တိုမီယာစုနေရာအတွက် ပိုမိုအားစိုက်ရှာဖွေဖို့ အာတီတာတိုက်တွန်းခံရ
နည်းပြ အာတီတာအနေနဲ့ တိုမီယာစုနေရာ အစားဝင်ဖို့ ကစားသမားမရှိတဲ့အချက်ကို ပိုပြီးအားစိုက်ရှာဖွေရဖွယ်ရှိတယ်လို့ Football London ကဖော်ပြလာပါတယ်။ အာတီတာဟာ တိုမီယာစုနေရာအတွက်အစောကတည်းက ကြိုတင်ပြင်ဆင်နေခဲ့ပေမယ့် ဆဲဒရစ်နဲ့ ခြေစွမ်းကို သိသိသာသာမြင်ရပြီးတဲ့နောက်မှာ ပိုပြီးအရေးကြီးတဲ့ လုပ်ဆောင်စရာတစ်ခုဖြစ်လာနေတယ်လို့ဆိုပါတယ်။ အဆိုပါသတင်းမှာတော့ ဆဲလ်ဘတ်ရဲ့ ခရစ်စတန်ဆန် ၊ အတ္တလန္တာရဲ့ မေဟေးလ် နဲ့ တာဗာရက်စ်ရဲ့ကစားဖော်ဟောင်း ယာအိုမာရီယိုတို့ကို အကြံပြုရေးသားထားပါတယ်။
အူဘာ ဘယ်လိုခံစားရနိုင်သလဲဆိုတာ ပြောပြခဲ့တဲ့ ရိုက်
သူမပါပဲ အနိုင်ရခဲ့တဲ့အပေါ် အူဘာမီယန် ဘယ်လိုခံစားနေရနိုင်သလဲဆိုတာကို မေးမြန်းတဲ့အခါ ရိုက် က အခုလိုပဲဖြေခဲ့ပါတယ်။ ကျွန်တော်တို့သိထားတာက ဖြစ်စဥ်ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ အစအဆုံးမသိတဲ့အခါပြောရခက်ပါတယ်။ ခင်ဗျားက မေးလို့ဖြေရရင်တော့ တိုက်စစ်မှုးတစ်ယောက်အနေနဲ့ သူမပါပဲနိုင်နေတဲ့အပေါ် ကသိကအောက်တော့ဖြစ်နိုင်ပါတယ်။ ကိုယ်မကစားချိန်မှာ ဂိုးတွေရနေတာကတော့ သိပ်ပျော်စရာမဟုတ်ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ နိုင်ပွဲတွေရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် သူလဲ ပါဝင်ချင်နေမှာဖြစ်လို့ပါပဲ ဆိုပြီးဖြေသွားခဲ့ပါတယ်။
ဂျိုဗစ်ကိုခေါ်ဖို့ ပြိုင်ဖက်ပေါ်လာခဲ့ပြီ
ရီးရဲအသင်းအကြောင်းအဓိကဖော်ပြတဲ့ Defensa Central ကတော့ ရိုးမားနည်းပြ မော်ရင်ဟို ဟာ လူကာဂျိုဗစ်ကိုခေါ်ယူဖို့ သူ့အသင်းကို ခွင့်တောင်းထားတယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်စစ်မှုးကို အာဆင်နယ်တို့က ကာလရှည်စောင့်ကြည့်နေခဲ့ပေမယ့် လက်တွေ့လုပ်ဆောင်မှုတွေတော့မရှိသေးပါဘူး။ ရီးရဲတို့ကလည်း ကစားသမားကိုရောင်းချချင်နေတာဖြစ်လို့ ဂျိုဗစ်ကိုခေါ်ချင်ရင် ရီးရဲ နဲ့ ညှိဖို့ထက် မော်ရင်ဟိုနဲ့ ပြိုင်ရလိမ့်မယ်လို့ HITC ကသုံးသပ်သွားပါတယ်။
တိုမီယာစုရဲ့ ပို့စ်ကြောင့် ပရိတ်သတ်တွေ စိတ်သက်သာရာရ
အာဆင်နယ်နောက်ခံလူ တိုမီယာစုရဲ့ Instagram ပို့ စ်မှာ အသင်းရဲ့နိုင်ပွဲကိုသာချီးကျူး ရေးသားထားပြီး သူ့ရဲ့ဒဏ်ရာအကြောင်း ဘာမှဖော်ပြထားခြင်းမရှိလို့ ပရိတ်သတ်တွေက စိတ်သက်သာရာရနေကြတယ်ဆိုပြီး Football London ကဖော်ပြလာပါတယ်။ အဓိက ကျတဲ့နောက်ခံလူဖြစ်တဲ့ ဂျပန်သားထွက်သွားပြီးနောက်မှာ အသင်းကစားပုံသိသိသာသာကျသွားခဲ့တာကြောင့် ပရိတ်သတ်တွေအနေနဲ့စိုးရိမ်မှုရှိနေကြတာဖြစ်ပါတယ်။
ရမ်းစ်ဒေးလ်ကို အသင်းကပ္ပတိန်ဖြစ်စေချင်နေကြတဲ့ပရိတ်သတ်တွေ
အသင်းရဲ့ပရိတ်သတ်တွေဟာ ခေါင်းဆောင်သစ်အဖြစ် ရမ်းစ်ဒေးလ်ကို သတ်မှတ်ပေးဖို့ တိုက်တွန်းနေကြတယ်လို့ HITC ရေးသားသွားပါတယ်။ အာဆင်နယ်အသင်းရဲ့ လူငယ်ဂိုးသမားဟာ သူ့ရဲ့လက်စွမ်းကြောင့်ရော ၊ စိတ်အားထက်သန်မှုကြောင့်ပါ ပရိတ်သတ်တွေက နှစ်သက်နေကြတာဖြစ်ပါတယ်။ လိဒ်စ်နဲ့ပွဲမှာတော့ ပင်နယ်တီကြောင့် Clean Sheet မရခဲ့ပေမယ့် အကောင်းဆုံးဂိုးသမားတစ်ယောက်ဖြစ်ကြောင်းဆက်လက်ပြသထားနိုင်ခဲ့ပါတယ်။