ပရိသတ်တွေဆီ ကျေးဇူးတင်စကားလက်ဆောင်ပါးခဲ့တဲ့ အာတီတာ

လက်ရှိရာသီမှာ အသင်းရဲ့ အိမ်ကွင်းခြေစွမ်းကောင်းမွန်မှုကို မဖြစ်မနေ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၈ပွဲမှာ ၇ပွဲအနိုင်ရပြီး တစ်ပွဲသာ သရေကျခဲ့တာကြောင့် အများဆုံးရနိုင်တဲ့ ရမှတ် ၂၄မှတ်မှာ ၂၂မှတ်အထိ စုဆောင်းနိုင်ခဲ့ပါတယ်။

အာတီတာက ဥရောပ ၀င်ခွင့်တစ်နေရာအတွက် အမ်းမရိတ်ကို ခံတပ်တစ်ခုလို ပြင်ဆင်သွားမယ်လို့ ပြီးခဲ့တဲ့လတွေက ကြုံးဝါးခဲ့ပြီး ၊ သူပြောခဲ့တဲ့အတိုင်းပဲ အမြှောက်တပ်သားတွေဟာ အမ်းမရိတ်မှာ အမြဲလိုလို အမြှောက်သံတွေဆူညံစေခဲ့ပါတယ်။ အသင်းဟာလည်း အိမ်ကွင်းရလဒ်ကောင်းတွေနဲ့အတူ ရာသီအစမှာ တန်ဆင်းဇုန်ထဲ ရောက်‌နေရာကနေ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၄နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အိမ်ကွင်းအကောင်းဆုံးအသင်းအဖြစ်လည်း မန်စီးတီးအသင်းနဲ့အတူတူ ရပ်တည်ထားနိုင်ပြီး ပြီးခဲ့တဲ့ ရာသီက အိမ်ကွင်းရလဒ်ဆိုးဝါးခဲ့မှုတွေကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့‌မန်နေဂျာ အာတီတာက အိမ်ကွင်းရလဒ်ကောင်းတွေနဲ့ပတ်သက်ပြီး အမ်းမရိတ်မှာ အသင်းရဲ့ ၁၃ယောက်မြောက်ကစားသမားတွေအဖြစ်နဲ့ ၀န်းရံပေးခဲ့တဲ့ ပရိသတ်တွေကို  ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Advertisements

ကစားသမားတွေက အ၀တ်လဲခန်းထဲမှာ ဒီအကြောင်းကိုပဲ ထပ်ခါထပ်ခါပြောနေကြပါတယ်။အမ်းမရိတ်မှာ ကစားရတဲ့အခါ ပရိသတ်တွေ ဖန်တီးပေးတဲ့ နွေးထွေးပြီး အားတက်စရာကောင်းတဲ့ ပတ်၀န်းကျင်အကြောင်းပါ”

“ဒါက ကြီးမားတဲ့  အချိုးအ‌ကွေ့တစ်ခုပါ။ကစားသမားတွေဟာ ဥမင်လှိုဏ်ခေါင်းကနေ ဖြတ်လျှောက်ပြီး ကွင်းထဲကို ၀င်လိုက်တဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုတွေဟာ တကယ်ပဲ ရင်သပ်ရှုမောဖို့ကောင်းပြီး ယှဉ်ပြိုင်ဖို့ အားအင်တွေဖြစ်လာရပါတယ်။ ကစားသမားတွေနဲ့ ပရိသတ်ကြားမှာလည်း ‌ပိုပြီး ရင်းနှီးနွေးထွေးတဲ့ ဆက်သွယ်မှု တစ်ခု ဖြစ်လာပါတယ်။”

“အသင်းရဲ့ အိမ်ကွင်းရလဒ်ကောင်းမွန်မှုဟာ ပရိသတ်တွေရဲ့အားပေးမှုနဲ့ ဆက်နွယ်နေပြီး ပရိသတ်တွေကြောင့် နိုင်ပွဲတွေရခဲ့တာလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ နိုင်ပွဲတွေရလာလေ ကျွန်တော်တို့ဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတာကိုပိုပြီး နှစ်သက်လေဖြစ်လာပြီး ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ပေါင်းစည်းမှုက ကြီးလာလေ ပြိုင်ဘက်တွေအတွက် ယှဉ်ပြိုင်ရတာ ပိုပြီးခက်ခဲလာလေလေပဲဖြစ်ပါတယ်”လို့ အာတီတာက ပြောခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: