လာကာဇက်ရဲ့ ဦးဆောင်မှုကို ချီးကျူးခဲ့တဲ့ ဂျက်

အသင်းရဲ့ ကွင်းလယ်လူဟောင်းဖြစ်သူ ဂျက်ဝီရှိုင်းယားက ဦးဆောင်မှုကင်းမဲ့နေတဲ့ အသင်းရဲ့ပြဿနာတွေကြားကနေ  ထွက်ပေါ်လာတဲ့ လာကာဇက်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ချီးကျူးသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အချို့မှာကတည်း ဦးဆောင်သူ ကင်းမဲ့နေတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပြီး အသင်းရဲ့ရလဒ်တွေဟာလည်း ဆိုးရွားခဲ့ရပါတယ်။

အသင်းရဲ့ ကပ္ပတိန်ဟောင်း အူဘာမီယန်းဟာ စည်းကမ်းမလိုက်နာမှုကြောင့် ဆောက်သမ်တန်၊ ၀က်စ်ဟမ်းနဲ့ လိဒ်စ်ယူနိုက်တက်တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာ ချန်လှပ်ခံခဲ့ရပြီး အသင်းခေါင်းဆောင်ရာထူးကိုလည်း ‌ဆုံးရှုံး ခဲ့ရပါတယ်။ ဂါဘွန်သားမပါ၀င်တဲ့ ပွဲစဉ်တွေမှာ အသင်းဟာ ဂိုးပြတ်နိုင်ပွဲတွေရခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာအထိ ယာယီ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

အူဘာရဲ့ ကပ္ပတိန်လက်ပတ်ကို လာကာဇက်တီရဲ့ လွှဲပြောင်းယူခဲ့ပြီး တိုက်စစ်မှာ အသင်းဖော်တွေနဲ့ အကောင်းဆုံးတွဲဖက်ကစားကာ ဂိုးဖန်တီးမှုတွေပြုလုပ်ထားပါတယ်။ ပြင်သစ်သားကြီးရဲ့ အသင်းကို ဦးဆောင် မောင်းနှင်နိုင်မှုနဲ့ ပတ်သက်ပြီး talkSPORT နဲ့ တွေ့ဆုံတဲ့အစီအစဉ်မှာ ဝီရှိုင်းယားက ဒီဖြစ်ရပ်အပေါ် လေးစားစရာကောင်းတယ်လို့ ပြောပါတယ်။

Advertisements

“အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ စကားတွေအများကြီးပြောပြီး အော်ဟစ်အမိန့်ပေးတတ်မှ ဖြစ်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ ကိုယ်ကစားတတ်တဲ့ ပုံစံနဲ့ပဲကစားပြီး ဦးဆောင်နိုင်တဲ့ ကပ္ပတိန်အမျိုးမျိုးရှိပါတယ်။ ၀က်စ်ဟမ်းနဲ့ပွဲတုန်းကဆို လာကာဟာ ကွဲပြားခြားနားတဲ့ အဆင့်တစ်ခုကို ပြသခဲ့ပါတယ်။သူက အသင်းရဲ့ကပ္ပတိန်လက်ပတ်နဲ့ ထိုက်တန်တဲ့သူပါပဲ”  လို့ ဂျက်က ဆိုပါတယ်။

လာကာဇက်က အသင်းရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ ဆာကာ၊မာတင်နယ်လီ၊စမစ်ရိုး၊အိုဒီဂတ်တို့ကို အကောင်းဆုံးဦးဆောင်ပြီး နိုင်ပွဲတွေဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။အသက်အရွယ်အနည်းငယ် ရလာပြီဖြစ်ပေမယ့် ကပ္ပတိန်ရဲ့ ကြိုးစားမှုက ချီးကျူးစရာကောင်းပြီး သွင်းဂိုးတွေမရယူနိုင်ခဲ့ပေမယ့် ကွင်းလယ်အထိ ဆင်းပြီး တိုက်စစ်ကို အကူအညီပေးဖို့ ကြိုးစားခဲ့သလို မာတင်နယ်လီ၊ဆာကာတို့ နဲ့လည်း အတွဲအဖက်ညီခဲ့ပါတယ်။ 

အူဘာနဲ့ပတ်သက်ပြီး အသင်းနဲ့အာတီတာရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်လိုဆိုရမှာ ဖြစ်ပြီး ဂါဘွန်သားအတွက်တော့ နာကျင်စရာဖြစ်ခဲ့ရပါတယ်။ အူဘာကို ကပ္ပတိန်ရာထူးကနေ ထုတ်ပယ်တာနဲ့ ပတ်သက်လို့ ကစားသမားတွေအကြား မတည်ငြိမ်မှုတွေ ဖြစ်လာမလားဆိုပြီး စိတ်ပူခဲ့ရပေမယ့် ဘာပြဿနာမှ မရှိခဲ့သလို  ဝီရှိုင်းယားဆိုခဲ့သလိုပဲ  လာကာရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ချီးကျူးရမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဂျိုးလ်ကိုးကလည်း လာကာဇက်တစ်ယောက် အခုလိုလူငယ်တသိုက်နဲ့နေရတာကိုပျော်ရွှင်နေမှာ အသေအချာပဲလို့ သုံးသပ်ပြောကြားထားပါသေးတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: