နောက်ဆုံးရ အာဆင်နယ် သတင်းများ (21Dec)

မာတင်နယ်လီကြောင့် အူဘာနေရာကို အရမ်းမစိုးရိမ်ရတာလို့ သုံးသပ်

BBC ရဲ့တင်ဆက်သူ ဂါရတ်ကွတ် က အာဆင်နယ် လူငယ်လေး မာတင်နယ်လီရဲ့တိုးတက်မှုကို ချီးကျူးပြောဆိုလိုက်ပြီး အသင်းအနေနဲ့ အလေးအနက်ထားပြီးဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။  “ မာတင်နယ်လီကို ကျွန်တော်သဘောကျပါတယ်။ မြန်တယ် ၊ ဂိုးရှေ့မှာ ယုံကြည်ချက်အပြည့်နဲ့ကစားနိုင်တယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာသွင်းယူသွားတဲ့ပုံစံမှာ အတော်အဆင့်မြင့်တဲ့အဆုံးသတ်စွမ်းရည်ကိုမြင်ခဲ့ရပါတယ်။ လိဒ်စ်နဲ့ပွဲမှာလည်း ၂ ဂိုးထပ်သွင်းသွားပြန်ပါတယ်။  အူဘာမီယန် မရှိမှာကိုအရမ်းမစိုးရိမ်ရတဲ့ အကြောင်းရင်းက မာတင်နယ်လီကြောင့်လဲဖြစ်နိုင်ပါတယ်”    လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဖြစ်သမျှကိုရင်ဆိုင်မယ်ဆိုတဲ့ အာတီတာ

လက်ရှိ ရောဂါပြန့်ပွားမှုနှုန်းမြင့်တက်လာတာနဲ့ပတ်သတ်ပြီး  အာတီတာက သူတို့စီစဥ်ထားတာတွေကို အခုလိုပဲပြောသွားခဲ့ပါတယ်။

မထင်မှတ်ပဲဖြစ်လာနိုင်တာအကုန်လုံးအတွက် ကြိုတင်ပြင်ဆင်ထားပါတယ်။ နောက်ပြီး ဘာကိုမှ စောဒကတက်သွားမှာ မဟုတ်ပါဘူး။  ဘယ်ကိစ္စအတွက်မဆို အကြောင်းပြချက်ရှာလို့ရပါတယ်။  ကျွန်တော်တို့ ဘာတွေကြုံလာရမယ်ဆိုတာကိုသိပါတယ်။ အဆိုးတွေဖြစ်လာနိုင်တာကိုလည်း နားလည်ထားပါတယ်။  ဖြစ်လာနိုင်တာတွေအကုန်လုံးအတွက် အရံအစီအစဥ်တွေကို ပြင်ဆင်ထားပါတယ်   လို့ အာတီတာကပြောသွားခဲ့ပါတယ်။

Advertisements

အူဘာမီယန်ကို ဘာကာချိတ်ဆက်မယ်လို့ သတင်းတွေ ထပ်ထွက်

Mail Online ရဲ့ဖော်ပြချက်အရာ ဘာစီလိုနာအသင်းဟာ အာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်ကို  အငှားနဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ ဖော်ပြပါတယ်။  ဘာကာအသင်းဟာလည်း တိုက်စစ်မှုးအပူတပြင်းရှာဖွေနေရသလို  ၊ အာဆင်နယ်အနေနဲ့လည်း ကစားသမားကို တစ်ပတ် ပေါင် ၃၅၀၀၀၀ ပေးချေနေရတာဖြစ်လို့   ဆုံးဖြတ်ချက်တစ်ခုခုချရမှာဖြစ်ပါတယ်။ Fichajes ရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းကလည်း အူဘာမီယန်ကို ဘာကာနဲ့အပြိုင်ကြိုးစားနေတယ်လို့ သိရပါတယ်။

ပါတီနိုနဲ့ လူငယ်တွေ ကာရာဘောင်းပွဲမှာ ပါလာဖွယ်ရှိ

Mirror သတင်းစာရဲ့ဖော်ပြချက်အရ  အာဆင်နယ်လူငယ်ကစားသမားလေး ပါတီနို အပါအဝင် အကယ်ဒမီကလူငယ်လေးတွေဟာ ကာရာဘောင်းဖလားပွဲမှာ  ပွဲထွက်ခွင့်ရဖို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Form  မိနေတဲ့အသင်းကိုပိုင်ဆိုင်ထားပေမယ့် အာတီတာအနေနဲ့လူငယ်တွေကို အခွင့်အရေးပေးဖွယ်ရှိတယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။ ပါတီနိုဟာ ပရိတ်သတ်တွေမျှော်လင့်ချက်ကြီးနေကြတဲ့လူငယ်ကစားသမားလေးလဲဖြစ်ပါတယ်။

မာတင်နယ်လီကို ကျောနံပါတ် ၃၅ မဝတ်စေချင်တော့တဲ့ ပရိတ်သတ်တွေ

လက်ရှိပုံစံကောင်းတွေဆက်တိုက်ပြသပေးနေတဲ့ မာတင်နယ်လီအတွက် ပရိတ်သတ်တွေက ကျောနံပါတ်ကောင်းကောင်းတစ်ခုကို ဝတ်ဆင်နေစေချင်ကြတယ်လို့    သတင်းတွေကဖော်ပြလာပါတယ်။ အူဘာမီယန်က နံပါတ် ၁၄ ကိုဝတ်ဆင်ထားတာမို့ အဆိုပါ ဂန္တဝင်နံပါတ်က မဖြစ်နိုင်သေးပေမယ့်  ကျောနံပါတ် ၁၁ သို့မဟုတ်  ၁၇ ကို ဝတ်ဆင်ကစားတာပိုသင့်တော်မယ်လို့  ပြောဆိုနေကြတာဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: