အခြေအနေသစ်မှာ လာကာဇက်တစ်ယောက် ပျော်ရွင်နေပြီလား

လွန်ခဲ့တဲ့ ၁လကျော်လောက်တုန်းက လာကာဇက်ရဲ့ အာဆင်နယ်မှာအရေးပါမှုကို ပြောပါဆိုရင် လူစားဝင်ပြီး ဂိုးတွေသွင်းနေလိမ့်မယ် လို့ အကောင်းမြင်တတ်သူတစ်ယောက်ကခန့်မှန်းပါလိမ့်မယ်။ ဒါမှမဟုတ် သာမန်ထက်ပိုတဲ့ရုန်းအားတစ်ချို့နဲ့ အသင်းကို ကူညီနေမယ်လို့ပြောလေမလား။ ဘယ်လိုပဲဖြစ်ဖြစ် အသင်းခေါင်းဆောင်လက်ပတ်နဲ့ ခြေစွမ်းပြနေမယ်လို့တော့ ထင်ထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အူဘာမီယန် နဲ့အသင်းကြားက ထင်မှတ်မထားတဲ့ကိစ္စက အားလုံးကိုခပ်မြန်မြန်ပြောင်းလဲလိုက်ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ဂျိုးကိုးလ်ကတော့ လာကာဇက်တစ်ယောက် နောက်ဆုံးပွဲတွေမှာ လူငယ်တွေနဲ့တွဲပြီး ယူနေရတဲ့တိုက်စစ်တာဝန်တွေအတွက် ပျော်ရွှင်နေမှာသေချာတယ်လို့ ဆိုလာပါတယ်။  လူငယ်လေးတွေ ကလဲ အံ့အားသင့်စရာအစွမ်းတွေနဲ့ဖြစ်ကြောင်းသူကတင်စားပါတယ်။

ဒီ ပြင်သစ်သားတိုက်စစ်မှုးက အူဘာမီယန် မကစားတော့တဲ့နောက်မှာ ပွဲဆက်ကစားပေးနေပါတယ်။ နောက်ဆုံး အနိုင်ရခဲ့တဲ့ပွဲတွေမှာလည်း အသင်းခေါင်းဆောင်လက်ပတ်နဲ့အတူ အားသွန်ခွန်စိုက် ကူညီနေပါတယ်။  လတ်တလော သူ့ရဲ့ စွမ်းဆောင်ရည်အတွက်ကတော့ အားလုံးက ချီးမွမ်းနေကြတာဖြစ်ပါတယ်။  ဂျိုးကိုးကလည်း အဲ့ဒီအထဲက တစ်ယောက်ပါပဲ။ လာကာဇက်ဟာ လူငယ်တသိုက်နဲ့ တက်တက်ကြွကြွကစားရတဲ့ အခြေအနေမှာ ကျေနပ်နေမှာဖြစ်ကြောင်း အခုလိုရှင်းပြပါတယ်။

လာကာတစ်ယောက်ကတော့  ဖြစ်တောင့်ဖြစ်ခဲရလာတဲ့အခြေအနေမှာ သူ့ဘဝသူပျော်ရွင်နေတာဗျ .. သူ့စိတ်ထဲမှာ ‘ငါ့ကိုဒီလို လူငယ်တွေနဲ့ ကြာကြာပေးကစားစမ်းပါကွာ’ ဆိုပြီးတော့ဖြစ်နေမှာအသေအချာပဲ   လို့ Daily Mirror    နဲ့အတွေ့မှာ ပြောတာပါ။

Advertisements

လာကာဇက်ဟာ အသင်းက ခေါင်းဆောင်လိုအပ်လာတဲ့အခါမှာ ပေးအပ်လာတဲ့ တာဝန်ကိုယူခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့ ကစားပုံအရရော ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ အရပါခေါင်းဆောင်ကောင်းပီပီသသနဲ့ အာရုံနှစ်ပြီးကစားပါတော့တယ်။  အသင်းရဲ့ ကစားပုံကလည်း သိသိသာသာတိုးတက်လာနေပါတယ်။

အားလုံးသိတဲ့အတိုင်း အာဆင်နယ်မှာက အကြမ်းထည်လူငယ်လေးတွေအများကြီးပါ။  သူတို့တွေကလည်း အသင်းရဲ့ လူငယ်တွေကိုအသားပေးတဲ့အခြေအနေမှာပျော်ရွင်နေကြပြီး  ၊ ဒီလူငယ်တသိုက်ကို လာကာဇက်က ဦးစီးဦးဆောင်ကစားပေးနေတာကိုလည်းမြင်နေရပါတယ်။  အာဆင်နယ်အသင်းမှာ လူငယ်တွေကို ထိမ်းကြောင်းဦးဆောင်နိုင်တဲ့ကစားသမားလိုအပ်နေတာကြာပါပြီ။ ဒီနေရာဟာ အသင်းခေါင်းဆောင်ဖြစ်တဲ့ အူဘာမီယန်ရဲ့ အဓိကတာဝန်ဖြစ်ပေမယ့် အဆင်မပြေလိုက်တဲ့နောက် မရည်ရွယ်ထားပဲ လာကာဇက်ဆီရောက်လာခဲ့တာပါပဲ။

တဖက်မှာလည်း ၆ လလောက်ပဲကျန်တော့တဲ့ စာချုပ်အနေအထားကရှိနေပြန်ပါတယ်၊ လာကာဇက်ကတော့ အရေးပါတဲ့ နေရာကို ပိုပိုပြီးရောက်လာနေပါတယ်။ ဘာဆက်ဖြစ်ကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ပြီးခဲ့တဲ့လတုန်းကတော့ လာကာဇက်က  အသင်းသစ်ရှာနေတာအမှန်ဖြစ်ကြောင်း ၊ ဒါပေမယ့် သူ့အနေနဲ့ကတော့ ဘောလုံးကိုပဲအာရုံစိုက်ထားချင်ကြောင်းပြောထားပါတယ်။ မီဒီယာအချို့ကလည်း လာကာဇက်ကို ထိမ်းထားဖို့ စပြောလာပါပြီ။ အချို့ကတော့ အိုဇေး ၊ အူဘာတို့ရဲ့ သံသရာမလည်အောင် တစ်ခါထဲ စိတ်ဖြတ်ဖို့ရေးသားကြပြန်တယ်။ အခြေအနေကတော့ ဆက်လက်စောင့်ကြည့်နေရုံသာ။

Just Arsenal မှာဖော်ပြထားတဲ့  Loving Life – Former PL Winner claims Lacazette relishing new role ကို ဖြည့်စွက်ရေးသားထားပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: