ပေပေကစားခွင့်မရသေးတဲ့အကြောင်းကို ရှင်းပြတဲ့ အာတီတာ

အိုင်ဗရီကို့စ်သားရဲ့ ကောင်းမွန်တဲ့ခြေစွမ်းတွေက ပြီးခဲ့တဲ့ရာသီမှာပဲ ကျန်ခဲ့ပြီလားလို့တောင်ထင်ရပုံပါပဲ။ အရင်ရာသီတွေမှာ ဂိုးတွေသွင်းခဲ့ ၊ ဖန်တီးမှုတွေလုပ်ခဲ့တဲ့ စွမ်းဆောင်မှုတွေကို အခုထိပြန်ပြီးတည်ဆောက်လို့မရနိုင်သေးပုံပါပဲ။ အာဆင်နယ်ရဲ့ ၇၂ သန်းတန်စာချုပ်ပိုင်ရှင်ဟာ နောက်ပိုင်းပွဲတွေမှာ ကစားခွင့်မရသလောက်နဲပါးလာခဲ့ပြီးနောက်  ပဲလေ့စ်ကို ၂-၂ နဲ့သရေကျအပြီးမှာတော့ ပွဲထွက်ခွင့်ကိုမရတော့တာပါ။ အောက်တိုဘာလအလယ်လောက်ကတည်းကဆိုပါတော့။  အသင်းအတွက် ဂိုးလိုအပ်နေတဲ့ အဲဗာတန်အသင်းနဲ့ပွဲမှာ အန်ကတ်တီယာ ကို လူစားလဲလိုက်တဲ့အခါမှာတော့ အားလုံးမျက်လုံးပင့်သွားရပါတော့တယ်။

အာတီတာကတော့ လေ့ကျင့်ရေးကွင်းမှာပြတဲ့ခြေစွမ်းတွေကိုပဲ အတည်ယူပြီး ၊ သက်သေပြနိုင်သူကိုသာ  ပွဲထွက်ခွင့်ပေးမှာဖြစ်တယ်လို့ဆိုလာပါတယ်။ ထို့အတူ အာတီတာက အခုလိုကစားခွင့်နဲနေတာ သူတစ်ယောက်ထဲမဟုတ်ဘူးလို့တော့ ရှင်းပြပါတယ်။

“ လက်ရှိအသင်းမှာ  ကစားသမားတော်တော်များများကပွဲကစားချိန်အများကြီးရမနေကြပါဘူး “  လို့ စနေနေ့ပွဲမတိုင်ခင်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောလာပါတယ်။

“ ကျွန်တော်တို့ကစားရတဲ့ပွဲအရေအတွက်နဲ့ ရှိတဲ့ကစားသမားနဲ့က အားလုံးပွဲထွက်ရဖို့အဆင်မပြေသေးပါဘူး။ ဒါက နီကိုး (ပေပေ) ပွဲထွက်ခွင့်မရတဲ့အချက်ဖြစ်ပြီး အားလုံးလဲ တူတူခံစားနေရပါတယ် .. သူမှာရှိတဲ့အရည်အသွေးတွေကို ထုတ်ပြနိုင်ဖို့အတွက် ပွဲတွေကစားရဖို့လိုပါတယ်။ ဒါပေမယ့်နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ သူအတွက်အခြေအနေမပေးသေးပါဘူး ”

ပရီးမီးယားပွဲတွေအပြင် အခြားဖလားပွဲတွေရောက်လာရင်တော့ ပေပေ ကစားခွင့်ရနိုင်ပြီး ရတဲ့အခွင့်အရေးကို အသုံးချပြီးခြေစွမ်းပြနိုင်ဖို့လိုပါတယ်။

သူခံစားရတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်နေ့စဥ်နေ့တိုင်းမြင်တွေ့နေရတဲ့ ကစားပုံတွေ ၊ အားထုတ်မှုတွေအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်တွေချနေရပါတယ် ဆိုတာကိုထပ်ပြောပါရစေ။  နီကိုး  က အသင်းကို ကူညီပေးချင်နေတာသိပါတယ်။ ဒါပေမယ့်  ဘူကာယို  (ဆာကာ) က သူ့ရဲ့နေရာမှာ အကောင်းဆုံးကစားပြနေတယ်ဆိုတာကလည်း သိပ်ကိုထင်ရှားနေပါတယ်     လို့ ပွင့်ပွင့်လင်းလင်းဆိုသွားခဲ့တာပါ။

အာတီတာရဲ့ အဆိုအရတော့ ပေပေအနေနဲ့ အခုထက်ပိုပြီးကြိုးစားရမှာဖြစ်သလို ၊ အရေးကြီးတဲ့ ပရီးမီးယားပွဲတွေမှာတော့ ဆာကာကိုပဲ ယုံကြည်ထားတယ်ဆိုတဲ့သဘောပါပဲ။ ကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုအရလဲ အာတီတာရဲ့ အမြန်ကစားပုံဟာ ဘောလုံးကိုင်ချင်တဲ့ ပေပေ နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

Advertisements

Leave a Reply

%d bloggers like this: