ရက်တိုတိုအတွင်း ဂယက်ကြီးကြီးရိုက်သွားခဲ့တဲ့ အသင်းခေါင်းဆောင်ကိစ္စ

အာဆင်နယ်ဟာ အသင်းရဲ့ကပ္ပတိန်အူဘာမီယန်းကို စည်းကမ်းချိုးဖျက်မှုကြောင့် ဆောက်သမ်တန်နဲ့ပွဲမှာ ချန်လှပ်ခဲ့သလို  အသင်းခေါင်းဆောင်အဖြစ်ကနေ အပြီးရပ်စဲကြောင်း ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

 ဒီအပတ်အာဆင်နယ်အသင်းရဲ့    Hot Issue ကတော့အသင်းခေါင်းဆောင်ကိစ္စပဲဖြစ်ခဲ့ပါပြီ။ တိုက်စစ်မှုးခေါ်ယူရေး ၊ မာတင်နယ်လီကိုနေရာပေးရေး ၊ အာဖရိကဖလားအတွက်ကြိုတင်ပြင်ဆင်မှု စတာတွေအကုန်လုံးက နောက်ရောက်သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့သီတင်းပတ်က စည်းကမ်းမလိုက်နာမှုကြောင့် အူဘာမီယန်းဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်တစ်‌ယောက်ကရပ်စဲလိုက်ပြီဖြစ်ပါတယ်။ ၀က်စ်ဟမ်းနဲ့ပွဲစဉ်မှာလည်း အူဘာမီယန်းကို ထည့်သွင်းမှာမဟုတ်ပါဘူး”

အသင်းမှာရှိတဲ့ ကစားသမားတွေအားလုံး၊ အထူးသဖြင့် ခေါင်းဆောင်တစ်ယောက်ဟာ အသင်းက စံသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့သဘောတူညီချက်တွေကို လိုက်နာဖို့ မျှော်လင့်ပါတယ်။ကျွန်တော်တို့အားလုံး လာမယ့် ကစားပွဲကို အပြည့်အ၀ အာရုံစိုက်သွားမှာပါ”  

အာတီတာရဲ့ ပြောစကားကိုထုတ်နှုတ်ထားတဲ့သတင်းအပိုင်းအစတွေဟာ ဆိုရှယ်မီဒီယာမှာ ပလူပျံသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် မေးခွန်းထုတ်လာမှုတွေကို‌တော့ အာတီတာက နာကျင်စရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်တော့်မှာ အများကြီးတော့ ပြောစရာမရှိပါဘူး။အသင်းရဲ့ ထုတ်ပြန်ချက်က ရှင်းလင်းပါတယ်။နောက်ဆုံး သူပြုလုပ်ခဲ့တဲ့ လုပ်ရပ်ပေါ်မူတည်ပြီး ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့အားလုံးချခဲ့တာဖြစ်ပါတယ်။ဒါက ကျွန်တော်တိုရဲ့ရပ်တည်မှုဖြစ်သလို အသင်းရဲ့အဆင့်အတန်းပါပဲ။”

ဒီကိစ္စကြီးကို အစာကြေဖိုဆိုတာ အချိန်အတော်ယူရပါမယ်။ကျွန်‌တော်တို့အတွက် တကယ်ကိုခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပြီး  နာကျင်စရာလည်းကောင်းပါတယ်။ဒီနာကျင်မှုတွေ သက်သာဖို့ အချိန်တစ်ခု ယူရပါဦးမယ်။”

“ဒီလိုမျိုး အလောတကြီးဆုံးဖြတ်ချက်တွေချဖို သင့်တော်တဲ့အချိန်တော့မဟုတ်ပါဘူး။ဒါဟာတကယ်ကို ပျော်စရာမကောင်းတဲ့ အချိန်အခါတစ်ခုပါပဲ”လို့ အာတီတာ က ပြောခဲ့ပါတယ်။

Advertisements

ပြီးခဲ့တဲ့သီတင်းပတ်က အူဘာမီယန်းကျူးလွန်ခဲ့တဲ့ စည်းကမ်းချိုးဖောက်မှုဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ ဒီနှစ်အစောပိုင်းမှာလည်း စည်းကမ်းမလိုက်နာမှုကြောင့် အူဘာဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ပြီး အပြစ်ပေးခံခဲ့ရပါသေးတယ်။

ဆောက်သမ်တန်နဲ့ပွဲစဉ်အပြီးမှာ Sky Sports  ရဲ့ နာမည်ကျော်ဘောလုံးသုတေသီ အာဆင်နယ်ဂန္တဝင် ပေါလ်မာဆင်က ဒီကိစ္စနဲ့ပတ်သက်ပြီး အူဘာမီယန်းရဲ့ဦးဆောင်မှု ပြဿနာဟာ အာဆင်နယ်အတွက် အဓိက ပြဿနာဖြစ်ပြီး အသင်းခေါင်ဆောင်အသစ် ရှာဖွေသင့်ပြီလို့ အကြံပေးခဲ့ပါတယ်။ကစားသမားရဲ့ ခြေစွမ်း၊ ဦးဆောင်မှုနဲ့စည်းကမ်းလိုက်နာမှုတို့ဟာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး ရလဒ်ကောင်းတွေရဖို့ ရုန်းကန်နေရတဲ့ အသင်းအတွက် အလျင်အမြန်ဆုံးဖြတ်ချက်ချဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စအပေါ်အသင်းရဲ့တာ၀န်ရှိသူတွေနဲ့ ကစားသမားတို့ဟာ နှစ်ဦးနှစ်ဖက် ပြောဆိုဆွေးနွေးမှုတွေရှိခဲ့ကြပြီး အပြီးမှာတော့ အသင်းဟာ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့ပုံရပါတယ်။

အသင်းရဲ့ဆုံးဖြတ်ချက်အပေါ် ပရိသတ်တွေကတော့ လူမှုကွန်ယက်တွေပေါ်မှာ ထောက်ခံကြောင်း ရေးသားပြောခဲ့ကြပါတယ်။ နောက်ဆက်တွဲဖြစ်စဥ်အဖြစ် အသင်းရဲ့ လူငယ်ကစားသမား တီယာနေးကို အာဆင်နယ်ရဲ့ ကပ္ပတိန်လက်ပတ်နဲ့ ‌ထိုက်တန်သူကြောင်း ပရိသတ်အများစုက မှတ်ချက်ပေးထားကြပါတယ်။

၂၀၂၀မှာ အူဘာဟာ အသင်းနဲ့၃နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး လစာအများဆုံးရနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ဒီကိစ္စကြောင့် အူဘာရဲ့ အမ်းမရိတ်အနာဂတ်ဟာ မသေမချာဖြစ်လာသလို အဝတ်လဲခန်းရဲ့တည်ငြိမ်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိစေမှာ ဖြစ်ပါတယ်။ အသင်းကို  FA ဖလားရစေခဲ့တဲ့  အသင်းခေါင်းဆောင်တစ်ယောက်အကြောင်းကတော့ ခပ်မြန်မြန်ပဲ အတိတ်ဖြစ်ခဲ့ပါပြီ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: