဒီအတွက်လဲ ကြိုးစားနေပါတယ်။ အက်ဒီဟာ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။”

ပွဲမတိုင်မီမှာလည်း အန်ကက်တီးယားက သူရဲ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။

“ကျွန်‌တော်က ဘောလုံးကန်ဖို့ စိတ်အားထက်သန်ပါတယ်။ဘောလုံးသမားတိုင်းကတော့ ကစားခွင့်ရချင်တာပါပဲ။ ကျွန်တော်တတ်နိုင်တာကတော့ ဆက်ပြီး အလုပ်ကြိုးစားနေဖို့ပါပဲ။ဒီလိုနဲ့ အခွင့်အရေးတွေရလာမယ်လို့ မျှော်လင့်ပါတယ်”

“အာဆင်နယ်မှာ ကျွန်တော်ရဲ့စာချုပ်သက်တမ်းကျန်နေသေးပြီး အကောင်းဆုံး ပေးဆပ်ဦးမှာပါ။တကယ်လို့ မန်‌နေဂျာက ကျွန်တော့်ကို လိုအပ်ခဲ့ရင် ကစားဖို့လည်း အသင့်ပါပဲ”လို့ အန်ကက်တီးယားကဆိုခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: