နောက်ဆုံးရ အာဆင်နယ် သတင်းများ (18Dec-10am)

လိဒ်နဲ့ပွဲကိုလည်း အူဘာလွဲဦးမယ်

အသင်းခေါင်းဆောင် အူဘာမီယန်ဟာ  လိဒ်ယူနိုက်တက်အသင်းနဲ့ပွဲမှာလဲ ထပ်မံလွဲချော်သွားမှာဖြစ်ကြောင်း အာတီတာက အတည်ပြုပြောကြားလိုက်ပါတယ်။ The Telegraph  ရဲ့ဖော်ပြချက်အရ  အူဘာမီယန်ဟာ တစ်ဦးတည်းသီးသန့်လေ့ကျင့်ခန်းဆင်းနေရပြီး ၊ အာဖရိကဖလားပွဲအလွန်မှသာ အာဆင်နယ်မှာပြန်မြင်ရမှာဖြစ်တယ်လို့  ဆိုလာပါတယ်။

မယ်လို ကို အာဆင်နယ်တို့ကြိုးပမ်းလာတယ်လို့ အီတလီသတင်းစာ ဆို

အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီမှာ ဂျူဗင်တပ်စ်အသင်းရဲ့  အာသာမယ်လို ကိုပေါင် ၂၉ သန်းနဲ့ခေါ်ယူသွားဖို့ ကြိုးစားနိုင်တယ်လို့   Calcio Mercarto ကဖော်ပြလာပါတယ်။ အဆိုပါကစားသမားရဲ့ အရည်အသွေးကို မက်ဆီကလည်း အခုလို ချီးကျူးဖူးပါတယ်။  သူ့အကြောင်းအရင်က သိပ်မသိခဲ့ပါဘူး။ ဒါပေမယ့် တကယ့်ဇာဗီလို ကစားသမားပါပဲဗျာ  .. မယ်လိုဘောလုံးပိုင်ဆိုင်ထားတဲ့အချိန်ဆိုရင် ကစားရတာအရမ်း ဘေးကင်းပါတယ်။  တကယ့်ကို လာမာစီယာက လာတဲ့ကျွမ်းကျင်မှုမျိုးနဲ့ ကစားသမားပါ လို့ ပြောခဲ့ဖူးတာပါ။

ဒီဇင်ဘာလအစောပိုင်းမှာ ဘရာဇီးတိုက်စစ်မှုးကို အာဆင်နယ်တို့ ကမ်းလှမ်းခဲ့တယ်လို့  ဖော်ပြ

GOAL နောက်ဆုံး ရဲ့ဖော်ပြချက်အရ  အာဆင်နယ် တာဝန်ရှိသူတွေဟာ ဒီဇင်ဘာလ အစောပိုင်းမှာ တိုက်စစ်မှုး ယူရီ အယ်ဘာတို ကို ကမ်းလှမ်းခဲ့တယ်လို့ဆိုပါတယ်။   ကစားသမားရဲ့ အေးဂျင့်နဲ့လည်း အဆက်အဆံရှိထားတဲ့ ဂန်းနားတို့ဟာ ကစားသမားအတွက်  သန်း ၂၀ ခန့်နဲ့ စတင်ချဥ်းကပ်မှာဖြစ်တယ်လို့ အဆိုပါသတင်းကဆိုပါတယ်။ အီဒူးဟာ ဘရာဇီးစျေးကွက်နဲ့ အကျွမ်းတဝင်ရှိထားသူဖြစ်ပြီး ကစားသမားကို အခြားကလပ်တွေက စတင်စိတ်ဝင်စားလာတာကြောင့်လက်ဦးမှုရယူလိုနေတယ်လို့ သိရပါတယ်။

Advertisements

မာဆေးလ်းကွင်းလယ်လူကို ခေါ်ချင်ရင် အခွင့်အရေးရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ မာဆေးလ်အသင်းရဲ့ ကွင်းလယ်လူ ဘူဘက်ကာ ကာမာရာ ကို နယူးကာဆယ်၊ ဘာစီလိုနာ ၊ မီလန် ၊ ဂျူဗီတို့နဲ့အပြိုင်စိတ်ဝင်စားနေတယ်လို့   Ueunes Footeux  ကဖော်ပြထားသလို   The Boot Room  ကလည်း အငှားချထားတဲ့ ဂွမ်ဒူဇီကို အသုံးချပြီးအသင်းကိုအရောက်ခေါ်ဖို့ အားသာချက်ရှိနေတယ်လို့   သုံးသပ်ထားပါတယ်။ ဂွမ်ဒူဇီကို မာဆေးလ်တို့က အပြီးသတ်ခေါ်ဖို့ စိတ်အားထက်သန်နေပြီး အာတီတာကလည်း ကွင်းလယ်တစ်ယောက်အပြင်းအထန် ရှာဖွေနေရတာဖြစ်ပါတယ်။

အူဘာနဲ့ပတ်သတ်ပြီး အာဆင်နယ်တို့ သေချာပေါက် တစ်ခုခုလုပ်လိမ့်မယ်

Football Insider နဲ့တွေ့ဆုံခန်းမှာ ဗီလာတိုက်စစ်မှုးဟောင်း အဘွန်လဟော်က  အာဆင်နယ်အသင်းအနေနဲ့ အူဘာမီယန်နဲ့ပတ်သတ်လို့ မတင်မကျဆုံးဖြတ်ချက်တွေချမှာ မဟုတ်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။ ကစားသမားရဲ့မြင့်မားတဲ့လစာကြောင့် အရံခုံမှာ မကစားပဲထားခြင်းဟာ ငွေကြေးသုံးစွဲမှုကို စိစစ်လိုတဲ့ အာဆင်နယ်အတွက် ထည့်သွင်းစဥ်းစားမယ့် အဓိက အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

Advertisements

Leave a Reply

%d bloggers like this: