လိဒ်စ်ကို ရင်ဆိုင်ဖို့ အာတီတာပွဲထုတ်လာမယ့်လူစာရင်း

စီနီယာအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာချန်လှပ်ခံထားရတဲ့ အူဘာမီယန်းကတော့ လိဒ်စ်နဲ့ပွဲစဉ်မှာလည်းပါ၀င်လာမှာမဟုတ်ပါဘူး။ ‌အသင်းရဲ့ကပ္ပတိန်ဟောင်းကို အာတီတာအနေနဲ့ အသင်းရဲ့လာမယ့် ပွဲစဉ်တွေမှာ ဆက်လက်ချန်လှပ်ထားဖိုရှိနေပြီး ဇန်နဝါရီ ၉ရက်နေ့ကနေ ဖေဖော်ဝါရီ ၆ရက်နေ့အထိ ယှဉ်ပြိုင်ကစားမယ့် အာဖရိကဖလားပြိုင်ပွဲတွေကနေ ပြန်လာပြီးမှသာ ပြန်လည်အသုံးပြုဖွယ်ရှိပါတယ်။

အသင်းရဲ့ကပ္ပတိန်လက်ပတ်ကို ၀တ်ဆင်ခွင့်ရထားတဲ့ လာကာဇက်ကိုပဲ တိုက်စစ်မှာ မာတင်နယ်လီ၊ဆာကာတို့နဲ့တွဲဖက်ပြီး အသုံးပြုလာမှာဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်လာပြီးနောက် ညာတောင်ပံမှာ အကောင်းဆုံးခြေစွမ်းပြပြီး သွင်းဂိုးနဲ့ဂိုးဖန်တီးမှုတွေ လုပ်ထားနိုင်တဲ့ မာတင်နယ်လီနဲ့ ၀က်စ်ဟမ်းနဲ့ပွဲမှာ ပြိုင်ဘက်ခံစစ်ကို တစ်ချိန်လုံးအလုပ်များနေခဲ့တဲ့ ငရုတ်သီးလေး ဆာကာတို့နဲ့အတူ အာဆင်နယ်ကပ္ပတိန်ဟာ အကောင်းဆုံးဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။မာတင်နယ်လီနဲ့ ဆာကာတို့အနေနဲ့ လန်ဒန်ဒါဘီပွဲစဉ်ကလို အကောင်းဆုံးတောက်ပနိုင်ပြမလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။

Advertisements

လာကာဇက်ရဲ့နောက်မှာတော့ No.10 roleအတွက် ၀က်စ်ဟမ်းနဲ့ပွဲမှာ အိုဒီဂတ်နေရာမှာ လူစား၀င်ကစားပြီး သွင်းဂိုးတစ်ဂိုး ရယူခဲ့တဲ့ စမစ်ရိုးကတော့ ပြန်လည်ကစားဖွယ်များပြီး အိုဒီဂတ်ကတော့ အရန်ခုံမှာပဲ ထိုင်ရဖို့များနေပါတယ်။ကွင်းလယ်အတွက် ၀က်စ်ဟမ်းမှာပွဲမှာ အတွဲညီပြီး အမှားနည်းခဲ့တဲ့ ပါတေးနဲ့ရှာခါတိုအတွဲအဖက်ကိုပဲ ဆက်လက်မြင်တွေ့ရမှာဖြစ်ပါတယ်။ဒဏ်ရာကနေ ပြန်လာပြီးနောက် အကောင်းဆုံးပုံစံမရသေးတဲ့ ရှာခါအနေနဲ့ ဒီနေ့ပွဲစဉ်မှာ သူရဲ့အ‌ကောင်းဆုံးခြေစွမ်းကို ပြန်လည်ပြသနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နောက်တန်းမှာတော့  ဂါဘရီရယ်၊တိုမီယာဆု၊တီယာနေး၊ဘန်ဝှိုက်တို့ပဲ ပြန်လည်ပွဲထွက်လာမှာ ဖြစ်ပါတယ်။ဂိုးသမားနေရာကတော့ သူကလွဲပြီး ရွေးချယ်စရာ မရှိသေးတဲ့ ပရိသတ်အချစ်တော် ရမ်စ်ဒေးပဲဖြစ်ပါတယ်။ပေးဂိုးမရှိ တဲ့ ပွဲစဉ်တစ်ခုကို ရမ်ဒေးတို့လူစု ဆက်လက်ရယူနိုင်မလားဆိုတာကတော့ စိတ်၀င်စားစရာပါပဲ။

ကိုလာစီနက်နဲ့လီနိုတိုကတော့ ဒဏ်ရာကြောင့် အသင်းရဲ့လူစာရင်းမှာ မြင်တွေ့ ရဦးမှာ မဟုတ်ပါဘူး။လီနိုရဲ့ ဒဏ်ရာအခြေအနေကတော့ တိုးတက်မှုတွေရှိနေပြီး များမကြာမီ အသင်းရဲ့ လူစာရင်းမှာ ပြန်လည်မြင်တွေ့ရနိုင်ပါတယ်။

အာဆင်နယ် အသုံးပြုဖွယ်ရှိတဲ့ ကစားကွက် 

၄-၄-၁-၁

လူစာရင်း

ရမ်ဒေးလ်၊ဂါဘရီယယ်၊ဘန်ဝှိက်၊တီယာနေး၊တိုမီယာဆု၊ပါတေး၊ရှာခါ၊ဆာကာ၊မာတင်နယ်လီ၊စမစ်ရိုး၊လာကာဇက်

တချိန်ထဲမှာပဲ  ရောဂါပြန့်ပွားမှုနှုန်းကြောင့် ပွဲစဥ်တွေဆက်တိုက်ရပ်နားနေရတာဖြစ်လို့  ကန်ခါနီးအချိန်အထိအပြောင်းအလဲရှိနိုင်ပါသေးတယ်။

Advertisement

Leave a Reply

%d bloggers like this: