နောက်ဆုံးရ အာဆင်နယ် သတင်းများ (16Dec-9am)

မာတင်ကီအွန်က အာဆင်နယ် အဆင့် ၄ နဲ့ထိုက်တန်ကြောင်းပြောဆို

ကစားသမားဟောင်းကြီး မာတင်ကီအွန်က အာဆင်နယ်အသင်းဟာ ထိပ်ဆုံး ၄ သင်းမှာပါဝင်နိုင်ဖို့ အသင့်ရှိနေပြီလို့ ဆိုလိုက်ပါတယ်။ သူက  BT Sport  ရဲ့ အစီအစဥ်မှာ  “  အာဆင်နယ်အသင်းရဲ့ အပြောင်းအလဲကာလမှာ လူငယ်မန်နေဂျာ ၊ လူငယ်ဒါရိုက်တာနဲ့ လူငယ်ကစာသမားလေးတွေပေါင်းစပ်ပြီး ပြောင်မြောက်တဲ့အဆင့်တစ်ခုကို စတင်ထားနိုင်ခဲ့ပါပြီ။  သူတို့အသင်းခုထက်ဂိုးတွေပိုသွင်းနိုင်ဖို့လိုပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့အနေအထားမှာတောင်    ထိပ်ဆုံးလေးသင်းထဲဝင်လာခဲ့ပြီပဲ။ ဘာကြောင့် အာဆင်နယ်တို့ မလုပ်နိုင်ရမှာလဲ .. စမစ်ရိုး ပြန်ပါလာပြီးတဲ့နောက်အသင်းအတွက်လုပ်ပေးနိုင်တာတွေပိုများလာပြန်ပါပြီ။ အသင်းရဲ့ အရည်အသွေးလည်းရှိနေသလို ယုံကြည်မှုလဲရှိနေပါပြီ   လို့ဆိုခဲ့တာပါ။

အူဘာကို နှစ်သိမ့်မယ်ဆိုတဲ့ တူချယ်

အူဘာမီယန်နဲ့ ဒေါ့မွန်အသင်းမှာ   ၂ ရာသီကြာလက်တွဲခဲ့ဖူးတဲ့  ချဲလ်ဆီးနည်းပြတူချယ်က  အူဘာမီယန်တစ်ယောက် အသင်းခေါင်းဆောင်အဖြစ်က ဖယ်ရှားခံရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဆိုပါတယ်။    ကျွန်တော် အူဘာကို ဖုန်းခေါ်ပြီးစကားပြောဦးမှာပါ။ ထိုနည်းတူစွာပဲ သူစိတ်အနှောင့်အယှက်ဖြစ်မှာလဲစိုးရိမ်မိပါတယ်။ သူက ကျွန်တော့်အတွက် ဒေါ့မွန်မှာ အရမ်းအရေးပါခဲ့တဲ့ ကစားသမားပါ။ နောက်ပြီး ကျွန်တော်တို့ တော်တော်ရင်းနှီးပါတယ်။ အူဘာမီယန်ဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်သလို လူကောင်းတစ်ယောက်လဲဖြစ်ပါတယ်။ အခုဖြစ်သွားတဲ့ကိစ္စအပေါ် စိတ်မကောင်းဖြစ်မိပါတယ်၊ ဒါပေမယ့် ကျွန်တော့်အနေနဲ့ သူရော သူ့အသင်းအပေါ်ရော လေးစားသောအားဖြင့် အမှန်အမှား မှတ်ချက်တွေတော့ ပေးမှာမဟုတ်ပါဘူး   လို့ ပြောဆိုသွားခဲ့ကြောင်း  Football London  ကဖော်ပြပါတယ်။

Advertisements

တီယာနေကောင်းသော်လည်း တိုက်စစ်မှုးမရှိလို့ ငြီးငြူနေကြတဲ့ ပရိတ်သတ်များ

ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ အာဆင်နယ်ပရိတ်သတ်တွေဟာ တီယာနေကို ချီးကျူးနေကြပေမယ့် အသင်းရဲ့တိုက်စစ်ကိုအားမရ‌ကြောင်း ဝေဖန်နေကြတယ်လို့    The Boot Room က စုစည်းဖော်ပြလာပါတယ်။  တီယာနေဟာပွဲတိုင်းလိုလိုမှာ ပြိုင်ဖက်ဧရိယာထဲကို ဖြတ်တင်ဘောတွေ ကန်တင်ပေးနိုင်ပေမယ့် အသုံးချနိုင်မယ့် တိုက်စစ်မှုးမရှိတာကြောင့် ဂိုးတွေဆုံးရှုံးရတယ်လို့ ပရိတ်သတ်တွေက ဆိုနေကြတာပါ။

လာကာဇက်ကို ချီးကျူးထားတဲ့ အာတီတာ

ခေါင်းဆောင်မှုအရည်အသွေးတွေကို ပြသနိုင်ခဲ့တယ်လို့ အာတီတာက လာကာဇက်ကို ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ချီးကျူးလိုက်ပါတယ်။   အလက်ဇန်းဒါးက  အားလုံးရဲ့အနောက်မှာမားမားမတ်မတ်ရှိနေပြီး  အသင်းအတွက် ဂုဏ်ယူစရာကောင်းပြီး ဦးဆောင်နိုင်တဲ့သူဖြစ်ပါတယ်။  သူကစားသွားပုံကိုလည်း ကျေနပ်မိသလို ဦးဆောင်မှုကောင်းကောင်းကိုလည်း ပြသသွားနိုင်ခဲ့ပါတယ်။  လာကာ ဟာ အဝတ်လဲခန်းမှာ လဲ ဒီလိုပါပဲ။  သူရဲ့ လူငယ်ကစားသမားတွေအပေါ်ပြုမူပုံ ၊ ဦးဆောင်မှုပေးပုံ တွေကိုအားလုံးမြင်ကြမှာပါ။  ဒါကသူ့ရဲ့  ပင်ကိုယ်စိတ်ပါပဲ။ သူက လုံးဝ တစ်ကိုယ်ကောင်းမဆန်တတ်ပဲ အခြားသူတွေပိုအဆင်ပြေအောင်ကူညီသူဖြစ်ပါတယ်  လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

နှစ်ဖက်ပရိတ်သတ်တွေရဲ့အပြစ်တင်မှုခံနေရတဲ့ ဒိုင်လူကြီး

အာဆင်နယ်အသင်းနဲ့ ဝက်စ်ဟမ်းပရိတ်သတ်အများစုဟာ ဒိုင်လူကြီး အန်ထော်နီတေလာရဲ့  ဆုံးဖြတ်ချက်တွေအပေါ်မှာ တူညီတဲ့အမြင်ရှိနေကြပြီး ၊ သူ့ရဲ့အရည်အသွေးကို အပြစ်တင်နေကြပါတယ်။ နှစ်ဖက်ပရိတ်သတ်တွေဟာ ကူဖယ်ကို ချမှတ်တဲ့ပစ်ဒဏ်နဲ့ ပယ်နယ်တီပေးခဲ့တဲ့အပေါ်မှာ မှားယွင်းကြောင်းပြောဆိုနေကြပြီး အခြားသောဆုံးဖြတ်ချက်တွေမှာလည်း အားနည်းချက်များစွာရှိတယ်လို့ ဆိုနေကြကြောင်း  Daily Star  က ဖော်ပြသွားပါတယ်။

Advertisements

Leave a Reply

%d bloggers like this: