မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ အာဆင်နယ်ရဲ့ နူနိုတာဗာရက်စ်ကို ဘင်ဂျာမင် မန်ဒီရဲ့နေရာမှာအစားထိုးဖို့အတွက် စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။
လတ်တလောအခြေအနေမှာ မန်ချက်စတာစီးတီးတို့ရဲ့ လူစာရင်းကနေရာစုံမှာ ပြည့်စုံတယ်ဆိုတာထက်ပိုနေတယ်လို့ထင်ရပေမယ့် မန်ဒီရဲ့နေရာကတော့ လွတ်နေဆဲပါ။ လက်ရှိအဖြစ်အပျက်တွေအရတော့ မန်ဒီရဲ့အနာဂတ်က အသင်းမှာမရှိနိုင်တော့တာအမှန်ပါပဲ။ ဒီတော့ ဇင်ချန်ကို က မန်စီးတီးရဲ့ ဘယ်တောင်ပံခံစစ်မှာအသင့်တော်ဆုံးရွေးချယ်စရာဖြစ်လာပါတော့တယ်။
ကန်ဆယ်လိုကလည်း ညာခြမ်းကစားသမားဖြစ်သလို ၊ လိုအပ်ချက်အရ ဘယ်ခြမ်းကိုဝင်ရောက်ဖြည့်တင်းပေးနေပေမယ့် ၊ ပွဲတိုင်းမှာ နေရာပြောင်းကစားနေရတာကရှေရှည်အတွက် ဂွာဒီယိုလာရွေးချယ်ထားတဲ့အရာတော့ဟုတ်ဟန်မတူပါဘူး။
ဂွာဒီယိုလာဟာ ငယ်ရွယ်ပြီး အားပါပြင်းထန်တဲ့ ကစားသမားတစ်ယောက်ကိုရှာဖွေနေရင်း တာဗာရက်စ်ကို မျက်စေ့ကျခဲ့ပုံပါပဲ၊။ ဒါပေမယ့် တာဗာရက်စ်ဟာလည်း သူ့တပည့်ကျော် အာတီတာရဲ့ အာဆင်နယ်ခေတ်တစ်ခေတ်ပြန်လည်ထူထောင်ရေးအစီအစဥ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အခုမှ အာဆင်နယ်နဲ့ ပထမရာသီကိုဖြတ်သန်းနေတုန်းပါ။ လောလောဆယ်မှာ အာတီတာအတွက်လည်းအရေးကြီးတဲ့ ကစားသမာတစ်ယောက်ဖြစ်ပြီး အသင်းမှာလည်း တီယာနေနဲ့ တလှည့်စီနေရာရနေပါတယ်။ ဒီတော့ တာဗာရက်စ်က ဆရာနဲ့ တပည့် တူတူကြိုက်နေကြတဲ့ ကစားသမားဖြစ်ခဲ့တာပါပဲ။

ဒါပေမယ့် တာဗာရက်စ်မှာလည်း ပြသနာကြီးကြီးတစ်ခုရှိနေပါသေးတယ်။ အဲ့တာကတော့ လုပ်ပြချင်စိတ်များနေတာပါပဲ။ ကစားသမားရဲ့ ပင်ကိုယ်အရည်အသွေးက မြင့်မားထဲ့အထဲပါတာကတော့ အငြင်းပွားစရာတစ်ချက်မှ မရှိ။ ဒါပေမယ့် ကိုယ့်စွမ်းအားကိုယ်မထိန်းတတ်သေးတဲ့ တက်သစ်စတစ်ယောက်ရဲ့ ပြသနာက တာဗာရက်စ်မှာ ထင်ထင်ရှားရှားရှိနေပါတယ်။ ဒီအချက်ကတော့ အာတီတာဖြစ်စေ ၊ ဂွာဒီယိုလာဖြစ်စေ ကိုင်တွယ်ရမယ့်အချက်ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ပတ်မှာ ပေါင် ၃၀၀၀၀ ရရှိနေတဲ့ ၊ ဘောလုံးကစားတာတောင် ၃ ရာသီမပြည့်သေးတဲ့လူငယ်လေးကတော့ ကမ္ဘာကျော်နည်းပြတွေရဲ့မျက်လုံးအောက်ကိုရောက်ရှိနေခဲ့ပါပြီ။ အစောတလျင်အသင်းမပြောင်းသေးဘူးလို့ ယူဆရပေမယ့် ခေတ်သစ်ဘောလုံးရဲ့ထုံးစံအတိုင်း နာမည်ကျော်ကြားမှုနဲ့အခွင့်အရေးရှိနိုင်မှုတွေပေါ်မူတည်ပြီး အာဆင်နယ်တို့ အပေါ် တောင်းဆိုမှုတွေရှိလာမှာကတော့ဖြစ်နေကျ ကိစ္စတစ်ခုအဖြစ် ပေါ်ထွက်လာမယ့်ပုံပါပဲ။
လက်ရှိပြနေတဲ့ခြေစွမ်းရယ် ၊ စိတ်ဝင်စားတဲ့အသင်းရဲ့အနေအထားရယ်နဲ့တွက်ရင်တော့ ၈ သန်းတန် ပေါ်တူဂီသားလေးက အာဆင်နယ်အတွက်အမြတ်အစွန်းကိုဖန်တီးပေးမှာအသေအချာပါပဲ။ ဒါပေမယ့် ဆက်လက်ထိန်းသိမ်းချင်ရင်လဲ စာချုပ်သစ်တောင်းဆိုမှုတွေကို ဖတ်ရဦးမှာပါ။ အခုအခြေအနေအရတော့ နေ့တိုင်းမှာ တာဗာရက်စ်သတင်းပါနေပါတယ်။
Ref – Abiola Peter (EPLFans UK) Pep Guardiola Man City keen on Signing £30,000 a week Arsenal defender