ဝီးလ်ရှိုင်းယားကို ပြန်ခေါ်ဖြစ်တော့မှာလား
အာဆင်နယ်အသင်းရဲ့ နိုဝင်ဘာလအကောင်းဆုံးဆုကိုရရှိခဲ့တဲ့ ရမ်းစ်ဒေးလ်ကို ကစားသမားဟောင်း ဂျက်ဝီရှိုင်းယားက ဆုချီးမြှင့်ပေးပြီးတဲ့နောက်မှာ ပရိသတ်တွေအကြား ဂျက်ကိုပြန်လည်ခေါ်ယူရေးအတွက် ပြောဆိုလာကြကြောင်း HITC ကဖော်ပြလာပါတယ်။ ဂျက်ဟာ အသင်းကြီးနဲ့အတူလေ့ကျင့်ရေးဆင်းနေသူလည်းဖြစ်ပြီး ၊ အသင်းနဲ့စာချုပ်နိုင်တယ်လို့လည်း သတင်းတွေထွက်နေတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကိုပြန်ရောက်လာနိုင်တဲ့ မာဗရိုပါနို့စ်
ဂျာမနီကလပ်ဖက်မှာ အငှားကစားနေတဲ့ အာဆင်နယ်လူငယ် မာဗရိုပါနို့စ်ကို ဒေါ့မွန်အသင်းနဲ့အပြိုင် ဝက်စ်ဟမ်း နဲ့ နယူးကာဆယ်တို့ကပါစိတ်ဝင်စားနေတယ်လို့ သတင်းတွေကဖော်ပြနေပြပြီး ဒီအပြောင်းအရွှေ့အမှန်ဖြစ်ပေါ်လာဖို့အတွက် ဝက်စ်ဟမ်းပရိတ်သတ်တွေက စိတ်လှုပ်ရှားနေကြတယ်လို့ HITC ကဖော်ပြလာပါတယ်။ အရပ်အမောင်းမြင့်မားတဲ့ ဒီကစားသမားဟာ ရာသီကုန်ရင် စတုဂတ်ကို အပြီးပြောင်းမယ်လို့လည်း သတင်းထွက်နေတာဖြစ်ပါတယ်။
အာဆင်နယ်တို့ တိုက်စစ်မှုးခေါ်ယူရေး ပိုမိုလေးလေးနက်နက်လာလုပ်ဆောင်လာ
Jeunes Footeux ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းတို့ဟာ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ထားတဲ့ ဘေဆယ်တိုက်စစ်မှုး အာသာကာဗယ် ကို ကမ်းလှမ်းဖို့ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ အဆိုပါ ဘရာဇီးတိုက်စစ်မှုးဟာ ဘာစီလိုနာအသင်းထံပြောင်းရွေ့လိုတယ်လို့ သတင်းတွေရှိနေပေမယ့် စပိန်ကလပ်ဖက်က ထူးခြားမှုမပြသဘူးလို့လဲဆိုပါတယ်။ ကာဗယ်ဟာ အခုရာသီမှာ ၂၇ ဂိုးသွင်းယူပြပြီးနောက် ဥရောပအဆင့်မှာကစားဖို့အတွက် အသင်းပြောင်းလိုနေတာဖြစ်ပါတယ်။ အဆိုပါသတင်းမှာ ကာဗယ်အပြင် ဂျိုနသန်ဒေးဗီးစ်ကိုပါ အာဆင်နယ်အနေနဲ့ ကမ်းလှမ်းလာနိုင်တယ်လို့ ဆိုနေပါတယ်။
ဂရင်းဝုဒ်ကို အာဆင်နယ် စိတ်ဝင်စားနေပြီလား
အာဆင်နယ်အသင်းဟာ ယူနိုက်တက်တို့ရဲ့ မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူလိုနေတယ်လို့ El Nacional သတင်းကို ကိုးကားပြီး Mirror ကဖော်ပြလာပါတယ်။ El Nacional ရဲ့အဆိုအရ ဂရင်းဝုဒ်ဟာ လက်ရှိသူ့ရဲ့အနေအထားကိုစိတ်ပျက်နေပြီး ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ရပ်ကိုမျှော်လင့်နေတယ်လို့သိရပါတယ်။ ရိုနယ်ဒိုရောက်ရှိလာမှု ၊ ဆန်ချိုရဲ့ခြေစွမ်းပြမှုတွေက ဂရင်းဝုဒ်ရဲ့ပုံမှန်ကစားခွင့်ကို စိန်ခေါ်နေတာဖြစ်ပါတယ်။
တီယာနေကို အသင်းခေါင်းဆောင်နေရာအတွက်ထောက်ခံလိုက်တဲ့ ဂန္တဝင်
ဝက်စ်ဟမ်းအသင်းရဲ့ ကစားသမားဟောင်း ဖရန် မက်အဗင်နီး က တီယာနေဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ဖြစ်သင့်တယ်လို့ Football Insider နဲ့တွေ့ဆုံစဥ်က အခုလိုပြောခဲ့ပါတယ်။
ဒါက တီယာနေအတွက်ပါပဲ။ သူကတစ်ခုတည်းသော ရွေးချယ်စရာပါ။ ကျွန်တော်ဆိုလိုတာက သူတို့မှာ ပေးစရာကစားသမားအချိုရှိပါတယ်။ ဂိုးသမားဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ တီယာနေပါပဲ၊ သူဟာ ဆဲလ်တစ်အသင်းမှာလည်းခေါင်းဆောင်ဖြစ်ခဲ့ဖူးသလို ခေါင်းဆောင်မှုအရည်အသွေးကိုလည်းပြထပြီးသားဖြစ်ပါတယ်။ သူ့ကို ကျွန်တော်သိပ်ကြိုက်တယ်ဆိုတာ လျှိ့ဝှက်ထားစရာလဲမလိုပါဘူး။ သူက အံ့အားသင့်စရာကစားသမားပါ လို့ ဆိုခဲ့ပါတယ်။