လိဒ်စ် နဲ့ပွဲကနေသတိပေးလာတဲ့ အာဆင်နယ်ရဲ့လိုအပ်ချက် (ပွဲပြီးသုံးသပ်ချက်)

ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်မှုအဖြစ်  လိဒ်စ်အသင်းကို အဝေးကွင်းမှာ ၁-၄ နဲ့အပြတ်နိုင်ခဲ့ပါတယ်။ လူငယ်တွေခြေစွမ်းပြနိုင်သလို ပရိတ်သတ်တွေမျှော်လင့်ထားတဲ့သူလည်း ဂိုးသွင်းသွားနိုင်တာကြောင့် ဒီတစ်ပတ်အာဆင်နယ်သတင်းတွေက ချီးကျူးသံတွေချည်းပါပဲ။

နိုင်သွားတဲ့ပွဲတစ်ပွဲကိုပြန်ကြည့်ရင်တော့ အားရစရာတွေများမှာပါ။ ထိုနည်းတူစွာ အဆင့် ၇ ရောက်နေချိန်မှာ  အဆင့် ၅ နဲ့ရာသီသိမ်းတာ ကောင်းတယ်လို့တွေးမိကြမှာဖြစ်ပေမယ့် အဆင့် ၄ ရောက်လာတဲ့နောက်မှာတော့ အဆင့် ၅ ဆိုတာ ပြန်လည်ကျဆင်းခြင်းအဖြစ်ပဲမြင်ကြမှာဖြစ်ပါတယ်။ အနီးကပ်ပြိုင်ဖက်တွေက ပွဲမကစားတာကြောင့်အဆင့် ၄ ရောက်နေတယ်ဆိုပေမယ့် အမှတ်ကွာဟမှုတွေလျော့ကျလာတာကလည်း အမှန်ဖြစ်သလို  ၊ ရာသီဝက်မှာခြေမှန်တယ်ဆိုတာကောင်းတဲ့အလားအလာဖြစ်တာကြောင့် အာဆင်နယ်တို့ဟာ ဥရောပတိုက်ပွဲကို ဝင်တိုက်နေပြီလို့ဆိုနိုင်ပါတယ်။ 

ပွဲလေးကို လက်လှမ်းမှီသလောက်သုံးသပ်ကြည့်ရအောင်။

မာတင်နယ်လီရဲ့ အားသာချက်က ၂ ချက်ရှိပါတယ်။ သူက  Attacking Body အဖြစ် ကိုယ်တိုင်ကစားကွက်မှာပါဝင်ဖော်ဆောင်နိုင်သလို ၊ ရုတ်တရက်ဖြစ်ပေါ်လာတဲ့အခွင့်အရေးတွေကို အသုံးချရာမှာလည်း ကောင်းမွန်စွာစွမ်းဆောင်နိုင်နေပါတယ်။ လိဒ်စ်နဲ့ပွဲက ၂ ဂိုးစလုံးဟာ အသင်းက တိုက်စစ်ဆင်နေချိန်မှာ ပါဝင်ပူးပေါင်းခဲ့တာမျိုးမဟုတ်ပါဘူး။ ညာြခမ်းက နေထိုးစစ်ဆင်ရင်း ရုတ်တရက်ဖြစ်လာတဲ့အခွင့်အရေးကနေတစ်ဂိုး ၊ ရှာခါဘောလုံးပြန်ရပြီး ခံစစ်ကနေ တိုက်စစ် ချက်ခြင်းပြန်ပြောင်းသွားတဲ့အခွင့်အရေးကနေ တစ်ဂိုးသွင်းယူသွားတာပါ။ ဒီပုံစံတွေဟာ ကိုယ်က Dominant Play ရနေချိန်မှာ အကွက်ဖော်ပြီးသွင်းတာနဲ့ခြားနားပါတယ်။ ဒါကအားသာချက်ဖြစ်ပါတယ်။ သို့သော်တိုက်စစ်အားသန်တဲ့ လိဒ်စ်နဲ့ပွဲစဥ်မျိုးမှာ ဒီလိုအခွင့်အရေးက မထူးဆန်းပေမယ့် ၊  ပိတ်ဆို့နေတဲ့ အသင်းတွေရဲ့ ခံစစ်ကိုထိုးဖောက်ဖို့အတွက် သူဘယ်လောက်စွမ်းနိုင်မလဲဆိုတာကတော့ အစမ်းသပ်ခံရဦးမယ့်အဆင့်တွေဖြစ်ပါတယ်။  နောက်ပြီးသူ့ဆီကိုဘောလုံးမရောက်အောင် ဖြတ်တောက်ထားနိုင်ချိန်တွေမှာ ဘယ်လောက်အထိ ကျန်တဲ့သူတွေနဲ့တွဲပြီး ကစားကွက်ဖော် နိုင်မလဲဆိုတာကလည်း မာတင်နယ်လီပြသရမယ့် အချက်ပါ။ ဘာပဲဖြစ်ဖြစ် မာတင်နယ်လီဟာ So far so good   ပါပဲ။

Advertisements

False 9 ကတော့လာကာဇက် က ကောင်းကောင်းကစားပေးနေနိုင်ပါတယ်။ ဒါပေမယ့် ကန်သွင်းခွင့်အချို့ဂိုးဖြစ်ခဲ့ရင်တော့ပိုကောင်းပါလိမ့်မယ်။ အာဆင်နယ်လိုနေတာဘယ်လိုတိုက်စစ်မှုးဆိုတာပိုသိသာလာတဲ့ အခြေအနေပါ။  ဂိုးသွင်းအားကောင်းတဲ့  Prolific Striker  တစ်ယောက်လိုအပ်နေသလို ၊  ၄-၃-၃ ပုံစံအတွက် တဖက်နောက်ခံလူတွေကို ဆွဲခေါ်ပြီး ပြေးလမ်းကြောင်းတွေဖွင့်ပေးနိုင်ဖို့လည်းလိုအပ်ပါတယ်။ အချက်အလက်တွေအရတော့ ကဲဗက်လီဝင်ကို ခေါ်ယူသင့်ကြောင်း ညွန်ပြနေပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ဒဏ်ရာမှတ်တမ်းက အာဆင်နယ်ကို သတိပြုဖို့ အချက်ပြနေပြန်တယ်။

နောက်ထပ် ဆာကာတစ်ယောက်ဂိုးသွင်းချင်စိတ်များတဲ့အပိုင်းတွေကိုထောက်ပြသူများပေမယ့် ကျော်လိုက်ပါတော့မယ်။ တိုက်စစ်ပိုင်းက ကစားသမားတစ်ယောက်မှာ လုပ်ပြချင်စိတ်များတာက အထွေအထူးမဟုတ်ပါဘူး။ သူ့အနေနဲ့ ဟန်ချက်ညီအောင် ထိန်းနိုင်ခြင်း ၊ မထိန်းနိုင်ခြင်းက သူဘယ်လောက်အထိ မြင့်မြင့်ရောက်မလဲဆိုတာကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ဂိုးတွေနဲ့ ယဥ်ပါးလာတာက ပိုကောင်းတယ်လို့ပဲ လောလောဆယ်အတွက်ယူဆထားလိုက်ကြပါစို့။

နောက်ထပ် ကောင်းတဲ့အချက်ကတော့ အိုဒီဂတ်ပါတဲ့ကစားကွက် ၊ စမစ်ရိုးပါတဲ့ ကစားကွက်ဆိုပြီးကွင်းလယ်မှာပုံစံ ၂ မျိုးရှိနေတာကနေ အခုတော့ နှစ်ယောက်လုံးပါတဲ့ကစားကွက်ကိုပါ လမ်းစတွေ့တာပါပဲ။ ဒါက အာတီတာအတွက် တကယ့်ကို ဆုကြီးကြီးရခဲ့တာပါ။

တဖက်က လိဒ်စ်အသင်းဖက်ကလည်း အနာတရကစားသမားတွေများနေတဲ့အပြင် ၊ တိုက်စစ်ကိုပဲ ဦးစားပေးလာတာကြောင့်   Line Up အပြည့်နဲ့ အာဆင်နယ်တို့ အသာရခဲ့ပါတယ်။

အခုကတော့ လိုအပ်ချက် ကြီးကြီးတစ်ခုအကြောင်းပြောရမယ့်အချိန်ပါ။

ဆောင်းပါးတိုင်းမှာ ထောက်ပြခဲ့သလိုပဲ အရံအင်အားမရှိတာဟာ အာဆင်နယ်ကို ဒုက္ခပေးမယ့်အချက်ပါ။ တိုမီယာစု နဲ့ စဲဒရစ် အပြောင်းအလဲမှာဖြစ်သွားခဲ့တဲ့ ကိစ္စဟာ  အရံအင်အားမရှိခြင်းရဲ့ ပြယုဂ်ဖြစ်ပါတယ်။  နေရာတိုင်းဟာ တာဗာရက်စ်နဲ့  တီယာနေ ဘယ်သူ့သုံးရမလဲ အငြင်းပွားရသလိုဖြစ်နေမှရပါလိမ့်မယ်။ နောက်တန်းအစွန်နေရာမှာအားပျော့သွားတာက ကစားကွက်ကိုယိမ်းယိုင်စေသလို  ဘန်ဝှိုက်တို့တသိုက်အတွက်လည်း အပိုဆောင်းဖိအားတွေဖြစ်ပေါ်စေတာပါပဲ။ ဇန်နဝါရီမှာ အီဒူးတို့အဖြေရှာနိုင်လိမ့်မယ်ယူဆရပါတယ်။ အသင်းရဲ့နေရာတိုင်းဟာ အရည်အသွေးမကွာဟတဲ့အရံလူတွေလိုအပ်နေပါတယ်။

ပွဲအပြီးမှာ အဆင့် ၄ ရောက်လာခဲ့တယ်ဆိုပေမယ့် ပွဲကျန်တွေများတာကြောင့် လွတ်လွတ်ကျွတ်ကျွတ်ရောက်ပြီလို့တော့မဆိုနိုင်သေးပါဘူး။ စပါးသရေကျတာ ၊ အထက်က ချဲလ်ဆီး အမှတ်လျော့တာတွေကြောင့် ထိပ်ဆုံး ၄ သင်းမျှော်လင့်ချက်ကတော့ ပိုမျှော်လင့်ချင်စရာကောင်းလာပေမယ့် ခရီးကဝေးသေးတာကိုတော့ ကောင်းကောင်းအမှတ်ရဖို့လိုပါတယ်။ နောက်ပြီး ကစားသမားတစ်ယောက်မပါဝင်နိုင်တာနဲ့ အကုန်ပြိုလဲသွားမယ့် ပြသနာက အာဆင်နယ်မှာ ကြီးကြီးမားမားရှိနေပါတယ်။ လောလောဆယ်တော့ Enjoy the moment ပါပဲ။

Advertisements

Leave a Reply

%d bloggers like this: